အိမ်ရောက်တော့ လင်းဖန်ရှကmission တွေအတွက် plan ချနေသည်။ ရွှေရောင်ကြယ်ရင်ထိုး ရဖို့ဆိုင်တော့ ဒီလကုန် ဖြေမယ့်စာမေးပွဲမှာ အမှတ်ကောင်းဖို့လိုသည်။
STAR private Uni မှာ တက်ဖို့ဆိုရင် စာမေးပွဲတိုင်းမှာ တော်တော်လေး အမှတ်ကောင်းဖို့လိုသည်။
စာမေးပွဲ ဆိုတာနဲ့ လူက ခေါင်းမူးလာသလိုလို သွေးတိုးလာသလိုလို ဆိုတော့လည်း သိပ်တော့လည်း အဆင်ပြေမနေ။
တစ်နေကုန် ပင်ပန်းထားလို့ ခဏလောက် အိပ်မယ်ဆိုနေမှ လင်းအိမ်တော်ကို ရောက်လာတဲ့ ဇာတ်လိုက်ကြောင့် ထနေရသေးတယ်။
သေချာတယ် သူ့လင်နား သွားထိုင်လို့ ရောက်လာတာနေမှာ။
ဒီလောက်ကတော့ လင်းဖန်ရှ တို့ပေါက်ပြီးသား..။ဒါပေမဲ့လည်း မသိချင်ယောင် ဆောင်ပြီး မေးရတာပေါ့။
" ၀မ်းကွဲအကို က ဒီကို ဘာကိစ္စရှိလို့လဲ"
" အဟမ်း....ဟို..ဘာလို့နောက်ဆုံးကို ပြောင်းထိုင်တာလဲ..ထိုင်ရတာကော အဆင်ပြေရဲ့လား..ပိုင်မော့ရှင်းနဲ့ ဘယ်လိုသိတာလဲ "
ထင်တဲ့အတိုင်း မေးခွန်းက ဒီဘူတာပဲ ဆိုက်တယ်..
" အစ်ကို ဒါတွေမေးဖို့ အိမ်ထိရောက်လာတာလား "
ရှောင်ဖုံးအနေနဲ့ ဒီကမ္ဘာစရောက်တုန်းက ဇာတ်လိုက်ကော ဒုဇာတ်လိုက်ကော ကို အမြင်မကြည်ပေ။။ဒါပေမဲ့လည်း ကျိုးဝေ့ရှင်းကို ပိုင်မော့ရှင်းနဲ့ CP တွဲပေးရမှာဆိုတော့လည်း...။
မား က သားလေးတို့ကို..ချစ်ပါတယ်..။" ပိုင်မော့ရှင်းနဲ့ သိတာ မကြာသေးပါဘူး..သိတယ်မလား ပိုင်မော့ရှင်းနဲ့ ညီမလေး အဖြစ်က ဆင်တယ်လေ ..အစ်ကို ကဘာဖြစ်လို့မေးတာလဲ "
အဖြစ် ဆင်တယ်ဆိုတာ လင်းဖန်ရှက ကျန်းစစ်ရှန့်ကို ကြိုက်ပေမဲ့လည်း ဟိုက ပြန်မကြိုက်။ ပိုင်မော့ရှင်းကြတော့လည်း ကျိုးဝေ့ရှင်းကို ကြိုက်ပေမဲ့ ကျိုးဝေ့ရှင်းက ပြန်မကြိုက်။
လင်းဖန်ရှ အဲ့လိုပြောလိုက်တော့ ရုတ်တရက် ကျိုးဝေ့ရှင်း ရဲ့ မျက်နှာက ဖြူဖျော့သွားသည်။
YOU ARE READING
Villain System
Fantasy"Host.. အခု villain systemထဲကိုရောက်နေတာပါ" "ကောင်းပြီလေ ငါအခုဘယ်ဘ၀ထဲကိုဝင်ရမှာလဲ" "Hostကိုဘာမှမရှင်းပြရသေးဘူးလေး" ရှောင်ဖုံးက၀ါရငိ့သမားလေသံနဲ့ "အိုက်ယား ပေါက်စီလေးရေ ဘာမှရှင်းပြစရာမလိုဘူး ငါလေးက system ficတွေကို ဖွတ်ဖွတ်ညက်...