Long time no see ဘေးဘေ တို့
ရှောင်ဖုံးချာချာလည်ပြီးနောက်ပိုင်းမှာတော့ သူမကိုယ်က အခြေကျငြိမ်သွားသည်။ ဒါပေမဲ့ လည်း သူမရှေ့မှာမြင်ရတဲ့မြင်ကွင်းက ...သူမလို နောက်ဘယ်နှစ်ဘ၀ပြောင်းပြောင်း သင်္ချာ ဟူသော ဘာသာကို မုန်းနေသော သူမအတွက် သိပ်တော့အဆင်ပြေမနေ။ ဟုတ်ပါတယ် သူမရောက်နေတာ စာသင်ခန်းထဲမှာဖြစ်ပြီး ဆရာမတစ်ယောက်က whiteboard ပေါ်တွင် သင်္ချာ ပုစ္ဆာများကို သေသေချာချာရှင်းပြနေသည်။
ဆရာမစာရှင်းတော့လည်း ကောင်းတာပေါ့ ။ သူမဒီကမ္ဘာရဲ့ ဇာတ်ကြောင်းကို အေးဆေးဖတ်လို့ရသည်။ ဒါကြောင့်သူမ စိတ်ထဲကနေ ပေါက်စီလေးကို ခေါ်လိုက်သည်။[ ပေါက်စီလေး..ဒီကမ္ဘာရဲ့ ဇာတ်ကြောင်းတွေပို့ပေးတော့]
[ ဟုတ်ကဲ့..ပို့ပေးနေပါပြီ Host]
အိုက်ယား...ဖြည်းဖြည်း လုပ်ပါဟ..ခေါင်းကိုပိတ်ရိုက်နေတဲ့အတိုင်းပဲ။
ခေါင်းထဲဝင်လာတဲ့ မှတ်ညဏ်တွေကြောင့် ရှောင်ဖုံး ညည်းညူမိသည်။ပြီးတော့ ရှောင်ဖုံး သူမဆီရောက်လာတဲ့ အချက်အလက်တွေကို ဖတ်လိုက်သည်။
ဒီကမ္ဘာကတော့ ရိုးရိုးပါပဲ။
အထက်တန်းကျောင်းတွင်း အချစ်ဇာတ်လမ်းလေး။ ခေက်ရိုးကျိုးပြီး ဟောင်းနွမ်းနေတဲ့ logicလေးပါ ။ လူချမ်းသာအသိုင်းအ၀ိုင်းက ကလေးတွေသာ တက်နိုင်သော private အထက်တန်းကျောင်းကို ဇာတ်လိုက်မက scholarship နဲ့ ဝင်လာလေသည်။ အထက်တန်းကျောင်းနာမည်က Star Private High School
ပါ။ ဒီအထက်တန်းကျောင်းက ကျောင်းသား ကျောင်းသူတွေရဲ့ ဝတ်စုံတိုင်းမှာ ကြယ်ရင်ထိုးလေးရှိသည်။ ကြယ်ရင်ထိုးကလည်း သုံးမျိုးသုံးစားရှိသည်။ ပထမကြယ်ရင်ထိုးက
ရွှေရောင်ကြယ်ရင်ထိုး ဖြစ်ပြီးတော့ အဲ့ ရွှေရောင်ကြယ်ရင်ထိုး ကိုပိုင်တဲ့ ကျောင်းသား ကျောင်းသူတွေက Top 1 to 10 အတွင်းဝင်ပြီး စာအလွန်တော်တဲ့ ကျောင်းသားကျောင်းသူတွေပေါ့။
ဒုတိယကြယ်ရင်ထိုးကတော့ ငွေရောင်ကြယ်ရင်ထိုး ဖြစ်ပြီး ထိုငွေရောင်ကြယ်ရင်ထိုးကို ပိုင်တဲ့သူတွေကတော့ သာမန် သို့်မဟုတ် အဆင့် 11 to 25 လောက် ၀င်င်သည့် ကျောင်းသားကျောင်းသူမျိုးပင် ။
နောက်ဆုံးကြယ်ရင်ထိုးကတော့ ကြေးရောင်ကြယ်ရင်ထိုး ပင်ဖြစ်သည်။ ထို ကြေးရောင်ကြယ်ရင်ထိုး ပိုင်ရှင်များကတော့ ကျောင်းရဲ့ အဆင့်အနိမ့်ဆုံးကျောင်းသားများပင် ။
ပြီးတော့ ထိုကြေးရောင်ကြယ်ရင်ထိုး ပိုင်ရှင်များသည် ကျောင်းရဲ့ အနိုင်ကျင့်ခံလူတန်းစာများပင်။ star private ကျောင်းကို တက်ရောက်လာသည့် မည်သူမဆို ကြေးရောင်ကြယ်ရင်ထိုး ဘ၀ကနေစသည်။ ထိုမှတစ်ဆင့် သူတို့၏ကြိုးစားအားထုတ်မှုကြောင့် ငွေရောင် ၊ ရွှေရောင် ကြယ်ရင်ထိုး များကို ရကြသည်။ ကြေးရောင်ကြယ်ရင်ထိုး ပိုင်ရှင်များများသည် ရွှေရောင် ငွေရောင် ကြယ်ရင်ထိုးပိုင်ရှင်တို့၏ အနိုင်ကျင့်မှုကို ခံရသည်။ ငွေကြယ်ရင်ထိုး ပိုင်ရှင်များကတော့ အလယ်အလတ်များပင်။ သူတို့ကို ရွှေရင်ထိုး ပိုင်ရှင်တွေက အနိုင်ကျင့်ပြီး သူတို့ကတော့ ကြေးရင်ထိုးပိုင်ရှင်များကိုအနိုင်ကျင့်လို့ရသည်။
အခွင့်ထူးခံလူတန်းစားကတော့ ရွှေရင်ထိုးပိုင်ရှင်များပင်။
YOU ARE READING
Villain System
Fantasy"Host.. အခု villain systemထဲကိုရောက်နေတာပါ" "ကောင်းပြီလေ ငါအခုဘယ်ဘ၀ထဲကိုဝင်ရမှာလဲ" "Hostကိုဘာမှမရှင်းပြရသေးဘူးလေး" ရှောင်ဖုံးက၀ါရငိ့သမားလေသံနဲ့ "အိုက်ယား ပေါက်စီလေးရေ ဘာမှရှင်းပြစရာမလိုဘူး ငါလေးက system ficတွေကို ဖွတ်ဖွတ်ညက်...