နေ့လည် ထမင်းစားချိန်ရောက်တော့ လင်းဖန်ရှ မှန်းထားတဲ့အတိုင်းပဲ ပိုင်မော့ရှင်းက လက်ထဲမှာ မုန့်ထုတ်တွေနဲ့ ဖျော်ရည်ဘူးနဲ့ ကန်တင်းကို ရောက်လာသည်။ လင်းဖန်ရှအနေနဲ့ ပေးတဲ့သူကို သိပေမဲ့လည်း မသိချင်ယောင်ဆောင်ပြီး မေးလိုက်သည်။
" အမယ်...မုန့်ထုတ်တွေနဲ့ ဘယ်သူပေးလိုက်တာလဲ "" မသိဘူး ..locker ထဲက တွေ့တာ "
" အော်.."
တုံးလိုက်တာ ငါ့သားရယ်..ပိုင်မော့ရှင်းနဲ့ လင်းဖန်ရှ စကားပြောနေတုန်း မုရွှယ်ရွှယ်က သူတို့ဘက်ကို လျှောက်လာနေသည်။ လင်းဖန်ရှတို့ နှစ်ယောက် ထိုင်တဲ့နေရာနဲ့ မျက်စောင်းတိုးမှာ ကျန်းစစ်ရှန့်နဲ့ ကျိုးဝေ့ရှင်း က ထိုင်နေတော့ မုရွှယ်ရွှယ်က အဲ့ဝိုင်းကို သွားတယ်ထင်လိုက်ပြီး လင်းဖန်ရှက သိပ်ဂရုမစိုက်လိုက်ဘူး။ပြသာနာက အဲ့မှာစတာပဲ..။ မုရွှယ်ရွှယ်က လင်းဖန်ရှ နဲ့ပိုင်မော့ရှင်း ထိုင်နေတဲ့နားကို မရောက်သေးခင်မှ ကျောင်းသူတစ်ယောက်က မုရွှယ်ရွှယ်ကို ခြေထိုးခံလိုက်သည်။
အဲ့မှာ မုရွှယ်ရွှယ်က လင်းဖန်ရှရဲ့ အနားကို လဲကျသွားတာပဲ။
ခက်တာက မုရွှယ်ရွှယ်လက်ထဲမှာ ဖျော်ရည်ဘူး ပါနေပြီး အဲ့ဖျော်ရည်တွေက လင်းဖန်ရှ အပေါ်ကို မှောက်ကျသွားတာပဲ။လင်းဖန်ရှ-"..."
ငါ့ဘာသာငါ ထိုင်နေတာလေဟာ...
မုရွှယ်ရွှယ်ကတော့ သနားစရာကောင်းအောင် အတင်းထပြီး တောင်းပန်ရှာပါတယ်..။" အားရှ...ငါ..ငါ..တောင်းပန်ပါတယ်....ငါ..မရည်ရွယ်ပါဘူး..တောင်းပန်ပါတယ်..ဟင့်.."
လင်းဖန်ရှကတော့ တော်တော်တင်းနေပြီဖြစ်သည်။
စွကမရယ် ဖျော်ရည်နဲ့ အပက်ခံလိုက်ရတာ..ငါပါဟာ..နင်မဟုတ်ဘူး..
သူ့ခမျာ မုရွှယ်ရွှယ်ကိုလည်း ပြန်မပြောအားသေးဘူး
တစ်ရှူးနဲ့အကျီင်္ကို သုတ်နေရတာ..။
အဲ့အချိန်မှာပဲ..ကျိုးဝေ့ရှင်းကြီးရောက်ချလာပါတယ်။ မုရွှယ်ရွှယ် အနားကို။
ကျိုးဝေ့ရှင်းက မုရွှယ်ရွှယ်ကို မတ်တပ်ရပ်နိုင်အောင် ကူပေးလိုက်သည်။ မုရွှယ်ရွှယ်မျက်နှာကတော့ ကျေနပ်ပြုံးကြီးက အထင်းသား။
YOU ARE READING
Villain System
Fantasy"Host.. အခု villain systemထဲကိုရောက်နေတာပါ" "ကောင်းပြီလေ ငါအခုဘယ်ဘ၀ထဲကိုဝင်ရမှာလဲ" "Hostကိုဘာမှမရှင်းပြရသေးဘူးလေး" ရှောင်ဖုံးက၀ါရငိ့သမားလေသံနဲ့ "အိုက်ယား ပေါက်စီလေးရေ ဘာမှရှင်းပြစရာမလိုဘူး ငါလေးက system ficတွေကို ဖွတ်ဖွတ်ညက်...