" ကိုယ်တော်က မိဖုရားတစ်ယောက်တည်းနဲ့တင် လုံလောက်ပါပြီ "
အဲဒီနောက် သူတို့နှစ်ယောက်စလုံး လမ်းလျှောက်နေတာ ရပ်ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် အကြည့်ချင်းဖလှယ်လိုက်သည်။ မင်စစ်ရန်က ရှောင်ဖုံးကို ကြည့်ရင်း ဆက်ပြောလိုက်သည်။
" မိဖုရားရဲ့ ဆန္ဒ နုဲ့ သဘောက ကိုယ်တော်ရဲ့ ဆန္ဒ နဲ့ သဘောပဲ မိဖုရားဘယ်လိုဖြစ်စေချင်လဲ "
ရှောင်ဖုံးကတော့ မလှုတ်မယှက် တောင့်တောင့်ကြီးရပ်နေဆဲပဲ။ တစ်ကယ်တမ်းက မင်စစ်ရန်ပထမဆုံး ပြောတဲ့ စကားနဲ့တင် ရင်ထဲမှာပန်းတွေပွင့်နေတာဖြစ်သည်။ အခုသူမက မသိမသာလေးပရိုပို့စ် လုပ်ခံရတာလေ။
နောက်ဆုံးတော့ ငါလေးစွံသွားပြီပေါ့..စိတ်ထဲက အပျော်တွေကို ဖုံးရင်းဖိရင်း ရှောင်ဖုံး မင်စစ်ရန်ကို ပြောလိုက်သည်။
" ဒီမိဖုရားက အရှင်ရဲ့ ကိစ္စတွေကို ၀င်မစွက်ဖက်ဝံ့ပါဘူး
ပြီးတော လီမင်းသမီးကလည်း လီတိုင်းပြည်က ဆက်သတဲ့ လက်ဆောင်တစ်ခုပါ အရှင်ငြင်းလိုက်ရင် ရိုင်းရာကျသွားပါလိမ့်မယ် "" မိဖုရားက အဲ့လိုထင်တယ်ပေါ့ ...မိဖုရားသိလား..နှုတ်ကနေတော့ စကားလုံးတေနဲ့ လိမ်ညာလို့ရတယ်...ဒါပေမဲ့ မျက်ဝန်းကတော့ လိမ်ညာလို့မရဘူး..မိဖုရားရဲ့မျက်ဝန်းတေက ကိုယ်တော်ကို အခြားတစ်ယောက်နဲ့ ပျော်နေတာမမြင်ချင်ဘူးလို့ပြောနေတယ်.."
လခွမ်းတဲ့မှ..ပြောတတ်လိုက်တာ ဇာတ်လိုက်ရယ်..
ဒါနဲ့ ဘာလို့လေထုက တစ်မျိုးကြီးပြောင်းနေတာလဲ ။
အနောက်က အပျိုတော်တစ်သိုက်ခမျာ FA ပီသစွာဖြင့် မကြာခင်roတော့မည့် လေထုနှင့် သိပ်အသားမကျသေးပေ။ရှောင်ဖုံးကတော့ ဇာတ်လိုက်ရဲ့ ရုတ်တရက်စကားလုံးနဲ့ တိုက်ခိုက်မှုကြား..ဆွံ့အနေသည်။
[ ပေါက်စီလေး တစ်ကယ်လို့ ဇာတ်လိုက်က ငါ့ကို ဖွင့်ပြောလာရင် မငြင်းခိုင်းနဲ့နော်]
YOU ARE READING
Villain System
Fantasy"Host.. အခု villain systemထဲကိုရောက်နေတာပါ" "ကောင်းပြီလေ ငါအခုဘယ်ဘ၀ထဲကိုဝင်ရမှာလဲ" "Hostကိုဘာမှမရှင်းပြရသေးဘူးလေး" ရှောင်ဖုံးက၀ါရငိ့သမားလေသံနဲ့ "အိုက်ယား ပေါက်စီလေးရေ ဘာမှရှင်းပြစရာမလိုဘူး ငါလေးက system ficတွေကို ဖွတ်ဖွတ်ညက်...