အခုကစပြီး ချင်လော့ရှန်းအစား ရှောင်ဖုံးလို့ပဲ သုံးပါတော့မည်။
ရှောင်ဖုံးရေချိုးပြီးတော့ အပျိုတော်တွေက သူမကို အ၀တ်အစားဝတ်ရာတွင်ကူညီပေးနေသည်။ရှောင်ဖုံးကတော့ ရှေးခေတ်ဝတ်စုံတွေကိုကြည့်ပြီး ချွေးတွေကိုပင်ပျံနေတော့သည်။
'အဆင်ပြေမနေဘူးနော်..နင်တို့ရှေးခေတ်ဝတ်စုံတွေကိုဝတ်နေရတာ ငါလေးတစ်ကယ်ကို အဆင်ပြေမနေဘူးနော်'
ဝတ်စုံဝတ်ပြီးသွားချိန်မှာတော့ ရှောင်ဖုံး သူမကိုယ်သူမ မှန်ထဲတွင် တစ်ချက်ရှိုးလိုက်သည်။
"Oh my god!! ငါလေးစောက်ရမ်းချောနေတယ်ဟ"
အပျိုတော်တစ်သိုက်ခမျာ သူမတို့ မင်းသမီးလေးရဲ့ စကားကြောင့် ခဏတာကြောင်အသွားလေသည်။
'ငါတို့ မင်းသမီးလေး ဘာစကားတွေပြောနေတာလဲ??😢'
၂၁ရာစုက စကားတွေပါ ချိမတို့ရယ်။
ရှောင်ဖုံးကတော့ ဂါဝန်ုကြီးမပြီး သူမ မယ်တော်ရှိမယ့် နန်းဆောင်ကို ချီတက်လာလေတော့သည်။ဒီကြားထဲလမ်းသာလျှောက်နေတာ မျက်လုံးက ဟိုကြည့်လိုက် ဒီကြည့်လိုက်
အဆင်လေးတွေများရှာတွေ့မလားလို့ပေါ့။သူမလမ်းလျှောက်နေစဉ်မှာပင် သူမရဲ့system ပေါက်စီလုံးလေးက စကားလာပြောသည်။
[မူလ ချင်လော့ရှန်းက ယဉ်ကျေးသိမ်မွေ့တဲ့ မိန်းကလေးပါ Host]
ရှောင်ဖုံးကလည်း ပြန်ပက်သည်။
[အဲ့တော့ ငါက ဘာလုပ်ရမှာလဲ?? ငါကချင်လော့ရှန်းမှ မဟုတ်တာ။ I am ပေ့ရှောင်ဖုံး ok..ငါ့နည်းနဲ့ငါ့ဟန်ပဲ]
ပေါက်စီလေးတစ်ကယ်ကို ငိုချင်နေပါပြီနော်😩😩
ရှောင်ဖုံးသူမ မယ်တော်နန်းဆောင်ကို ရောက်တော့ မယ်တော်အပြင် ဘုရင်ကြီးပါရှိနေသည်။
YOU ARE READING
Villain System
Fantasy"Host.. အခု villain systemထဲကိုရောက်နေတာပါ" "ကောင်းပြီလေ ငါအခုဘယ်ဘ၀ထဲကိုဝင်ရမှာလဲ" "Hostကိုဘာမှမရှင်းပြရသေးဘူးလေး" ရှောင်ဖုံးက၀ါရငိ့သမားလေသံနဲ့ "အိုက်ယား ပေါက်စီလေးရေ ဘာမှရှင်းပြစရာမလိုဘူး ငါလေးက system ficတွေကို ဖွတ်ဖွတ်ညက်...