ဇာတ်လိုက်မက တော်တယ်လို့ပြောရမယ်။ ဘာလို့လဲဆိုတော့ မဲမှောင်သွားတဲ့မျက်နှာကို အပြုံးလေးတစ်ပွင့်နဲ့ ပြန်ပြင်နိုင်တယ်လေ
"မင်းကြီးကဒီကိုလာမှာလား"
ရှောင်ဖုံးနှုတ်ခမ်းတွန့်ရုံသာပြုံးလိုက်သည်။ ဇာတ်လိုက်မက သူမရဲ့ အကွက်ထဲဝင်လာပြီလေ။
" ဟုတ်တယ်လေ ဒုမိဖုရားမသိဘူးလား..သြော်..မေ့နေတာ ဒုမိဖုရား နဲ့ မင်းကြီးက မတွေ့ရသေးတာကိုး"
ရှောင်ဖုံးက ဇာတ်လိုက်မ ကို.မင်္ဂလာ ဦးညမှာ မင်စစ်ရန်ကသူမ(ကျောက်ချင်းယွီ) ဆီကို ရောက်မလာခြင်းကို သွယ်ဝိုက်ပြောလိုက်ခြင်းပင်။
အရင်ဇာတ်ကြောင်းမှာက ကျောက်ချင်းယွီက ဇာတ်လိုက်က သူမဆီကို လာတယ်ဆိုပြီး ဘ၀င်လေဟပ်နေတာလေ။ အခုတော့ အဲ့လိုမဟုတ်တော့ အထိနာတဲ့သူက ကျောက်ချင်းယွီ ဖြစ်နေသည်။
ရှောင်ဖုံး ကြည့်ရသလောက် ကျောက်ချင်းယွီ ရဲ့ မျက်နှာက တော်တော်လေးကို ဆိုးရွားနေလေပြီ။
မကြာပါဘူး ညီလာခံပြီးလို့ မင်စစ်ရန်က ရှောင်ဖုံးရဲ့ နန်းဆောင်ကို ရောက်လာသည်။ ရှောင်ဖုံးနဲ့ ချင်းယွီ လည်း
ထိုင်နေရာကနေထပြီးတော့.ဂါရ၀ပြုရတာပေါ့။" ချင်းယွီ မင်းကြီးကို ဂါရ၀ပြု ပါတယ်။"
" လော့ရှန်းလည်းမင်းကြီးကို ဂါရ၀ပြုပါတယ်"
ဂါရ၀ပြုပြီးတော့ ကျောက်ချင်းယွီက မင်စစ်ရန် နားကိုသွားလိုက်သည်။ သို့သော်လည်း ချင်းယွီက လမ်းတစ်ဝင်လောက်မှာပဲ ခြေခေါက်၍လဲကျသွားသည်။
စလာပါပြီ..မာယာတွေ....
ရှောင်ဖုံးကတော့ ဇာတ်လိုက်မရဲ့ အကြံကို စိတ်ထဲကနေပဲ လှောင်ရယ်နေလိုက်သည်။
မင်စစ်ရန်ကတော့ ကျောက်ချင်းယွီက သူ့ရှေ့မှာ လဲကျသွားတာကြောင့် အမြင်မတော်လို့ထင်ပါရဲ့ သွားထူပေးလိုက်သည်။ တစ်ကမ်းတမ်းသူ့အကြံက ရှောင်ဖုံးကို စချင်လို့ဖြစ်သည်။ သ၀န်များတိုလေမလားလို့ပေါ့....
YOU ARE READING
Villain System
Fantasy"Host.. အခု villain systemထဲကိုရောက်နေတာပါ" "ကောင်းပြီလေ ငါအခုဘယ်ဘ၀ထဲကိုဝင်ရမှာလဲ" "Hostကိုဘာမှမရှင်းပြရသေးဘူးလေး" ရှောင်ဖုံးက၀ါရငိ့သမားလေသံနဲ့ "အိုက်ယား ပေါက်စီလေးရေ ဘာမှရှင်းပြစရာမလိုဘူး ငါလေးက system ficတွေကို ဖွတ်ဖွတ်ညက်...