လက်ထပ်ပွဲကတော့ ဇာတ်ကြောင်းအတိုင်းပဲ ။ရှောင်ဖုံးကို မိဖုရားခေါင်ကြီး မြောက်ပြီတော့ ဇာတ်လိုက်မကိုတော့ ဒုမိဖုရားမြောက်သည်။
ဇာတ်ကြောင်းအတိုင်း မဟုတ်တာ မင်္ဂလာဦးညပဲ။ ဇာတ်လိုက် က ဇာတ်လိုက်မဆီမသွားပဲ ရှောင်ဖုံးဆီရောက်လာတယ်လေ။
ရှောင်ဖုံးအနားမှာ မယ်တော်ကြီးရဲ့ အပျိုတော်တစ်ချို့ရှိတယ်လေ။ ရှောင်ဖုံးကတော့ မင်စစ်ရန် မလာဘူးထင်ပြီး ပုဝါကိုဖယ်ပြီး အိပ်ဖို့လုပ်သည်။ ဒါပေမဲ့လည်း မယ်တော်ကြီးရဲ့ အပျိုတော် တွေက မင်္ဂလာ ထုံးတမ်းနဲ့ အညီ ရှောင်ဖုံး ကို သတိုးသား အလာကိုစောင့်ပြီး ပုဝါကို သတိုးသားဖယ်ပေးရမည်ဖြစ်ကြောင်း ပြောပြီး ရှောင်ဖုံး ကို ခုတင်ပေါ်တွင် ထိုင်စောင့်နေစေသည်။ အပျိုတော်တွေကလည်း ဖြစ်သမျှ မယ်တော်ကြီးကို တင်ပြရဦးမှာလေ။
ရှောင်ဖုံးကတော့ ဇာတ်လိုက်မလာဘူးအထင်နှင့် စိတ်ထဲမှ လှောင်ရယ်နေသည်။
လုပ်လေ..နင်တို့် တစ်ညလုံးထိုင်စောင့်လို့ မိုးလင်းသွားရင်တောင် မင်စစ်ရန်က ငါ့ဆီကို ခြေဦးတောင်လှည့်မှာ မဟုတ်ဘူးဟဲ့..အသိတရားလေးရကြစမ်းပါ..
သို့သော်လည်း များမကြာမီအချိန်တွင် ဇာတ်လိုက် မင်စစ်ရန်သည် မိဖုရားခေါင်ကြီး နန်းဆောင်သို့ ရောက်လာလေသည်။
အိမ်ရှေ့မင်းသား..အဲ..အခုတော့ မင်းကြီးဖြစ်သွားပြီပေါ့။ မင်းကြီး ရောက်လာတော့ အပျိုတော်တွေအကုန်လုံး ထွက်သွားကြသည်။
သနားစရာ ပေ့ရှောင်ဖုံးလေး ခမျာ မှန်းချက်နဲ့ နှမ်းထွက် လွဲသွားလေသည်။[ ပေါက်စီလေး..ပေါက်စီလေး..]
[ပြောပါ Host]
[ဇာတ်လိုက်က ဘာလာလုပ်တာလဲ]
[ Host ဆီလာတာလေ]
အဖြေကရှင်းချက်...
ရှောင်ဖုံး ပေါက်စီလေး နဲ့ စကားပြောနေတုန်း မင်စစ်ရန်က ရှောင်ဖုံးရဲ့ ပုဝါကို ဖယ်ပေးလိုက်သည်။အဲဒီ အခိုက်အတန့်လေးမှာ မင်စစ်ရန် နဲ့ ပေ့ရှောင်ဖုံး ဟာ အကြည့်ချင်းဆုံ နေပါသတဲ့ ။
YOU ARE READING
Villain System
Fantasy"Host.. အခု villain systemထဲကိုရောက်နေတာပါ" "ကောင်းပြီလေ ငါအခုဘယ်ဘ၀ထဲကိုဝင်ရမှာလဲ" "Hostကိုဘာမှမရှင်းပြရသေးဘူးလေး" ရှောင်ဖုံးက၀ါရငိ့သမားလေသံနဲ့ "အိုက်ယား ပေါက်စီလေးရေ ဘာမှရှင်းပြစရာမလိုဘူး ငါလေးက system ficတွေကို ဖွတ်ဖွတ်ညက်...