လင်းဖန်ရှကို ဒီနားမှာဆက်ထားနေရင် ဘာတွေဖြစ်လာနိုင်မှန်းမသိလို့ ပိုင်မော့ရှင်းကပဲ လင်းဖန်ရှကို ဆွဲခေါ်လာခဲ့သည်
ဒါတောင် ကျေနပ်သေးတဲ့ပုံမပေါ်ဘူး..လင်းဖန်ရှက.." နင် အဆင်ပြေရဲ့လား.."
" ဟိုကောင်မကို ဘာမှမလုပ်လိုက်ရလို့ သိပ်တော့အဆင်မပြေဘူး... "
" နင်...ဖျော်ရည်နဲ့တောင် ပက်လာပြီးပြီပဲ "
" ဖျော်ရည်နဲ့ပက်တာ သူလာပက်လို့ ငါက ပြန်ပက်လိုက်ရုံပဲ"
" ဘယ်နားစိုသွားသေးလဲ "
" အပေါ်အင်္ကျီလေးပဲ ဆိုသွားတာ ရတယ်"
ကန်တင်းမှာ ဖြစ်ခဲ့တဲ့ကိစ္စကြောင့် ပိုင်မော့ရှင်းနဲ့ လင်းဖန်ရှ ကန်တင်းကို ပြန်သွားမနေတော့ဘဲ နေ့လည်စာ အငတ်ခံပြီး အခန်းထဲပြန်ထိုင်နေလိုက်သည်။ ပိုင်မော့ရှင်းကတော့ မနက်ခင်းက လွတ်သွားတဲ့စာတွေပြန်ကူးနေပေမဲ့ လင်းဖန်ရှကတော့ ပတ်မွှေဖို့ စိတ်ထဲ အစီအစဉ်ဆွဲနေသည်။ နေ့လည်ခင်းက ကိစ္စကို နည်းနည်းလေးမှကျေနပ်သေးတာမဟုတ်ဘူး။အထူးသဖြင့် မုရွှယ်ရွှယ်ကို အင်္ကျီခြုံပေးလိုက်တဲ့ ကျန်းစစ်ရှန့် အဲ့ကောင်....
ပြီးတော့ ဟိုမရောက် ဒီမရောက်ဖြစ်နေတဲ့ ကျိုဝေ့ရှင်း....
အေး..အေး..ငါနဲ့တွေ့ကျသေးတာပေါ့..
ငါ ပေ့ရှောင်ဖုံးပါ....__________________________________________________________________________________
ကျိုးဝေ့ရှင်း သူ့ကို တစ်ခါမှ စိမ်းသက်သက်မကြည့်ဘူးတဲ့ ပိုင်မော့ရှင်းက သူ့ကို အဲ့လိုကြည့်သွားတော့ လန့်သွားတာတော့အမှန်ပင်။ ပြတ်သွားတုန်းကတောင် တစ်ခါမှ ပိုင်မော့ရှင်းက သူ့ကို အဲ့လိုမကြည့်ဘူးဖူး..။ နောက်ပြီးသူရွဲ့သမျှကိုလည်း သည်းခံပြီး ဘာမှတောင်မပြောဘဲ စိတ်မကုန်သေးတဲ့ ပိုင်မော့ရှင်းက ဘာလို့ သူ့ကို အဲ့လိုကြည့်သွားတာလဲ ??? ကြည့်ရတာ သူ တော်တော်လွန်သွားပုံရတယ်...။ ပိုင်မော့ရှင်းက သူ့ကို စိတ်ကုန်သွားရင် ..ဘယ်လိုလုပ်မလဲ????
YOU ARE READING
Villain System
Fantasy"Host.. အခု villain systemထဲကိုရောက်နေတာပါ" "ကောင်းပြီလေ ငါအခုဘယ်ဘ၀ထဲကိုဝင်ရမှာလဲ" "Hostကိုဘာမှမရှင်းပြရသေးဘူးလေး" ရှောင်ဖုံးက၀ါရငိ့သမားလေသံနဲ့ "အိုက်ယား ပေါက်စီလေးရေ ဘာမှရှင်းပြစရာမလိုဘူး ငါလေးက system ficတွေကို ဖွတ်ဖွတ်ညက်...