Zawgyi
မုရွှယ်ရွှယ် - ဇာတ်လိုက်မ
ကျိုးဝေ့ရှင်း - ဇာတ်လိုက်
ကျန်းစစ်ရှန့် - ဒုဇာတ်လိုက်
လင်းဖန်ရှ - ပေ့ရှောင်ဖုံးSystem လေးကတော့ အားတက်အောင်ပြောရှာပါတယ်
[ mission တွေ မအောင်မြင်ရင် ပြစ်ဒဏ်ခံရမှာပါ ]
ရှောင်ဖုံးကလည်း ပြန်ပက်သည်။
[ ဟွန့် ...ဘာပြစ်ဒဏ်လည်း ...ဓာတ်လိုက်မှာလား..ကြောက်မဲ့ထဲ ငါမပါဘူးနော် ]ပြောရဆိုရ လက်ပေါက်ကပ်တဲ့ Host!!
ထားလိုက်ပါတော့ ဒီက သဘောထားကြီးတဲ့ စစ်စတန် ပေါက်စီလေးကပဲ လျစ်လျူရှုလိုက်ပါမယ်..Host ပြောချင်တာပြော...[ Host ..ooc မဖြစ်ရပါဘူးနော်..သတိထားရမယ်..]
[ ရတယ်..ရတယ်..ငါလေးကလည်း..ooc မဖြစ်ချင်ပါဘူး..မူလ လင်းဖန်ရှ အတိုင်း ဇာတ်လိုက်မကို ဇာတ်လိုက်မကို အနိုင်ကျင့်အုံးမှာ..အဟင်း...အဟင်း..]
ပေါက်စီလေးကတော့ သူ့ရဲ့ ယုတ်မာတော့မယ့် Host ကြောင့် မျက်လုံးကို အပေါ်သို့ လှန်လိုက်သည်။
ထိန်းမနိုင်ဘူးဆိုတဲ့သဘော...
ပေါက်စီလေးနဲ့ စကားပြောနေတုန်း ခေါင်းလောင်းထိုးသံကြားရလို့ ထမင်းစာချိန်ရောက်မှန်း ရှောင်ဖုံးသိလိုက်သည်။
အခု ရှောင်ဖုံးရောက်လာတဲ့ အချိန်က မုရွှယ်ရွှယ်နဲ့ ဇာတ်လိုက်နှစ်ယောက်လုံး တွေ့ပြီးပြီ ဖြစ်သည်။ မူလ လင်းဖန်ရှကလည်း မုရွှယ်ရွှယ်ကို တော်တော်လေးအနိုင်ကျင့်ပြီးပြီဖြစ်သည်။
ဂွတ်ဒ်...ကောင်းခန်းမှ ရောက်လာတဲ့ ..ငါလေး..
စိတ်တော့မကောင်းပေမဲ့ မူလ လင်းဖန်ရှအတိုင်း ပဲအနိုင်ကျင့်ရမှာပေါ့လေ...။ နင်..ပြေးစမ်း..ဇာတ်လိုက်မ...OOC မဖြစ်ရေးအတွက်..ရှောင်ဖုံး အရင်လင်းဖန်ရှ လိုပဲ ဒုဇာတ်လိုက်ရှိမဲ့ အားကစားခန်းမကို ရေဘူးကိုင်ပြီး သွားလိုက်သည်။ ဒီအချိန်က ဒုဇာတ်လိုက်က ကျောင်းပေါင်းစုံ basket ball. ပြိုင်ပွဲရှိလို့ ကျောင်းမှန်မှန်လာပြီး training ဆင်းနေတာရယ်....ဇာတ်လိုက်မ မုရွှယ်ရွှယ်ကိုလည်း ဖွင့်တော့မပြောသေးပေမဲ့ ဇာတ်လိုက်မကို အနိုင်ကျင့်မှုတွေကနေ ကာကွယ်ဖို့ ကျောင်းလည်းမှန်မှန်တက်နေတဲ့အချိန်ဖြစ်သည်။
ရှောင်ဖုံးတွေးရင်းနဲ့ လှောင်ပြုံးလေးသာ ပြုံးလိုက်သည်။
ပထမကမ္ဘာ ( ချင်လော့ရှန်းဘ၀ ) မှာ သိပ်တော့မယုတ်မာခဲ့ပေမဲ့ အခု ဒီကမ္ဘာမှာတော့ အပီအပြင်ယုတ်မာတော့မည် ဖြစ်သည်။ ဘာလို့ယုတ်မာမှာလဲတော့ လာမမေးနဲ့..fic name ကို သေချာဖတ်..Villain System တဲ့..ok
YOU ARE READING
Villain System
Fantasy"Host.. အခု villain systemထဲကိုရောက်နေတာပါ" "ကောင်းပြီလေ ငါအခုဘယ်ဘ၀ထဲကိုဝင်ရမှာလဲ" "Hostကိုဘာမှမရှင်းပြရသေးဘူးလေး" ရှောင်ဖုံးက၀ါရငိ့သမားလေသံနဲ့ "အိုက်ယား ပေါက်စီလေးရေ ဘာမှရှင်းပြစရာမလိုဘူး ငါလေးက system ficတွေကို ဖွတ်ဖွတ်ညက်...