နေ့လည်ခင်း ကျောင်းပြန်တက်တော့ လင်းဖန်ရှက ပိုင်မော့ရှင်း ရှိတဲ့ နောက်ဆုံးခုံကို ပြောင်းထိုင်လိုက်သည်။မူလ လင်းဖန်ရှက ကျန်းစစ်ရှန့်နောက်မှာထိုင်တာလေ။ ပြီးတော့ ဒီအခန်းထဲမှာ ရွှေရောင်ကြယ်ရင်ထိုး ပိုင်ရှင် ဆယ်ယောက်ရယ် ငွေကြယ်ရင်ထိုး ပိုင်ရှင် ဆယ့်ငါးယောက်ရယ် စုစုပေါင်း နှစ်ဆယ့်ငါးယောက်ရှိသည့် အခန်းဖြစ်သည်။ အဲ့တော့ လင်းဖန်ရှ ၊ ပိုင်မော့ရှင်း ၊ ကျိုးဝေ့ရှင်း၊ ကျန်းစစ်ရှန့် တို့က တစ်ခန်းထဲ။ နောက်မှ မုရွှယ်ရွှယ်က ရင်ထိုး အရောင်အဆင့်တက်ပြီး ဒီအခန်းကို ရောက်လာမှာ။တစ်ခန်းလုံးက လူတွေက လင်းဖန်ရှ နေရာပြောင်းသွားတာကိုပဲ အထူးအဆန်းကြည့်နေကြသည်။ ဒါပေမဲ့ လင်းဖန်ရှကိုယ်ထဲ ရောက်နေတဲ့ ပေ့ရှောင်ဖုံးက တော့ don't care anything. ဆိုတဲ့ ဖြတ်ရိုက်ချင်စရာ မျက်နှာပေးကြီးနဲ့ ။
နောက်တော့ အတန်းထဲကို ကျိုးဝေ့ရှင်းနဲ့ ကျန်းစစ်ရှန့် ရောက်လာသည်။ လင်းဖန်ရှ နေရာပြောင်ထားတာကို တွေ့တော့ အံ့သြသလို တော့ဖြစ်သည်။ လင်းဖန်ရှကတော့ သူတို့နဲ့ ဆန့်ကျင်ဘက် ....အတန်းထဲဝင်လာတဲ့ ကျိုးဝေ့ရှင်း နဲ့ သူမဘေးမှာထိုင်နေတဲ့ ပိုင်မော့ရှင်းကို ကြည့်ပြီး role ခွဲနေသည်။
ပိုင်မော့ရှင်းက basketball အဖွဲ့ဝင်သာပြောတယ်..ကျိုးဝေ့ရှင်းထက် အရပ်ပိုပုတယ်..ကျိုးဝေ့ရှင်းက ခန့်ခန့်ညားညား ဇာတ်လိုက်အရှိန်အ၀ါကြီးတွေနဲ့..ဘယ်လိုကြည့်ကြည့် seme တိုက် ...ပိုင်မော့ရှင်းကလည်း..ဘယ်လိုကြည့်ကြည့် ...uke type ...
လင်းဖန်ရှ သူ့အတွေးနဲ့သူ လူယုတ်မာ အပြုံးကြီးပြုံးပြီးတော့ ပိုင်မော့ရှင်းကို ကြည့်လိုက်တော့.....ပိုင်မော့ရှင်းက မျက်ရည်တွေဝဲပြီး ကျိုးဝေ့ရှင်းကို ကြည့်နေသည်။
ရှောင်ဖုံး- "....." wait a min....ဒါ ဘာအခြေအနေကြီးလဲ... ..
သေချာပေါက် သူတို့နှစ်ယောက်ကြားမှာ တစ်ခုခု ရှိကိုရှိရမယ်။..
ESTÁS LEYENDO
Villain System
Fantasía"Host.. အခု villain systemထဲကိုရောက်နေတာပါ" "ကောင်းပြီလေ ငါအခုဘယ်ဘ၀ထဲကိုဝင်ရမှာလဲ" "Hostကိုဘာမှမရှင်းပြရသေးဘူးလေး" ရှောင်ဖုံးက၀ါရငိ့သမားလေသံနဲ့ "အိုက်ယား ပေါက်စီလေးရေ ဘာမှရှင်းပြစရာမလိုဘူး ငါလေးက system ficတွေကို ဖွတ်ဖွတ်ညက်...