ရှောင်ဖုံး မင်စစ်ရန်နဲ့ ကျောက်ချင်းယွီ ထက် ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့ မြင်ကွင်းကို တွေ့လိုက်ရသည်။
အဲဒါကတော့ နံပါတ်ငါးမင်းသားနဲ့ သူရဲ့ ကိုယ်ရံတော် ပင်။
သူတို့ကဒီဇာတ်ကြောင်းမှာ မထင်မရှားဇာတ်ကောင်တွေသာဖြစ်သည်။ နံပါတ်ငါးမင်းသားက အငယ်ဆုံးမင်းသားဖြစ်ပြီး နာမည်ကတော့ မင်စစ်ချင်းတဲ့။အငယ်ဆုံးမင်းသားလေးဖြစ်ပြီး အလိုလိုက်ခြင်းခံရတဲ့ မင်စစ်ချင်းလေးက သိုင်းတို့ ဓားရေးတို့ကို မတတ်မြောက်ပါဘူးတဲ့။အဲ့တော့ သူအန္တရာယ်ကင်းအောင် သူ့အနားမှာ ကိုယ်ရံတော်ထားပေးရပါတယ်။
ရှောင်ဖုံး မင်စစ်ချင်းနဲ့ သူ့ကိုယ်ရံတော်ကို သေချာကြည့်ပြီးrole ခွဲတော့သည်။မင်စစ်ချင်းက နုနုဖတ်ဖတ်လေးနဲ့ ချစ်စရာကောင်းလို့ ukeလေး သူ့ကိုယ်ရံတော်ကတော့ ..အမရ်..သောက်ရမ်းကိုချေနေတာပဲ..အရပ်ကလည်းအရှည်ကြီး..bodyကလည်း..ဂလု..သေချာပေါက် seme ပဲ..အမရ်လေး systemထဲရောက်တာတောင် bl တွေနဲ့ လာတွေ့နေသေးတယ်..ငါလေးတစ်ကယ်ကို ကံကောင်းနေပါ့လား
ရှောင်ဖုံးကတော့ စူးစမ်းလိုစိတ်နဲ့ မင်စစ်ချင်းတို့် နားကိုသွားလိုက်သည်။နောက်က ကျောက်ချင်းယွီ နဲ့ မင်စစ်ရန် တို့ကို သောက်ဂရုမစိုက်တော့
မင်စစ်ရန် ရှောင်ဖုံး နောက်ကိုလိုက်သွားချင်ပေမဲ့ ကျောက်ချင်းယွီ ကဆွဲထားသည်။
ရှောင်ဖုံး မင်စစ်ချင်းတို့ နားကိုရောက်တော့ သူတို့နှစ်ယောက်လုံးကို သေချာကြည့်ပြီး လူယုတ်မာအပြုံးကိုဆင်မြန်းလိုက်သည်။ထိုနှစ်ယောက်ကတော့ ရှောင်ဖုံးရောက်နေတာကို သိတောင်မသိသေး..အီစီကလီစိုက်နေတာ..
ရှောင်ဖုံးရောက်နေတာကို သတိထားမိတဲ့ ကိုယ်ရံတော်က ရှောင်ဖုံးကို မကြည်ကြည့် ကြည့်လိုက်ပြီး မင်းသားကိုကွယ်ရပ်လိုက်သည်။ဘာလို့လဲဆိုတော့ ရှောင်ဖုံးက မင်းသားလေးကို စားမတတ်ဝါးမတတ်မျက်လုံးတွေနဲ့ ကြည့်နေတာကြောင့်ဖြစ်သည်။
YOU ARE READING
Villain System
Fantasy"Host.. အခု villain systemထဲကိုရောက်နေတာပါ" "ကောင်းပြီလေ ငါအခုဘယ်ဘ၀ထဲကိုဝင်ရမှာလဲ" "Hostကိုဘာမှမရှင်းပြရသေးဘူးလေး" ရှောင်ဖုံးက၀ါရငိ့သမားလေသံနဲ့ "အိုက်ယား ပေါက်စီလေးရေ ဘာမှရှင်းပြစရာမလိုဘူး ငါလေးက system ficတွေကို ဖွတ်ဖွတ်ညက်...