" ဘုတ် "
" အင့်.."တကတည်း..ကျောင်းနောက်ကျနေပါတယ်ဆိုမှ....
ကျောင်းထဲကို ခပ်သုတ်သုတ် ၀င်လာတဲ့ လင်းဖန်ရှ အခန်းနားရောက်ခါနီးမှ....လူတစ်ယောက်နဲ့ ၀င်တိုက်မိသည်။ လင်းဖန်ရှ လက်ထဲက လူမြင်မခံတဲ့ စာအုပ်တွေကလည်း ကြမ်းပြင်ပေါ်ကို ကျကုန်သည်။ ၀င်တိုက်တဲ့သူလည်း ဂရုမစိုက်အား ။ ကျသွားတဲ့ စာအုပ်တွေကို သာ လိုက်ကောက်နေရသည်။ အဖိုးတန် စာအုပ်လေးတွေ..။ဒါတောင် နောက်ဆုံးကျန်နေတဲ့ စာအုပ်ကို ကောက်သွားတဲ့လက်တစ်စုံကြောင့် ရင်ထဲထိတ်ခနဲ...။
တစ်ဆက်တန်း တွေးလိုက်တာက....ငါလေး စောက်ရှက်ကွဲတော့မှာလား...။
ဒါကြောင့် ကမန်းကတမ်း အပေါ်ကို မော့ကြည့်လိုက်ရသည်။အင်း....သိပ်တော့ အဆင်ပြေမနေဘူး...။
လင်းဖန်ရှ ရဲ့ စာအုပ်ကို ဖင်ပြန်ခေါင်းပြန်ကြည့်နေတဲ့ ဒုဇာတ်လိုက် ကျန်းစစ်ရှန့်။ အိမ်း....နားရွက်ကလေးတွေပါ နီနေသလိုပဲ..။ရှက်နေတာ နေပါလိမ့်မယ်...။ရှက်လည်း ရှက်ချင်စရာ...ကျန်းစစ်ရှနိ့ လက်ထဲက လင်းဖန်ရှရဲ့ စာအုပ်က BL menga ဖြစ်နေတာကိုး..။စပ်စုတာကိုး...
မနက်ခင်းစောစောစီးစီး မြို့ပတ်ပြီး ၀ယ်လာရတဲ့ အဖိုးတန်စာအုပ်လေးတွေ..။ ဘေးက လူတွေကလည်း ၀ိုင်းကြည့်ချက်ဆိုတာ...။မတတ်နိုင်ဘူး...ကိုယ်က ကျောင်းရဲ့ နာမည်ကြီးပုဂ္ဂိုလ်ဖြစ်နေတော့လည်း..။ ပြန်တောင်းစရာရှိတာတော့ ပြန်တောင်းရမှာပဲ။
" အဲ့ဒါ ငါ့စာအုပ် ....ပြန်ပေး..."
လင်းဖန်ရှက ကျန်းစစ်ရှန့် ဆီကနေ စာအုပ်ပြန်တောင်းမှပဲ ကျန်းစစ်ရှန့် အကြည့်က လင်းဖန်ရှ ဆီရောက်တော့တယ်..။" စာအုပ်လေးပြန်ပေးပါဦး...အဟဲ.."
ဘာမှမပြောဘဲ ဒီအတိုင်း စိုက်ကြည့်နေတဲ့ ဒုဇာတ်လိုက်ကြောင့် လင်းဖန်ရှခမျာ မျက်နှာချိုသွေးပြီး စာအုပ်ပြန်တောင်းရသည်။ မတော်လို့ စောက်မြင်ကပ်ပုဒ်မနဲ့ ကျောင်းရဲ့ စည်းကမ်းထိန်းသိမ်းရေးဆီ စာအုပ်ကြီးသွားအပ်မှ လင်းဖန်ရှက ဆယ့်ရှစ်ယောက် အထက်စုကြည့်ပါ တွေ ဖတ်တယ်ဆိုပြီး နာမည်ကြီးသွားမှ..ဒုက္ခ...။
YOU ARE READING
Villain System
Fantasy"Host.. အခု villain systemထဲကိုရောက်နေတာပါ" "ကောင်းပြီလေ ငါအခုဘယ်ဘ၀ထဲကိုဝင်ရမှာလဲ" "Hostကိုဘာမှမရှင်းပြရသေးဘူးလေး" ရှောင်ဖုံးက၀ါရငိ့သမားလေသံနဲ့ "အိုက်ယား ပေါက်စီလေးရေ ဘာမှရှင်းပြစရာမလိုဘူး ငါလေးက system ficတွေကို ဖွတ်ဖွတ်ညက်...