ကျောင်းဆင်းတော့ လင်းဖန်ရှနားမှာ လူသုံးယောက်တောင် ၀ိုင်းလို့ ...သူတို့နဲ့ တူတူပြန်ရမယ်ဆိုတဲ့ ကျိုးဝေ့ရှင်းနဲ့
ပိုင်မော့ရှင်းရယ် ....တာဝန်ယူပါလို့ပြောပြီး နောက်က လိုက်နေတဲ့ ကျန်းစစ်ရှန့်ရယ် ...စိတ်တွေလည်း ချမ်းသာတယ်။
ဟိုနှစ်ယောက်က မနက်ခင်းကတည်းက သူတို့နဲ့ လာတာမလို့ သူတို့ နဲ့ပြန်တဲ့ ။ ကျန်းစစ်ရှန့်ကြတော့
လင်းဖန်ရှ ကို ကာကွယ်ရင်း ဒဏ်ရာရသွားတာမလို့
လင်းဖန်ရှ ကို ဇွတ်တွေတာဝန်ယူခိုင်းနေတယ်။ ဒဏ်ရာကို ဆေးထည့်ခိုင်းတာတို့ ဘာတို့ပေါ့။အဲ့ဒီအချိန်လေးမှာပဲ မုရွှယ်ရွှယ်က သူတို့ရှေ့လာပြီး
ရှိုးလုပ်ပြီး ဒရမ်မာခင်းသွားသေးတယ်။" အားစစ်.... "
မုရွှယ်ရွှယ်က လင်းဖန်ရှနားက ကျန်းစစ်ရှန့်ကို မြင်ပြီးသူတို့ဘက်ကို လာသည်။ လမ်းတစ်ဝက်မှာပဲ
ကျောင်းသူလေးတစ်ယောက်က မုရွှယ်ရွှယ်ကို ခြေထိုးခံလိုက်သည်။ ဘိုင်း ခနဲ လှလှပပလေးလဲ သွားရှာသည်။
မုရွှယ်ရွှယ် ထင်နေတာ သူမ အဲလို လဲသွားရင် ကျိုးဝေ့ရှင်းနဲ့ ကျန်းစစ်ရှန့်က သူမ ဆီ အပြေးရောက်လာလောက်တယ်ပေါ့မှန်းချက်နဲ့ မကိုက်စွာ ကျိုးဝေ့ရှင်းက မုရွှယ်ရွှယ်လဲ သွားတာတောင်မမြင်လိုက်ဘူး။
ပိုင်မော့ရှင်းနဲ့ အကြည်စိုက်နေတယ်လေဟယ်။ကျန်းစစ်ရှန့်ကြတော့လည်း မြင်ပေမဲ့ ဒီအတိုင်းကြီးရပ်နေတယ်။
လင်းဖန်ရှကလည်း ခပ်တည်တည်နဲ့ ကြည့်နေတယ်။တစ်ဆက်တည်းမှာပဲ မုရွှယ်ရွှယ် ဘေးက ကျောင်းသူတွေက မုရွှယ်ရွှယ် ပြန်မထနိုင်ခင်မှာပဲ မုရွှယ်ရွှယ်ရဲ့ ခေါင်းပေါ်ကို ရေတွေလောင်းချလိုက်သည်။
" အိုစ့်....ဆောရီး..ရေတွေမှောက်ကျသွားပြီ..."
စိတ်ထဲကတော့ အဲကောင်မတွေကိုသတ်ပစ်ချင်နေပေမဲ့
မုရွှယ်ရွှယ် အပြင်ပန်းမှာတော့ အတတ်နိုင်ဆုံး သနားစရာကောင်းအောင်နေနေရတယ်။
YOU ARE READING
Villain System
Fantasy"Host.. အခု villain systemထဲကိုရောက်နေတာပါ" "ကောင်းပြီလေ ငါအခုဘယ်ဘ၀ထဲကိုဝင်ရမှာလဲ" "Hostကိုဘာမှမရှင်းပြရသေးဘူးလေး" ရှောင်ဖုံးက၀ါရငိ့သမားလေသံနဲ့ "အိုက်ယား ပေါက်စီလေးရေ ဘာမှရှင်းပြစရာမလိုဘူး ငါလေးက system ficတွေကို ဖွတ်ဖွတ်ညက်...