လင်းဖန်ရှလည်း မုရွှယ်ရွှယ်က သူ့ကို ရှင်းဖို့ လုပ်မယ်ဆိုတာတော့ခန့်မှန်းမိပါတယ်..။ မတတ်နိုင်ဘူး သူက သွားဆွလိုက်တာကို..။ သူမရဲ့ ရွှေခြေသလုံးကြီးကို သူမဘက်ပါအောင် ဆွဲရတော့မယ်။သေချာတယ် ဒီအချိန်မုရွှယ်ရွှယ် လင်းဖန်ရှကို တစ်ခုခုလုပ်ဖို့
ကြံမှာပဲ..။ အဲ့တော့ သူမလည်း ကျောထောက်နောက်ခံလေးရှာရဦးမယ်။ ကျန်းစစ်ရှန့်က ဘာမှမမှတ်မိဘူးဆိုတော့
ဘယ်လိုများ လုပ်လိုက်ရပါ့မလဲ..။ အရင် လင်းဖန်ရှလို ပဲ
ကျန်းစစ်ရှန့်ကို မျက်နှာပြောင်ပြီး ဆက်လိုက်ရင
် ကောင်းမလား ။ သူမရဲ့ ၀မ်းကွဲအကို ကျိုးဝေ့ရှင်းကျတော့လည်း ပိုင်မော့ရှင်းကလွဲရင် ဂရုစိုက်တဲ့သူမဟုတ်တော့..။လင်းဖန်ရှ သက်ပြင်းသာချမိသည်။
ငါ ..မုရွှယ်ရွှယ်ကို စိန်ခေါ်တာ စော သွားလား....မနက်ခင်းပိုင်း သင်သွားတဲ့ စာတွေ လင်းဖန်ရှ နားတောင်မလည်ခဲ့ဘူး။
ညဏ်နီ ညဏ်နက် တွေထုတ်နေရတာနဲ့တင်..သင်သွားတဲ့စာတွေမသိလိုက်ဘူး ..။ စာမေးပွဲအတွက်ကတော့ သိပ်မစိုးရိမ်ပါဘူး system ရှိတယ်လေ.. ။အေးဆေး...နေ့လည်ခင်း ထမင်းစားချိန်ရောက်တော့...လင်းဖန်ရှ ရေဘူး
ယူပြီး အားကစားခန်းမ ကို သွားလိုက်သည်။ ကျန်းစစ်ရှန့်ကို ပေးမလို့ ။ သူမယူတော့လည်း ပိုင်မော့ရှင်း တိုက်လိုက်မယ်
အရှုံးမရှိဘူး ။.
.
.
.
လင်းဖန်ရှ အားကစားခန်းမကို ရောက်တော့ လူတော့ရှိပါသေးတယ် ...ကျန်းစစ်ရှန့်လည်း ရှိသေးတယ်
ပိုင်မော့ရှင်းလည်း ရှိတယ်။
ပိုင်မော့ရှင်းက လင်းဖန်ရှကို မြင်တော့ လင်းဖန်ရှနားသွား မလို့ လုပ်ပေမဲ့ ကျန်းစစ်ရှန့်က အရင်ဦးအောင် ရောက်သွားသည်။" စကားပြောလို့ရလား .."
အိုးမိုး..ကံတွေတက်နေတဲ့ ငါလေးဟဲ့...ကြည့်စမ်း ...သူက
အရင် စကားလာပြောတယ်...
ဘေးက ပေါက်စီလေးကတော့ အသာလေး ခေါင်းရမ်းလိုက်သည်။
ESTÁS LEYENDO
Villain System
Fantasía"Host.. အခု villain systemထဲကိုရောက်နေတာပါ" "ကောင်းပြီလေ ငါအခုဘယ်ဘ၀ထဲကိုဝင်ရမှာလဲ" "Hostကိုဘာမှမရှင်းပြရသေးဘူးလေး" ရှောင်ဖုံးက၀ါရငိ့သမားလေသံနဲ့ "အိုက်ယား ပေါက်စီလေးရေ ဘာမှရှင်းပြစရာမလိုဘူး ငါလေးက system ficတွေကို ဖွတ်ဖွတ်ညက်...