နောက်ဆုံးတော့ လင်းဖန်ရှနဲ့အတူ ကျိုးဝေ့ရှင်းပါ
အားကစားခန်းမကို ရောက်လာတယ်။ အရင်ရက်တွေနဲ့မတူ ထူးခြားတာက လူနည်းနည်းလေးပိုများနေသလိုပဲ။လင်းဖန်ရှ ဘေးဘက်ကို လှည့်ကြည့်ပြီးမှ သဘောပေါက်သွားတော့သည်။ အရင်ရက်တွေက
ယောက်ျားလေးတွေပဲ basket ball လေ့ကျင့်နေကြတာ ။ အခုဟာက မိန်းကလေးတွေ ထပ်တိုးနေတာ ဘာလို့ဆို cheeleader အဖွဲ့လေ။ သူတို့လည်း လေ့ကျင့်နေတာပေါ့။
မုရွှယ်ရွှယ်လည်း ပါတယ်ကျိုးဝေ့ရှင်းနဲ့ လင်းဖန်ရှ ယှဉ်ရပ်နေတုန်း ဇာတ်လိုက်မက အနားရောက်လာတယ်။
" အားရှင်း ငါ့ဆီလာတာလား "
မေးရဲတယ်ကမရယ်...
ဘေးက လင်းဖန်ရှကတော့ မျက်လုံးကို အပေါ်လှန်လိုက်တယ်။ မုရွှယ်ရွှယ်ကို စိတ်ကုန်နေတဲ့ပုံနဲ့။ပိုင်မော့ရှင်း ကြတော့လည်း ဒီဘက်ကို မသိမသာကြည့်နေတယ်။
ဒီလိုကိစ္စက လင်းဖန်ရှ ပါမှကိုဖြစ်တော့မှာ။
" ကိုယ့်ကိုကိုယ် တအားအထင်ကြီးတာပဲ ...အားကစားခန်းမထဲရောက်လာတဲ့ လူတိုင်း နင့်ဆီလာတယ်လို့ ထင်နေတာလား ..."
" မ..မ..ဟုတ်ဘူး...ငါ...ပြောတာ..."
ဒီလင်းဖန်ရှ အရင်ကနဲ့ကိုမတူတော့ဘူး ...ဘာဖြစ်နေတာလဲ
ငါ့ လမ်းတွေကို လာလာပိတ်နေတယ်" တစ်ခါလာလည်း နင့်ဆီလာတယ်လို့ထင်မနေနဲ့.."
လင်းဖန်ရှ ဆက်ပြောနေရင် အဆိုးဘက်ကို ရောက်တော့မှာကို သိလို့ ပိုင်မော့ရှင်းက ကြားထဲက ၀င်တားရှာသည်။
" လင်းဖန်ရှ တော်တော့ ...ထားလိုက် သွားရအောင် "
"နေစမ်းပါ...ငါ ပြောလို့ မပြီးသေးဘူး ....ငါပြောလိုက်မယ် မုရွှယ်ရွှယ်...သတိထားနေ...နေ.."
ပိုင်မော့ရှင်း တားတာ မရတော့ နောက်ဆုံး
ကျန်းစစ်ရှန့်ကပဲ လင်းဖန်ရှကို ဆွဲခေါ်လာရသည်။
YOU ARE READING
Villain System
Fantasy"Host.. အခု villain systemထဲကိုရောက်နေတာပါ" "ကောင်းပြီလေ ငါအခုဘယ်ဘ၀ထဲကိုဝင်ရမှာလဲ" "Hostကိုဘာမှမရှင်းပြရသေးဘူးလေး" ရှောင်ဖုံးက၀ါရငိ့သမားလေသံနဲ့ "အိုက်ယား ပေါက်စီလေးရေ ဘာမှရှင်းပြစရာမလိုဘူး ငါလေးက system ficတွေကို ဖွတ်ဖွတ်ညက်...