နေကြာပန်းလေးရဲ့ ပုံပြင်
Prologue
"နေကြတ်မှာကို ကျနော် တားနိုင်ခဲ့ပြီ။ တားနေတဲ့ကြားက တဇွတ်ထိုးလုပ်ခဲ့မိလို့ တောင်းပန်ပါတယ်လို့ အဖေနဲ့အမေကို ပြောပေးပါ။ အစ်ကို ကျနော့ကို နေကြာပန်းလေးတွေမြင်တိုင်း သတိရနေပေးပါနော်။ ကျနော် အစ်ကို့ကို သိခွင့်ရခဲ့လို့ တကယ်ပျော်ပါတယ်။ နောင်တလည်းမရခဲ့ပါဘူး။" (Gulf)
"ဒဏ္ဍာရီတွေထဲက အဆုံးသတ်ကတော့ တစ်မျိုးပေမယ့် ကျနော်ကတော့ သူ့ကို ထွေးပွေ့ထားချင်ပါတယ်။ ဟင့်အင်း မဖြစ်ဖြစ်တဲ့နည်းနဲ့ ရအောင် ထွေးပွေ့ထားမှာပါ။" (Mew)
"ဘိုးဘိုး၊ နေကြတ်တာကို ဘယ်အရာကမှ မတားနိုင်ဘူးလား"
"နေကြာပန်းလေးကတော့ တားနိုင်ပေမယ့် ကံကြမ္မာအကုန်ပြောင်းလဲသွားလိမ့်မယ်။ ဆိုးမလား ကောင်းမလား ဘယ်သူမှ မပြောနိုင်ဘူး။""အဲ့လောက် ပင်ပန်းရရင်လည်း မချစ်ပါနဲ့တော့လား ဟေ့ကောင်ရေ။ ဟိုက မင်းဖြစ်တည်မှုကိုတောင် သိရင် ကံကောင်း။" (Mild)
"Fan တစ်ယောက်ရဲ့အချစ်ဆိုတာလေ ဓာတ်ပုံတစ်ခုမှာ သူ့အရိပ်လေးပဲ ကပ်မြင်လိုက်ရရင်တောင် ဒီကလူက ပျော်နေရတာမျိုး။" (Sky)
YOU ARE READING
နေကြာပန်းလေးရဲ့ပုံပြင် 🌻☀️ (Unicode/ZawGyi)
Fanfictionဒဏ္ဍာရီတွေထဲမှာတော့ နေမင်းကြီးက နေကြာပန်းလေးကို သတိမထားမိခဲ့ဘူးတဲ့။ နေမင်းကြီးလို တောက်ပနေတဲ့ Phi Mewကရော နေကြာပန်းလေးနဲ့တူတယ်လို့ပြောကြတဲ့ Gulf ဆိုတဲ့ ကျနော့်ကို သတိထားမိမှာလား။ ဘယ်လိုဖြစ်ဖြစ် ကျနော်ကတော့ နေကြာပန်းတို့ရဲ့ထုံးစံအတိုင်း Phi ဆိုတဲ့နေမ...