အခန်း ၆ (Zawgyi)

480 18 2
                                    


အပိုင်း က (Gulf)
Sky ဖုန်းဆက်နေသောကြောင့်သာ ပြေးထွက်လာရသည်။ စတိုခန်းထဲတွင် တစ်ယောက်တည်းထားခဲ့ရသော Phi Mew ကို စိတ်မချ။ ဦးထုပ်လည်း ပေးခဲ့တာပဲ။ သူ့ကို လူတွေ သတိမထားမိဘဲ သူထွက်လာနိုင်မှာပါ။ စိတ်ကိုဖြေတွေးရင်း ဖုန်းကိုကိုင်လိုက်တော့ အော်သံစူးစူးကို အရင်ကြားရသည်။
Sky: အိမ်သာသွားတာ အိမ်သာဖြစ်သွားပြီ မှတ်နေတာဟေး။ ဒီမှာ Phi Mew ကို ရှာမတွေ့လို့ လိုက်ရှာရတာကတစ်မျိုး။ အဝေးမှုန်လို့ သူ့အားကိုးမယ်ဆိုမှ ထွက်သွားလိုက်တာ ပြန်ကိုမလာတော့ဘူး။ ခု ဘယ်မှာတုန်း
Gulf: အော်လိုက်တာ Sky ရယ်။ ရှာမနေနဲ့တော့။ မုန့်ဆိုင် တစ်ခုခုထိုင်ရအောင်။ ငါလာနေပြီ။ ပြောပြစရာရှိတယ်။
အဲ့လိုနဲ့ မုန့်ဆိုင်ရောက်တော့ ထိုသူငယ်ချင်းမ မှာနေသည်မှာ မပြီးတော့။ ကျနော့မှာ ကြုံခဲ့သမျှကို ပြောပြဖို့အရေး သူမုန့်မှာပြီးသည်အထိ ထိုင်စောင့်နေရသည်။
Gulf: Sky ရေ ဒီနေ့အဖို့ မှာလို့ ပြီးဦးမှာလား
Sky: ပြီးပြီ။ ပြီးပြီ။ ဘာတွေလောနေလဲ။ ပြောစရာရှိတယ်ဆို။ ပြောလို့ရပြီ။
Gulf: Phi Mew ရဲ့ ငယ်ဘဝကို နင်သိလား။
ကျနော် မေးလိုက်တာနဲ့ မျက်နှာက ချက်ချင်းတည်သွားသော Sky။
Sky: နင် ဘယ်သူ ဘာပြောနေတာ ကြားခဲ့လဲ Gulf
ဖြစ်ကြောင်းကုန်စင်ကို ပြောပြတော့မှ သက်ပြင်းတစ်ချက်ချကာ စကားဆက်သည်။
Sky: နင် ကြားခဲ့တာ အမှန်တွေပဲ Gulf။ သူ အောင်မြင်လာတာကိုတောင် တချို့က မိဘကြောင့်လို့ ပြောနေကြတုန်း။ တကယ်က သူဘယ်လိုတွေ ရင်ဆိုင်လာရသလဲဆိုတာ ငါတို့ fanclub တွေ အသိဆုံး။ ဒီသတင်းတွေ ထွက်မလာအောင် မနည်းမြှုပ်ခဲ့ရတယ်။ သူ ပြန်ကြားရင်လည်း စိတ်မကောင်းဖြစ်မှာစိုးလို့။ အများကြီးတောက်ပရမယ့် ကောင်လေးကို မထိခိုက်စေချင်ဘူး။ Fan တစ်ယောက်အနေနဲ့ လုပ်ပေးနိုင်တာ သူ့ကို တတ်နိုင်သလောက် အများကြီးချစ်ပေးဖို့ရယ်၊ ကာကွယ်ပေးဖို့ရယ်ပဲ ရှိတယ်။
ကျနော် သိရတော့လည်း စိတ်မကောင်း။ Phi Mew ကို ထို နေလိုတောက်ပနေသော မျက်လုံးများဖြင့်သာ တောက်တောက်ပပ ပြုံးနေစေချင်သည်။ ဒီနေ့ မြင်ခဲ့ရသော မျက်လုံးများသည် အရင်လို တောက်ပမနေ။ တိမ်ဖုံးနေသော နေပမာ ရှိသည်။ သူပြန်ပြုံးလာနိုင်ဖို့ ကျနော် ဘာများလုပ်ပေးနိုင်မလဲ။
Sky: ဒါနဲ့ နင် Phi Mew ကို Fanclub ကလို့ ပြောခဲ့တာဆို
Gulf: အင်း ဟုတ်တယ်လေ။ အဲ့ဒါ ဘာဖြစ်လို့လဲ။
Sky: နင်လည်း သူ့ fan ဖြစ်သွားပြီပေါ့။ ရေးးးးးး ငါ အောင်မြင်ပြီ။ ငါ့ကြောင့် fan တစ်ယောက်တိုးလာပြီ ရေးးးး
Fan ဖြစ်သွားပြီလား ကျနော့်ကိုယ် ကျနော်လည်း မသိ။ သူ့ကို တောက်တောက်ပပ ပြုံးစေချင်သည်။ တောက်ပစွာ လင်းလက်နေစေချင်သည်။ ထိုအရာများသည် Fan တစ်ယောက်က ဖြစ်စေချင်သော အရာများလား။ ဒါဆိုရင်တော့ သူ fan ဖြစ်နေပြီ ထင်ပါသည်။
Sky: fan ဖြစ်ပြီဆိုတော့ နင် ငါနဲ့ တူတူ fansite admin လိုက်လုပ်တော့။ နှစ်ယောက်ပေါင်းပြီး fansite ထောင်လို့ရပြီ။
Gulf: ဟင် ငါ နင့်လို ဓာတ်ပုံတွေဘာတွေ မရိုက်တတ်ဘူးလေ။ ပြီးတော့ ငါ တစ်ခါမှလည်း လုပ်ဖူးတာမဟုတ်ဘူး။
Sky: ဓာတ်ပုံမရိုက်နဲ့လေ။ ငါရိုက်မယ်။ နင်က ထိုင်းလိုပိုကျွမ်းတော့ အင်တာဗျူးတွေ ဘာသာပြန်တာ ဘာညာလုပ်ပေးလေဟာ နော် နော်။ နင်ရှိပြီဆို ငါ ပိုအားရှိတာပေါ့ဟ နော် နော် နော်။
Gulf: ကောင်းပြီ ကောင်းပြီ။ ငါ့ကိုသင်ပေးပေါ့။
Sky: ဒါဆို IG အသစ်ဖွင့်။ ပြီးတော့ Twitter %%%%
လောလောဆယ်တော့ Sky ပြောသလို Fansite မှတဆင့် သူ့ကို အားပေးနိုင်မည်ဆိုလည်း မဆိုး။ ထိုအရာက သူ့ကို တကယ်ပျော်စေရင်လည်း ကျနော်ဖြစ်စေချင်သော ဆန္ဒဖြစ်လာသည့် သဘောပဲပေါ့။

နေကြာပန်းလေးရဲ့ပုံပြင် 🌻☀️ (Unicode/ZawGyi)Where stories live. Discover now