အပိုင်း က
Mild တို့အိမ်မှာ ကျနော်တို့ အိမ်လောက် မချမ်းသာ။ သို့သော် ကျနော်တို့ အိမ်တွင်မရှိသော တီဗွီဟု ခေါ်သော အရာနှင့် ရေဒီယိုဟုခေါ်သော အသံတွေထွက်တတ်သည့်အရာတစ်ခုရှိနေသည်။ ကျနော်တို့အိမ်တွင် ဘာလို့မရှိတာပါလိမ့်။ ကျနော်တွေးမိသည်။ Mild က တီဗွီကို ဖွင့်ပြသည်။ သီချင်းဆိုနေသောသူများ၊ တီးခတ်နေသောသူများ၊ မိုက်နှင့် အစီအစဉ်ကြေညာပေးသောသူများကို တွေ့ရသည်။ Mild ၏ မေမေက “ရှိုးပွဲလာနေတာပဲ။ ကြည့်ကြရအောင်” ဟု ပြောသည်။ ခဏနေတော့ မြင်ကွင်းတွေပြောင်းသွားသည်။ ခုနက သီဆိုနေခဲ့သောသူနှစ်ယောက်ကို တခြားသူတစ်ယောက်က မိုက် ထိုးပေးကာ စကားတွေပြောနေတာကို တွေ့ရသည်။ Mild ၏ မေမေကို မော့ကြည့်တော့ ပျော်နေသည်။ “အန်တီ သူတို့က ဘာလုပ်နေတာလဲဟင်။” သိချင်စိတ်နှင့် မေးမိတော့ Mild ၏ မေမေက ပြုံး၍ ဖြေသည်။ “သူတို့က အင်တာဗျူးလုပ်နေကြတာလေ။ ဒီဘက်က မေးတဲ့သူက ထိုင်းရဲ့ နာမည်ကြီး MC Khun Woody ပေါ့။ သူ့မေးခွန်းတွေက တအားကောင်းပြီး အနုပညာရှင်တွေရဲ့ စိတ်ကလေးတွေ၊ အပြုအမူလေးတွေကို ပေါ်လွင်စေလို့ လူတိုင်းက သဘောကျကြတယ် Gulf လေးရဲ့။” ကျနော် သိပ်နားမလည်သော်လည်း ထိုလူကြီးကို သဘောကျမိသည်။ အန်တီ့ကို ကြည့်ရတာလည်း သူ့ကို တော်တော်သဘောကျပုံရသည်။ ကျနော် သူ့လိုလူဖြစ်ချင်သည်။အပိုင်း ခ
“Gulf မင်း ဘာတွေကြည့်နေတာလဲ။” ဖေဖေ့အသံကို ကြားလိုက်ရသောကြောင့် လှည့်ကြည့်မိသည်။ ဖေဖေ့မျက်နှာသည် တခါမျှ ဤလောက် မမာဖူး။ ခုတော့ဖြင့် မျက်ထောင့်နီကြီးများဖြင့် ကြည့်နေသည်။ ကျနော် ပြာကျသွားတော့မလို ခံစားရသည်။ ကျနော် ဘာများလုပ်မိပါလိမ့်။ ကျနော်မသိ။ ဖေဖေ့က ကျနော့်လက်ကို ဆွဲကာ ခေါ်ထုတ်သွားသဖြင့် Mild တို့အိမ်မှ ထွက်လာရသည်။ အန်တီတို့ကိုပင် မနှုတ်ဆက်ခဲ့ရ။ အိမ်သို့ပြန်နေစဉ်လမ်းတွင် မြို့လယ်မှ ဖြတ်ရရာ အိမ်တစ်အိမ်မှ ဘိုးဘိုးက ဖေဖေ့ကို လှမ်းခေါ်သည်။ ထိုသို့ဖြင့် ထိုအိမ်ထဲ ဝင်လာခဲ့သည်။
Grandpa: Khun Sea ဘာတွေဖြစ်လာတာလဲ ဘိုးဘိုးကို ပြောပြပါဦး
Khun Sea: ဒီလောက်တားထားတဲ့ကြားက တီဗွီရှေ့ကို ရောက်ဖြစ်အောင် ရောက်သွားသေးတယ်။ ဒီကောင်လေးကို အိမ်ထဲပဲ ပိတ်ထားလိုက်ရတော့မလား ဘိုးဘိုး
Grandpa: စိတ်လျှော့ဦး Khun Sea။ ကလေးတစ်ယောက်အပေါ် အဲ့လောက်ပြင်းထန်စရာမလိုပါဘူး။ မင်းတို့ရဲ့ ကလေးကို မိဘကို ဘာမှ မပြောဘဲ လျှို့ဝှက်တတ်တဲ့၊ တအားတားလို့ ခိုးလုပ်တတ်တဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်းစေချင်တာလား။ တအားပြင်းထန်သွားရင် ကလေးနဲ့ မင်းတို့ကြား ဝေးသွားစေလိမ့်မယ်။ ကလေးကို ကလေးအလျောက် ပျော်ခွင့်ပေးလိုက်ပါ။ ဘေးက နည်းနည်းထိန်းကျောင်းပေးတာမျိုးနဲ့ လုံလောက်ပါပြီကွယ်။
Khun Sea: ဘိုးဘိုးလည်း အိပ်မက်အကြောင်းသိတာပဲ။ ကျနော် တတ်နိုင်သလောက် ကာကွယ်သင့်တယ် မဟုတ်လား။
Grandpa: ကာကွယ်တာတော့ ဟုတ်ပေမယ့် ကံကြမ္မာက ဖြစ်လာစရာရှိတယ်ဆို ဘာတွေပဲလုပ်လုပ် ရှောင်လွှဲလို့မရဘူး။ ကိုယ့်သားလေး ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းလာဖို့က ပိုအရေးကြီးတယ်မဟုတ်လား။
ဘိုးဘိုးရဲ့ ပြောစကားအဆုံးမှာ ဖေဖေ ငြိမ်ကျသွားသည်ကို တွေ့လိုက်ရသည်။ ကျနော်ကတော့ သူတို့ ပြောတဲ့စကားတွေကို နားမလည်။ အိပ်မက်ဆိုသည့်အကြောင်းလည်း ပါသည်။ ကျနော့်ကို ကာကွယ်ချင်သည်ဆိုတာကလည်း ပါသည်။ ဖေဖေ့စိတ်ထဲတွင် ဘာတွေရှိနေသလဲ ကျနော် တကယ် သိချင်မိသည်။
ထိုနောက်ပိုင်းတွင် ဖေဖေသည် ထိုကိစ္စနှင့် ပတ်သက်၍ ဘာမှ မပြောတော့။ အိမ်တွင် တီဗွီ ရေဒီယို အစရှိသည်တို့လည်း ရှိလာသည်။ ကျနော့ကိုလည်း အချိန်သတ်မှတ်၍ ရုပ်မြင်သံကြားအစီအစဉ်များကို ပေးကြည့်လာသည်။ ကျနော်ကတော့ တီဗွီဖွင့်သည်နှင့် အင်တာဗျူးအစီအစဉ်များ၊ သတင်းကြေညာသည်များ လာသည့် ချန်နယ်များကို ရွေးကာ တမေ့တမော ကြည့်မိတော့သည်။ ကျနော့ အိပ်မက်ကတော့ မပြောင်းလဲ။ ထိုသို့ ကြည့်ခွင့်လာဖို့အတွက် ကတိပေးထားရတာတော့ရှိသည်။ ဖေဖေနှင့် မေမေကို ဘယ်တော့မှ လျှို့ဝှက်ချက် မထားပါဘူးဆိုတာကိုပေါ့။
YOU ARE READING
နေကြာပန်းလေးရဲ့ပုံပြင် 🌻☀️ (Unicode/ZawGyi)
Fanfictionဒဏ္ဍာရီတွေထဲမှာတော့ နေမင်းကြီးက နေကြာပန်းလေးကို သတိမထားမိခဲ့ဘူးတဲ့။ နေမင်းကြီးလို တောက်ပနေတဲ့ Phi Mewကရော နေကြာပန်းလေးနဲ့တူတယ်လို့ပြောကြတဲ့ Gulf ဆိုတဲ့ ကျနော့်ကို သတိထားမိမှာလား။ ဘယ်လိုဖြစ်ဖြစ် ကျနော်ကတော့ နေကြာပန်းတို့ရဲ့ထုံးစံအတိုင်း Phi ဆိုတဲ့နေမ...