အပိုင်း က
ရေဒီယိုကလပ်ရှိရာ ဆက်ဆံရေးပညာဌာန (Faculty of Mass Communication) ဆီသို့ ကျနော် တစ်ယောက်တည်း လျှောက်လာခဲ့သည်။ ကျနော်တက်နေသော စီးပွားရေးမေဂျာဌာနနှင့် ဆက်ဆံရေးပညာဌာနသည် မျက်စောင်းထိုးလေးတင်။ အရမ်းမဝေး။ ကျနော်သာ အရွေးခံခဲ့ရလျှင် ဌာနမှလည်း သွားဖို့ အဆင်ပြေသလို ရေဒီယိုကလပ်မှပြန်လျှင်လည်း အဆောင်သည် သိပ်မဝေးသောကြောင့် တော်တော်အဆင်ပြေသည်။ ဒါကြောင့် မြို့လယ်အိမ်က အဘိုးက ပြောတာဖြစ်မည်။ ကျနော်သည် ကံကောင်းခြင်းများနှင့်အတူ မွေးလာသော နေကြာပန်းလေးဖြစ်သည်ဟုပင်။ နေကြာပန်းလေးဆိုသည်ကတော့ ကျနော်ငယ်ငယ်တည်းက နေကြာပန်းသိပ်ကြိုက်သောကြောင့် ဘိုးဘိုးက ချစ်စနိုးနှင့် ခေါ်ခြင်းဖြစ်သည်။ လျှောက်ရင်းနှင့်ပင် ဌာနသို့ ရောက်လာခဲ့ပြီ။ ကလပ်နေရာကို မသိသော မေးစမ်း၍ သွားရမည်ဖြစ်သည်။
Gulf: Sawasdee Krub, ရေဒီယိုကလပ် ဘယ်မှာရှိလဲ သိလားခင်ဗျာ။
Jimmy: Sawasdee ja, ညီက ရေဒီယိုကလပ် လာလျှောက်တာလား။
Gulf: ဟုတ်ပါတယ်ခင်ဗျ။ အစ်ကိုလမ်းညွှန်ပေးနိုင်မလားခင်ဗျာ။
Jimmy: ဒါပေါ့။ အစ်ကိုနဲ့ တူတူသာလိုက်ခဲ့တော့။ အစ်ကို့နာမည်က Jimmy လို့ခေါ်တယ်။ အခုပဲ ရေဒီယိုကလပ် အခန်းကို သွားဖွင့်မလို့ တစ်ခါတည်း လိုက်ခဲ့လိုက်နော်။
Gulf: ဟုတ်ကဲ့ Khun Jimmy Krub။ ကျနော် ပစ္စည်းတွေ ကူသယ်ပေးရမလား။
Jimmy: ရင်းရင်းနှီးနှီး Phi Jimmy လို့ပဲ ခေါ်လို့ရပါတယ်။ အဆင်ပြေရင် ဟိုသေတ္တာလေးတွေ သယ်ခဲ့ပေးပါလား ညီလေး။
Gulf: ဟုတ်ကဲ့ Phi Jimmy
Phi Jimmy နဲ့ တူတူ တက်လာရင်း အပေါ်ဆုံးထပ်မှာရှိတဲ့ ရေဒီယိုကလပ် အခန်းကို ရောက်လာတယ်။ အခန်းရှေ့မှာ ဘယ်သူမှတော့ ရှိမနေသေး။
Jimmy အင်တာဗျူးအချိန်က သုံးနာရီမှ မို့လို့ ဘယ်သူမှ မလာကြသေးဘူး။ ညီလေးက အစောဆုံးပဲ။
နာရီကို ကြည့်မိတော့ နှစ်နာရီတောင် မထိုးသေး။ စိတ်အားထက်သန်လွန်းပြီး အစောဆုံးရောက်လာသော ကိုယ့်ကိုယ်ကို တွေးမိတော့ ရယ်ချင်မိသည်။
Jimmy: ညီလေး ကိစ္စမရှိသေးဘူးဆို အစ်ကို့ကို အင်တာဗျူးအတွက် ခုံစီဖို့၊ စာရွက်စာတမ်းစီဖို့ ကူညီပါလား။
Gulf: ဟုတ်ကဲ့ Phi။
အလုပ်လုပ်ရင်း Phi Jimmy က မေးသည်။
Jimmy: ညီလေးက ရေဒီယိုကလပ်ကို ဘယ်လိုသိပြီးရောက်လာတာလဲ။
Gulf: ကျနော် အထက်တန်းတက်ကတည်းက ကျနော့်အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ဘာလုပ်ရမလဲ ရှာဖွေရင်း တွေ့ခဲ့တာ Phi။ ကျနော် ဒီတက္ကသိုလ်ကို ရွေးခဲ့တာလည်း အဲ့ဒါကြောင့်ပဲ။
ပြောရင်းနှင့် ကျနော့် ငယ်ဘဝအကြောင်းတွေပါ ပြောပြဖြစ်သည်။ Phi Jimmy ကလည်း နားထောင်ပေးသည်။ ခဏနေတော့ ကျောင်းသားများ တဖွဲဖွဲရောက်လာသည်။ စီနီယာအစ်ကိုအစ်မများလည်း ရောက်လာသည်။
Irene: ဥက္ကဋ္ဌက အရင်ရောက်နေတယ်ဆိုတော့ ကျန်တဲ့သူတွေတော့ ဒဏ်ကြေးပေးရတော့မှာလား
Gulf: ဥက္ကဋ္ဌ???
ကျနော် အလန့်တကြား ရေရွတ်မိတော့ Phi Jimmy က ထရယ်သည်။
Jimmy: Irene ရာ။ ခုမှ အင်တာဗျူးဖြေမယ့် ဂျူနီယာရှိနေတယ်လေ။ ကြောက်အောင် ရာထူးတွေ မပြောပါနဲ့။
ဘုရားရေ။ Phi Jimmy က ရေဒီယိုကလပ်ရဲ့ ဥက္ကဋ္ဌအသစ်ပေါ့။ မကြာသေးခင်က ရွေးကောက်ပွဲလုပ်တာကို homepage မှာ ကြည့်ရင်းနှင့် သိလိုက်ပေမယ့် ဥက္ကဋ္ဌအသစ်ကို မကြေညာသေးသောကြောင့် ကျနော် မသိ။ ခုနက ပြောတဲ့စကားတွေထဲမှာ အမှားတွေများပါသွားသလား ကျနော် ပြန်တွေးနေမိသည်။
Irene: မောင်လေး။ အပြင်ထွက်နေလို့ရပြီနော်။ ခဏနေ အင်တာဗျူးစတော့မှာ။ အရှေ့မှာ နာမည်စာရင်းဖြည့်သွားလိုက်ဦး။ အစ်မတို့ လှမ်းခေါ်လိုက်မယ်နော်။
Gulf: ဗျာ။ အာ ဟုတ်ကဲ့။
အယောင်ယောင် အမှားမှား နှင့်ပင် အပြင်ဘက်သို့ ထွက်လာခဲ့သည်။ အပြင်မှာ တန်းစီနေသော လူတန်းကြီးမှာလည်း ရှည်လွန်းလှသည်။ ကျနော် အင်တာဗျူးကို ဖြေနိုင်ပါ့မလား။ Phi Jimmy ကရော ကျနော့်ကို ဘယ်လိုထင်မလဲ။ အတွေးတွေ များလွန်းလှသည်။
![](https://img.wattpad.com/cover/231443315-288-k591110.jpg)
YOU ARE READING
နေကြာပန်းလေးရဲ့ပုံပြင် 🌻☀️ (Unicode/ZawGyi)
Fanfictionဒဏ္ဍာရီတွေထဲမှာတော့ နေမင်းကြီးက နေကြာပန်းလေးကို သတိမထားမိခဲ့ဘူးတဲ့။ နေမင်းကြီးလို တောက်ပနေတဲ့ Phi Mewကရော နေကြာပန်းလေးနဲ့တူတယ်လို့ပြောကြတဲ့ Gulf ဆိုတဲ့ ကျနော့်ကို သတိထားမိမှာလား။ ဘယ်လိုဖြစ်ဖြစ် ကျနော်ကတော့ နေကြာပန်းတို့ရဲ့ထုံးစံအတိုင်း Phi ဆိုတဲ့နေမ...