အခန်း ၁၁ 🌻

651 61 3
                                    


အပိုင်း က (Gulf)
အိပ်ကောင်းနေပြီဆို အသံတွေက ဆူညံနေရောပဲ။ Mild အသံက အကျယ်ဆုံးဖြစ်သည်။ “ဒီမှာ အိပ်နေတယ်လေကွာ၊ အသံနည်းနည်းလျှော့ပေးကြပါကွ” မျက်စိစုံမှိတ်အော်ပြီး တစ်ဖက်ကို ပြန်စောင်းအိပ်ဖို့ပြင်တော့ တစ်ခုခုနှင့် တိုက်မိသည်။ ဒါ ပုံမှန်မဟုတ်။ ကျနော့်အိပ်ရာထဲတွင် စောင်နှင့် ခေါင်းအုံးမှလွဲ၍ တခြားပစ္စည်းမရှိ။ ကျနော်ဘယ်ရောက်နေတာလဲ။ ပြန်တွေးတော့ ကားပေါ်မှာ အိပ်ပျော်သွားသည်ကို နောက်ဆုံးသတိရသည်။ ဒါဆို ကျနော့်ဘေးမှာ လူတစ်ယောက်အိပ်နေတာပေါ့။ Shiaa။ ဘယ်သူလဲသိချင်စိတ်ကြောင့် ချောင်းကြည့်ရန် မျက်လုံးကို တဖြည်းဖြည်းဖွင့်တော့ ကျနော့်ကို ဘေးက ကြည့်နေသော လူတစ်ယောက်မျက်လုံးနှင့် တည့်တည့်ဆုံသည်။ ထုံးစံအတိုင်းပင် ထိုမျက်လုံးများမှ ကျနော် ရုန်းထွက်မရပြန်။
Mew: အိပ်ရေးဝရဲ့လား ကလေးလေး
သူ့အသံကြားမှ ပြန်သတိဝင်သည်။
Gulf: Shiaa, ကျနော်က ဘာလို့ ဒီအခန်းထဲ ရောက်နေတာလဲ။ ကျနော် အိပ်နေတာ ကြာပြီလား။ ဘာလို့ မနှိုးတာလဲ။ Mild တို့ရော။ ဘာလို့ ကျနော်တို့ နှစ်ယောက်တည်းလဲ။
Mew: ဖြည်းဖြည်းမေးပါကွာ။ ခု ကိုယ်တို့ တည်းမယ့်ဟိုတယ်ကိုရောက်နေတာ။ ဒီကိုရောက်တာ နှစ်နာရီလောက်တော့ကြာပြီ။ ရောက်ခါစက နှိုးသားပဲ။ အတင်းအိပ်မယ်လုပ်နေတာနဲ့ ကုန်းပိုးပြီး ဒီအခန်းထဲခေါ်လာရတာ။ ခါးတောင်နာသွားပြီ။ Mild တို့က ထမင်းသွားစားဖို့ ခုလေးတင်ထွက်သွားတယ်။ စားချင်တာရှိရင် မှာလိုက်လေ။
Gulf: ကျနော် လိုက်သွားလိုက်မယ်။
Mew: သွားမယ်ဆို ကိုယ့်ကိုလည်း ခေါ်သွားပါ။ သူတို့အကုန်လုံးသွားကြတာ။ ကိုယ်က ဒီမှာ စောင့်ပေးမယ်ဆိုပြီး တစ်ယောက်တည်း နေခဲ့တာ။ ကိုယ့်ကို တစ်ယောက်တည်း မထားခဲ့ပါနဲ့။
ဒါ ဘယ်လိုချွဲမှုကြီးလဲဗျာ။ ဒီလူကြီးမှာ ဒီလိုတွေရှိမှန်း မထင်ထားခဲ့ဘူး။
Gulf: မသွားတော့ဘူး။ မှာပဲမှာလိုက်တော့မယ်။ အရင်မျက်နှာသွားသစ်လိုက်ဦးမယ်။
Mew: သေချာ ကိုယ်လက်သန့်စင်ခဲ့နော်။ ရေချိုးကူပေးရဦးမလား။
မျက်မှောင်တစ်ချက်ကြုတ်ကြည့်ပေးလိုက်တော့ ပြုံးဖြီးဖြီးနှင့် ပြန်ကြည့်သည်။ ဒီလူကြီးဟာ လူကို မရှက်ရှက်အောင် လုပ်နေတော့တာပဲ။
ရေချိုးပြီး ပြန်ထွက်လာတော့ Mild တို့ ပြန်ရောက်နေပြီ။ စားပွဲပေါ်မှာ သူကြိုက်သော ကြက်ပင်စိမ်းထမင်းကြော် တင်ထားသည်ကို တွေ့ရသည်။ Phi Mew လည်း ထိုင်နေပေမယ့် မတတ်နိုင်။ ဆာနေပြီဖြစ်သောကြောင့် သွားထိုင်လိုက်ရသည်။
Mew: အများကြီးစားနော်။
ခေါင်းတစ်ချက်ငြိမ့်ပြကာ စားရန်သာ အာရုံစိုက်လိုက်သည်။
Mew: ကိုယ်နဲ့ မိတ်ဆက်ဖို့ အစီအစဉ်မရှိဘူးလား
နှစ်ရက်ပဲတွေ့ရမယ့်သူကို ဘာလို့များ အဲ့လောက်စပ်စုနေရသလဲဆိုတဲ့ အကြည့်ဖြင့် ကြည့်ပေးလိုက်သည်။ ထိုလူကြီးက ဖြုံပင်မဖြုံ။
Mew: ကလေးက မပြောတော့လည်း ကိုယ်ပဲ ပြောရတော့မှာပေါ။ နာမည်က Gulf Kanawut။ ၄ ရက် ဒီဇင်ဘာ ၁၉၉၇ မွေးတယ်။ အရပ်က ၁၈၅ စင်တီ။ သွေးအုပ်စုက အေ။ အဖေနဲ့ အမေ နာမည်က Khun Sea နဲ့ Khun Coral။ ကမ်းခြေမြို့လေးတစ်မြို့မှာ မွေးတယ်။ ဟိုတယ်တစ်ခုပိုင်တယ်။ နေကြာပန်းကြိုက်တယ်။ အဖြူရောင်နဲ့ အမည်းရောင်ကြိုက်တယ်။ ပင်စိမ်းထမင်းကြော် အကြိုက်ဆုံး။ ဘောလုံးကန်တာ တော်တယ်။ ခု ချင်းမိုင်တက္ကသိုလ်မှာ စီးပွားရေးမေဂျာ တက်နေတယ်။ ချင်းမိုင်တက္ကသိုလ်ကို ရွေးတက်တာက ရေဒီယိုကလပ်မှာ ပါချင်လို့။ အစီအစဉ် host တစ်ယောက်ဖြစ်ချင်တယ်။ ပုစွန် allergy ရှိတယ်။ ငယ်ငယ်က ယောက်ျားလေးကျောင်းတက်ခဲ့တာ။ ရည်းစားလည်းမထားဖူးဘူး။ ခုလည်း ရည်းစားမရှိဘူး။ ဟုတ်တယ်မဟုတ်လား။
Gulf: ဘယ်သူက ကလေးလို့ ခေါ်ခိုင်းလို့လဲ။ ပြီးတော့ ကျနော့်ကို Stalk နေတာလား။
Mew: ၆ နှစ်လောက်ကွာနေတာ ကလေးပေါ့။ ဒါမှမဟုတ် တခြားနာမည်ခေါ်ပေးရမလား။ ကလေးက ပြောမှ မပြောပြတာ။ အဲ့တော့လည်း ကိုယ့်ဘာသာ ကလေးသူငယ်ချင်းတွေဆီပဲ မေးရတာပေါ့။
Gulf: Shiaaa Mild။ မင်း ငါ့သူငယ်ချင်းရော ဟုတ်ရဲ့လား။
Mild: Phi Mew က ငါ့ကို ဘောလုံးအင်္ကျီဝယ်ပေးလို့။
ဘောလုံးအင်္ကျီတစ်ထည်အတွက် သူငယ်ချင်းရဲ့ ကိုယ်ရေးအချက်အလက်အကုန်ကို ရောင်းစားတတ်သော သူငယ်ချင်းမျိုးရထားသည့် ကိုယ့်ကိုယ်ကိုပင် အပြစ်တင်ရပေမည်။
Gulf: ငါကတော့ မင်းကို လက်ဝါးပဲ ကျွေးမယ်။
ပြောပြောဆိုဆိုနှင့် ထရိုက်တော့ Mild က ပတ်ပြေးသည်။ သူ့နောက်ကို လိုက်ရင်း ခုံကို ခလုတ်တိုက်မိကာ လဲကျသည်။ သို့သော် အောက်ထိမရောက်သွားလိုက်။ တစ်ယောက်က လှမ်းဆွဲသည်ကို ခံစားရပြီး ရင်ခွင်ကျယ်တစ်ခုထဲ မျက်နှာက မြုပ်သွားသည်။
Mew: တကယ့် ရှပ်ပလာလေး။
Gulf: ကျနော့်ကို လွှတ်ပေး။
Mew: ကိုယ့်အကြောင်းရော မသိချင်ဘူးလား။
Gulf: မသိချင်ပါဘူး။
Mew: အင်းပါ။ ကိုယ့်အကြောင်းက ရှာဖတ်လည်း ရနေတာပဲ။ ပြီးတော့ Sky ကို မေးလည်း ရတယ်။ ကိုယ်တိုင်ပြောပြတာမှ နားထောင်ချင်တယ်ဆိုလည်း Line ကနေ စာပို့မေးလို့ရတယ်။
Gulf: ကျနော်က ဘာလို့ ရှာဖတ်ရမှာလဲ။
Mew: သိချင်စိတ်ပေါက်လာရင်ပြောပါတယ်။ ဒါနဲ့ ကိုယ့်ကို ဘယ်လိုခေါ်မှာလဲ။
Gulf: အရင်လွှတ်ပေးပြီးမှ စကားပြောလို့မရဘူးလား။
Mew: ဘယ်လိုခေါ်မှာလဲလို့။ စတွေ့တည်းက ခုထိ ဘယ်လိုမှ မခေါ်သေးလို့လေ။ Phi Mew လို့ ခေါ်မှာလား။ ဒါမှမဟုတ် ကိုကို လို့ ခေါ်ချင်လား။
Gulf: ဘာကိစ္စ ကိုကို လို့ ခေါ်ရမှာလဲ။ လွှတ်ပေးလို့ ဆိုနေ
Mew: တစ်ခုခုမခေါ်မချင်း မလွှတ်ပေးဘူး
Gulf: Phi Mew, Phi Mew။ ရပြီလား။ လွှတ်တော့။
Phi Mew က လွှတ်ပေးပြီး ကျနော့်မျက်နှာကို ပြုံးတုံ့တုံ့နှင့် ကြည့်သည်။ တခြားဟာတော့ မသိ။ ရှက်လွန်းသဖြင့် ကျနော့်နားရွက်တွေ ရဲနေမည်မှာ အသေအချာပင်။
Lay: အဟမ်း။ မနက်ဖြန်အတွက် စာသားမတိုက်ကြတော့ဘူးလား။
အခန်းထဲတွင် Mild၊ Sky နှင့် Lay တို့သာ ရှိနေ၍ တော်သေးသည်။ သူတို့ပဲရှိနေလို့ ထိုလူကြီးသည် ပိုအတင့်ရဲ၍ လိုက်စနေသည်လား။ တခြားသူများပါရှိနေလျှင် ရှက်လွန်း၍ ဘယ်လိုနေရမည်ဆိုတာကို သိမည်တောင် မဟုတ်။ စာသားတိုက်နေသည့် တစ်လျှောက်လုံးလည်း ကျနော် ဘယ်သူ့မျက်နှာကိုမျှ သေချာမကြည့်ရဲသဖြင့် ခေါင်းငုံ့၍သာနေရသည်။ Phi Mew အပါအဝင် Mild တို့အကုန်လုံးကတော့ ပြုံးစိစိနှင့်။
အပိုင်း ခ (Mew)
အလုပ်ကိစ္စတွေပြီးသွားတော့ Mew တစ်ယောက် ချင်းမိုင်ကနေ မပြန်ချင်ဘဲနှင့် ပြန်လာခဲ့ရသည်။ စိတ်ကတော့ ထိုကောင်လေးနားတွင် ကျန်ခဲ့သည်မှာ သေချာသည်။ သူ့ကို လိုလားဟန်မပြဘဲ ဂျစ်တိုက်နေခြင်းကပင် သူ့အတွက် ပိုပြီး သက်တောင့်သက်သာဖြစ်စေသည်။ ထိုကောင်လေးအား စနေရလျှင် အရာအားလုံး မေ့နေသည်အထိ။ (ဖုန်းနံပါတ်နှင့် Line id တော့ လုယူခဲ့တာပဲ။ စာပို့လျှင် စာပြန်ပါ့မလား။ စာမပြန်ရင် ချင်းမိုင်ထိ လိုက်သွားပြီး ပညာပေးလိုက်ဦးမယ်)။ ကိုယ့်ဘာသာတွေးပြီး ရယ်ရသည်။
ဒီရက်ပိုင်း ဟိုပေါက်စနှင့်လည်း စကားမပြောဖြစ်။ ပေါက်စကို ထိုကောင်လေးအကြောင်း ပြောပြရဦးမည်။ ကလေးလို့ သူခေါ်လိုက်လျှင် ရဲတက်သွားတတ်သော နားရွက်လေးများအကြောင်း၊ သူ့ကို မျက်မှောင်ကြုတ်ကြည့်၍ တွန့်သွားသော မျက်ခုံးလေးများအောက်မှ အမြဲကြည်နေတတ်သော မျက်လုံးလေးများအကြောင်း။ ပြောရင်းနှင့် သတိရလာပြန်သည်။ Sky ကို အကူအညီတောင်းကာ ခိုးရိုက်ခိုင်းထားသော ထိုကလေးပုံများကို ထုတ်ကြည့်မိသည်။ သူ အရင်က ရည်းစားတွေ ထားခဲ့တုန်းကတောင် ထိုကောင်မလေးများပုံ ဖုန်းထဲတွင်မရှိဖူး။ ခုတော့ဖြင့် ကောင်ငယ်လေးတစ်ယောက်ပုံတွေကို ခိုးရိုက်ခိုင်းသည့်အပြင် အထပ်ထပ်အခါခါ ကြည့်နေမိသော သူ့ကိုယ်သူလည်း နားမလည်။
ပေါက်စသည် ရင်ဖွင့်ဖော်ဖြစ်သည်။ စိတ်ညစ်စရာရှိနေချိန် သူနှင့်ပြောရလျှင် စိတ်သက်သာစေသည်။ တစ်ခုခုဆိုလျှင် တိုင်ပင်စရာ အဖော်ဖြစ်သည်။ ဒီကလေးကကျတော့ မတူ။ သူနှင့်ရှိနေလျှင် စိတ်ညစ်စရာဆိုတာ ဘာလဲဟု ပြန်မေးရမည်ဖြစ်သည်။ Skinship ခိုးခိုးလုပ်ရသည်ကိုပင် ပျော်နေမိသည်။
“ခုလိုပုံဆိုရင်တော့ ချင်းမိုင်မှာ ဘာတွေစားကောင်းလဲ ရှာထားရတော့မယ်ထင်တယ်။ ခဏခဏရောက်ဖြစ်တော့မှာဆိုတော့”
“ဗျာ ဘာလို့လဲ Phi Boss”
“ပြုံးနေလို့လေ”
“ဟာဗျာ Phi ကလည်း”
“Schedule တွေ ညှိတဲ့ထဲ ထည့်တွေးစရာပေါ်လာတော့မှာပေါ့။ Phi အဝတ်ထုပ်ရော ကားပေါ်တင်ထားရတော့မလား။”
“Phi ကို ခေါ်မယ်လို့ ဘယ်သူကပြောလဲ။ သွားမယ့်သွား တစ်ယောက်တည်းသွားပြီးတွေ့မှာပေါ့။”
“ဟာ အေးပါကွာ။ ဘယ်လိုသွားသွား ရုတ်တရက်ကြီး ထထွက်သွားတာမျိုးတော့ မလုပ်နဲ့နော်။ ဒီမန်နေဂျာကို အလုပ်ပြုတ်အောင် မလုပ်ပါနဲ့။”
“ဟား ဟား”
Phi Boss ပြောသလိုမျိုး သွားသွားတွေ့ဖို့ စိတ်ကူးက ဖြစ်လာသည်။ အတွေးနဲ့တင် ပျော်စေသော ထိုကလေးကို သူ့စိတ်ထဲတွင် တစ်နေရာပေးမိနေပြီဆိုသည်မှာ သေချာပါသည်။

နေကြာပန်းလေးရဲ့ပုံပြင် 🌻☀️ (Unicode/ZawGyi)Wo Geschichten leben. Entdecke jetzt