အပိုင်း က
မင်္ဂလာပါခင်ဗျ။ Mission Gulfsible အစီအစဉ်က ကြိုဆိုပါတယ်။ ဒီအစီအစဉ်ကတော့ အနုပညာရှင်တွေကို ဖိတ်ခေါ်ပြီး ကျနော်နဲ့တူတူ mission တွေကို အောင်မြင်အောင် ဆောင်ရွက်ရမယ့်အစီအစဉ်ဖြစ်ပါတယ်ဗျ။ ကျနော်ကတော့ အစီအစဉ် host Gulf Kanawut ဖြစ်ပါတယ်။ ဒီတစ်ပတ်အတွက် ဧည့်သည်ကတော့….
Mew တစ်ယောက် youtube ကနေ Gulf တင်ဆက်သည့် အစီအစဉ် ဗီဒီယိုကြည့်နေခြင်းဖြစ်၏။ ဒါဟာသူ့ရဲ့ ညစဉ်ပုံမှန်လုပ်နေကျ အကျင့်ဟုပင် ဆိုနိုင်နေလေပြီ။ ဘယ်လောက်ပဲ ပင်ပန်းလာလာ ရေမိုးချိုးပြီးသည်နှင့် တန်းမအိပ်နိုင်ဘဲ Gulf ပါသော ဗီဒီယိုတစ်ခုခုကို ကြည့်လိုက်ရမှ နေသာထိုင်သာရှိသည်ဟု ခံစားရသည်။ သူစာတွေပို့ချင်သော်လည်း ညဘက် ရေဒီယိုအစီအစဉ်တစ်ခုအတွက်ပါ တာဝန်ယူထားသည့် ထိုကလေး အလုပ်ပျက်မည်စိုး၍ ညဘက်တွေဆို Good Night လောက်ပဲ ပို့ဖြစ်သည်မှာ တစ်လလောက်ရှိပြီ။
ဘာလိုလိုနဲ့ Gulf ဆိုတဲ့၊ သူက ကလေးလို့ ခေါ်တတ်တဲ့ ကောင်လေးနဲ့ သိလာတာ လေးနှစ်ကျော်သွားပြီဖြစ်သည်။ ထိုကလေးလည်း ဘွဲ့ရသည်နှင့် အိမ်ကို ခွင့်တောင်းကာ Host လောကထဲ ပစ်ဝင်သည်။ အိမ်က အစကတော့ သဘောမတူဟု သိရသည်။ နောက်ကျတော့လည်း ထိုကလေးရဲ့ ခေါင်းမာမှုကို မခံနိုင်သည့်အဆုံး ခွင့်ပြုလိုက်ရသည်ပင်။
သူကိုယ်တိုင်လည်း ဒီလေးနှစ်အတွင်းတွင် အောင်မြင်မှုနှုန်းက ကြောက်ခမန်းလိလိ တက်လာခဲ့သည်။ ဇာတ်လမ်းတွဲများ၊ ရုပ်ရှင်များသာမက သီချင်းခွေတစ်ခွေပင် ထွက်ထားပြီး၍ ဒုတိယအခွေမှာ မကြာခင် ထွက်တော့မည်ဖြစ်သည်။ နိုင်ငံတကာမှ fanmeeting များကိုလည်း သွားရောက်ရ၍ သူမရောက်ဖူးသော နေရာမှာ ခပ်ရှားရှား။ ထိုကလေးကို လိုက်ရန်ခေါ်သော်လည်း အလုပ်ပျက်မည်ဆိုသည့်အကြောင်းပြချက်ဖြင့် ပြည်တွင်းခရီးစဉ်များသာလိုက်သည်။ ပြည်တွင်းလိုက်ဖို့တောင် မနည်းခေါ်ရသည့်အဖြစ်။ ဘာလို့ ကျနော့်ကို အဲ့လောက်ခေါ်နေရသလဲဟုမေးလာသည်ကို ချစ်လို့ လို့ ဖြေမိ၍ သူ့ကို တစ်ပတ်လောက်စကားမပြောတော့သည်က ရှိသေးသည်။ မနည်းလိုက်ချော့ထားရသည်။ ခုတော့လည်း သူချစ်တာကို ယုံသွားလို့ပဲလား၊ စနေတယ်ထင်လို့ပဲလားမသိ ဘယ်လိုမှ မတုံ့ပြန်တော့။ တခါတလေတော့ ထူးထူးဆန်းဆန်း စကားတွေပြောတတ်သည်။ ဥပမာ - နေကြတ်တာကို တားရမယ့်ကိစ္စရှိနေတယ်။ အဲ့ဒါပြီးမှ ကံကြမ္မာ ဘယ်လိုဖြစ်မလဲဆိုတာ စောင့်ကြည့်ရဦးမယ်။ အဲ့လိုစကားမျိုးတွေပြောနေချိန် မျက်နှာကလည်း တည်နေတတ်သေးသည်။ ဒီက နားထောင်ရသူကတော့ ဘာမှန်းကို မသိ။
ထူးခြားချက်တစ်ခုက ပေါက်စဆိုသော သူ့ Fan လေးနှင့် ထိုကလေးကို ပေးမတွေ့ပေးရသေးခြင်းပင်။ လေးနှစ်ကျော်အတွင်း တစ်ခေါက်မှတောင် တိုက်တိုက်ဆိုင်ဆိုင်မဖြစ်ဆိုသည့်အချက်မှာ တအားထူးဆန်းသော်လည်း ထိုသို့ပြောလျှင် အမျက်တော်ရှတတ်သည့် ကလေးကြောင့် သိပ်တောင်မတွေးရဲ။ အမျက်တော်ရှရခြင်းအကြောင်းအရင်းကိုလည်း သူမသိ။ ဟို ပေါက်စ ဆိုသည့် fan ကလည်း fanmeeting တိုင်းနီးပါးကို လိုက်သည်။ Gulf လိုက်သည့် ပြည်တွင်းပွဲများကိုသာ မလာ။ ထိုင်းမှာမနေတော့၍ပဲလား မသိ။ (A/N: လူကတူနေတာကိုး ဘယ်လိုနှစ်ကိုယ်ခွဲလာလို့ရမလဲ) ပေါက်စ က အရင်လိုပဲဖြစ်သည်။ နှာခေါင်းစည်းကို ဘယ်တော့မှ မချှတ်။ သူ့ကို တိုက်ရိုက်စကားမပြော။ လာတိုင်း နေကြာပန်းစည်းကြီးတစ်ခုယူလာတတ်သည်။ ထိုသို့ယူလာတိုင်း ဝတ္တရားမပြတ် နေကြာပန်းသိပ်ကြိုက်တတ်သည့် နေကြာပန်းကလေး Gulf ကို သူကလည်း သတိရစမြဲဖြစ်သည်။
Ring… Ring… Ring
“Hello Lay ပြောပါ။”
“ဟုတ်ကဲ့။ Phi စီစဉ်ခိုင်းထားတဲ့ fan letter event အတွက် content and design ပိုင်းကို စီစဉ်ပြီးပြီဆိုတဲ့ အကြောင်း လှမ်းပြောတာပါ။ Phi ဆီကို mail ပို့ထားလိုက်ပါပြီခင်ဗျ။”
“ကျေးဇူးပါ Lay ရေ။ Phi စစ်လိုက်မယ်။”
“ဟုတ်ကဲ့ခင်ဗျ။ ဒါဆို ကျနော် ဖုန်းချလိုက်တော့မယ်နော်။ Good night CEO အဲ Phi Mew”
“ဟား လုပ်ပြန်ပြီဟေး… Good night Lay”
ဒီလေးနှစ်အတွင်း သူ့အိပ်မက်တစ်ခုကိုလည်း ထပ်အကောင်အထည်ဖော်နိုင်ခဲ့သည်။ သူ့ကိုယ်ပိုင် စတူဒီယိုလေး တည်ထောင်ဖြစ်ခြင်းပေါ့။ စတူဒီယိုမှာ အခု Lay က အလုပ်လုပ်နေသည်။ Lay တစ်ယောက်ကိုပဲ သူ အလုပ်ခေါ်လို့ရခဲ့သည်။ ကျန်သောသူများက အကြောင်းပြချက်အစုံအလင်ဖြင့် ငြင်းကြသောကြောင့် ဘယ်လိုမှ ခေါ်မရ။ Mild က ဘောလုံးပဲကန်မည်တဲ့။ နိုင်ငံအသင်းလက်ရွေးစင်ထဲပါ ပါသွားတော့ သူ ခေါ်ဖို့ ဘယ်လိုမှမဖြစ်နိုင်တော့။ Sky ကတော့ သူငယ်ချင်းတစ်ယောက်နှင့်စပ်တူ ဘန်ကောက်မြို့ပေါ်တွင် ရုံးခန်းတစ်ခန်းဖြင့် မြန်မာနိုင်ငံသို့ ပစ္စည်းတင်ပို့သည့်အလုပ်ကို လုပ်သည်။ Fansite အနေဖြင့်လည်း ပစ္စည်းတွေထုတ်ရောင်းလိုက်သည်မှာ မနည်းမနော။ သူ့ပစ္စည်းအတွက် ဓာတ်ပုံရိုက်ပေးရတာနဲ့ လက်မှတ်ထိုးပို့ပေးရတာနဲ့ ခဏခဏတွေ့ဖြစ်သည်။ နဂိုလိုပဲ မပြောင်းမလဲ သူ့နောက် တကောက်ကောက်လိုက်နေတုန်းလည်း ဖြစ်သည်။ ဟိုကလေးကိုလည်း စတူဒီယိုမှာ အလုပ်ခေါ်တော့ ငြင်းလိုက်သည်မှာ သူက အလုပ်ရှင်လား၊ ထိုကလေးက အလုပ်ရှင်လားတောင် ဝေခွဲမရတော့သည်အထိ။ ဒါကြောင့် ထိုကလေးခေါင်းမာပြီဆိုလျှင် ဘယ်သူမှ တားမနိုင်။ ကလေးကို မတွေ့ရသည်မှာ တော်တော်ကို ကြာပြီဖြစ်သည်။
အရင်ညများလိုပင် Mew တစ်ယောက် Gulf ဆိုသော ကလေးအကြောင်း တွေးရင်း ပြုံးရင်းနှင့်ပင် အိပ်ပျော်သွားဦးမည်ထင်သည်။ ဒီညလည်း အိပ်မက်လှလှ မက်ပါဦးမည်။
YOU ARE READING
နေကြာပန်းလေးရဲ့ပုံပြင် 🌻☀️ (Unicode/ZawGyi)
Fanfictionဒဏ္ဍာရီတွေထဲမှာတော့ နေမင်းကြီးက နေကြာပန်းလေးကို သတိမထားမိခဲ့ဘူးတဲ့။ နေမင်းကြီးလို တောက်ပနေတဲ့ Phi Mewကရော နေကြာပန်းလေးနဲ့တူတယ်လို့ပြောကြတဲ့ Gulf ဆိုတဲ့ ကျနော့်ကို သတိထားမိမှာလား။ ဘယ်လိုဖြစ်ဖြစ် ကျနော်ကတော့ နေကြာပန်းတို့ရဲ့ထုံးစံအတိုင်း Phi ဆိုတဲ့နေမ...