အခန်း ၅ 🌻

745 69 4
                                    

အပိုင်း က
Kirigun မျိုးရိုး။ နာမည်ကြားလိုက်ရုံနှင့်ပင် ဖိမ့်ဖိမ့်တုန်ရလောက်အောင် သူတို့မိသားစု၏ ချမ်းသာမှုအရှိန်က ကြီးမားသည်။ စံအိမ်၏သခင်မသည် သားသမီးမထွန်းကားနိုင်။ ထို့ကြောင့် သခင်ကြီးက အငှားကိုယ်ဝန်ဆောင်ထားကာ ကလေးမွေးစေသည်။ ထိုကလေးကို သခင်မသည် ဘယ်လိုမှ မချစ်နိုင်။ ထို့ကြောင့် မျိုးရိုးနာမည်ပင် မဆက်ခံစေ။ ထိုကလေးသည် လူမှန်းသိတတ်စကတည်းက မျိုးရိုးနာမည်ဘာလို့မတူသလဲဆိုသော မေးခွန်းများကို ရင်ဆိုင်ခဲ့ရသည်။ သခင်ကြီးသည် နိုင်ငံခြားတွင် လုပ်ငန်းတိုးချဲ့ထားသည်ဖြစ်၍ ထိုင်းသို့ ပြန်မလာ။ ပြန်လာလျှင်လည်း တစ်ပတ်ထက်မပို။ သခင်မမှာလည်း ထိုကလေးအပေါ် ဂရုမထား။ အရှေ့တွင် ကျိကျိတက်ချမ်းသာသောမိသားစု၏ တစ်ဦးတည်းသောသားအဖြစ် လူအများအလယ်တွင် အရိုအသေပေးခံရသော်လည်း နောက်ကွယ်တွင် အတင်းပြောခံရသည်က များသည်။ ဤသည်က Mew Suppasit ၏ ငယ်ဘဝဖြစ်သည်။
ယခုမူ သူသည်လည်း မော်ဒယ်လောကတွင် နေရာရနေပြီဟု ဆိုနိုင်သည်။ Fanclub အများကြီး မရှိသေးသော်လည်း ယခု စီးရီးပြီးသွားလျှင် အောင်မြင်မှု တက်လာနိုင်မည်ဖြစ်သည်။ ပြီးတော့ သူ့မှာ သူ့ကိုသိပ်ချစ်သည့်၊ သူကလည်း ချစ်သည့် ချစ်သူ မေ လည်းရှိသည်။ ပျော်စရာတွေပဲ ဆက်ရှိလာတော့မည်ထင်သည်။ အိပ်ရာပေါ်လှဲလျက် Mew တစ်ယောက် တွေးမိနေခြင်းပင်။ တွေးရင်းနှင့်ပင် အိပ်ပျော်သွားခဲ့သည်။
အိပ်မက်ထဲတွင် နေကြာပန်းခင်းကြီးထဲ သူ ပြေးနေသည်။ နေကြာပန်းများက သူ့ဘက်ကို မျက်နှာမူလျက်။ အနောက်မှာလည်း လူတွေလိုက်နေသည်။  နေကြာပန်းခင်း၏ အလယ်တွင် လူတစ်ယောက်ရပ်နေတာကို တွေ့ရသည်။ ထိုလူက သူ့ဘက်ကို လှည့်ကြည့်လျက် ပြုံးပြရင်း လက်လှမ်းပေးသည်။ ထိုလက်ကို လှမ်းကိုင်လိုက်ရုံနှင့်ပင် အလွန်လုံခြုံသည်ဟု ခံစားရသည်။ အနောက်ကိုလှည့်ကြည့်တော့ လိုက်လာသော လူတွေ မရှိတော့။ သူ့လက်ကို ကိုင်ထားသော လူ၏ အပြုံးသည် အလွန်အေးချမ်းလှသည်။ ဘယ်လောက်ထိပြုံးနေသလဲဆို သူပါ လိုက်ပြုံးမိတဲ့အထိ။
Nong Mew!!!!
အော်ခေါ်သံကြောင့် သူနိုးလာသည်။ မျက်စိဖွင့်ကြည့်တော့ Phi Boss
“အိပ်နေတာကို Phi ရာ”
“အိပ်မနေနဲ့တော့ ဒီနေ့ ၁၀ နာရီ ရိုက်ကွင်းရှိတယ်လေ။ MBK မှာ။ ခု ရှစ်နာရီတောင် ကျော်နေပြီ။”
“ဟာ Phi ကလည်း စောစောမနှိုးဘူး။”
“Nong က ပြုံးပြီး အိပ်နေတာကိုး။ အိပ်နေရင်း မပြုံးတာ ဘယ်လောက်ကြာပြီလဲ။ အဲ့ဒါကြောင့် မနှိုးသေးတာ။ ဒါပေမဲ့ ခုက မနှိုးလို့ မရတော့လို့။”
Phi Boss ပြောမှ အိပ်မက်ထဲက အပြုံးပိုင်ရှင်ကို ပြန်သတိရသွားသည်။ ထိုအပြုံးပိုင်ရှင်ကို ဘယ်သောအခါမှ သူ မျက်နှာမမှတ်မိ။ သို့သော်လည်း ထိုအပြုံးကိုတော့ သူမှတ်မိသည်။ သူ့ကို အမြဲကူးစက်တတ်သော လှိုက်လှဲလွန်းသော အပြုံး။ ထိုအိပ်မက်ကို သူ့ဘဝတွင် ကောင်းမွန်သော အပြောင်းအလဲတွေ ဖြစ်လာတတ်သည့်ရက်တိုင်းတွင် မက်တတ်သည်။ ခုလည်း ထပ်မက်သည်ဆိုတော့ ဒီနေ့ ကောင်းသောအပြောင်းအလဲတစ်ခုခုဖြစ်လာဦးမည်ထင်သည်။

နေကြာပန်းလေးရဲ့ပုံပြင် 🌻☀️ (Unicode/ZawGyi)Where stories live. Discover now