အပိုင်း က (Gulf)
စောစောစီးစီး ဖုန်းမြည်သံကြောင့် ကျနော် နိုးလာရပြန်သည်။ ကြည့်လိုက်တော့ Mild
Gulf: ဘာတုန်းကွာ။ အိပ်ကောင်းနေတုန်းကို
Mild: လျှောက်သွားတုန်းက လျှောက်သွားပြီး ခုကျ အသေအလဲ အိပ်နေလိုက်။ ဒီနေ့ Champ လာမယ့်နေ့လေကွာ။ ကားဂိတ်သွားကြိုရမယ်။ မြန်မြန်လုပ်ပြီး ထွက်ခဲ့။
ဟုတ်သားပဲ။ ကျနော်မေ့နေလိုက်တာ။ မနေ့ညက Phi Mew နှင့် စကားပြောပြီးသည်နှင့် သီချင်းနားထောင်ပြီး အိပ်ပျော်သွားလိုက်သည်မှာ အိပ်မက်ပင်မမက်။ ထပ်ပြီး ဖုန်းဆက်ဆူနေဦးမည်ဆိုသည်နှင့် အလျင်အမြန်ပင် ရေမိုးချိုး ပြင်ဆင်ကာ ထွက်သွားလိုက်သည်။
ကားဂိတ်ရောက်တော့ Champ က ရောက်နှင့်နေပြီ။ ကျနော်တော့ ဒီနေ့တစ်နေကုန် သူငယ်ချင်းနှစ်ကောင်၏ မြည်တွန်တောက်တီးမှုကို ခံရတော့မည်ထင်ပါသည်။
Champ: ပေါ်လာကြသေးတယ်နော် တက္ကသိုလ်ကျောင်းသားတွေ
Mild: ငါက စောနိုးပါတယ်။ ဘယ်သူကြောင့် နောက်ကျလဲ မင်းလည်းသိတဲ့အတိုင်းပဲ
Gulf: ဟီး (ကိုယ့်အပြစ်နှင့်ကိုယ်ဖြစ်သောကြောင့် မျက်နှာချိုသွေးနေခြင်း)
Champ: မင်းသွားတွေမြင်ချင်လို့ လာတာမဟုတ်ဘူး။ မြန်မြန်သွားကြရအောင် ဗိုက်ဆာနေပြီ။ ငါ့ကို အထုပ်တွေနဲ့ အကြာကြီးစောင့်ခိုင်းတဲ့ကောင်တွေ
Gulf: မနက်စာအကောင်းဆုံးရတဲ့ဆိုင်ကို ငါလိုက်ပို့မယ်ကွာ။ ဝယ်တောင်ကျွေးဦးမယ်။ အဲ့လို ဆူအောင့်မနေနဲ့တော့။
ကံကောင်းထောက်မလို့ သူငယ်ချင်းနှစ်ယောက်လုံးက အစားအသောက်နှင့်ချော့လို့ရသူများဖြစ်နေသည်။ ဒီလိုနဲ့ ဆိုင်ကိုရောက်တော့ မှာပြီးချိန်မှာ Champ က စကားစသည်။
Champ: မင်း မနေ့က ဘန်ကောက်သွားသေးလား
Gulf: ဟင်
Champ: ဒီတိုင်းသိချင်လို့ မေးတာပါကွာ
Mild: အေး သူသွားတယ်။ သူငယ်ချင်းတစ်ယောက်နဲ့ တူတူ။ ဒါနဲ့ မင်းက ဘယ်လိုသိတာလဲ။
Champ: ဒါဆို ငါတွေ့တဲ့ဦးထုပ်က မင်းဦးထုပ် ဟုတ်နေတာပဲ။
Gulf: ….
Mild: ဘာတွေပြောနေတာလဲကွာ။ ငါ့လည်း ပြောပြကြပါဦး။
Champ: သူ့ ဦးထုပ်ကို သရုပ်ဆောင် Mew Suppasit IG မှာ တင်ထားတာတွေ့လို့။
Mild: မင်းပေးခဲ့တာလား Gulf။ Champ မင်းကရော Phi Mew ကို ဘယ်လိုသိ။
Champ: မင်းလည်း သိတာလား။ ငါ အခု Lam နဲ့ တွဲနေတယ်ဆိုတာ သိတယ်ဟုတ်။ သူက အဲ့မင်းသား fan။ မနေ့က MBK မှာ အဲ့မင်းသားက ရိုက်ကွင်းရှိတယ်ဆိုတာ သူပြောလို့သိထားတယ်ကွာ။ ညကျ IG မှာ Gulf ဦးထုပ်ပုံ တက်လာတော့ သူ ဘန်ကောက်သွားမှန်းသိတာ။ မင်းနဲ့ အဲ့မင်းသားနဲ့ ရင်းနှီးတာလား။
Gulf: ရင်းနှီးတာမဟုတ်ပါဘူးကွာ။
Champ: မရင်းနှီးရင် အဲ့ဦးထုပ်နဲ့ လက်ကိုင်ပဝါက သူ့ဆီ ဘယ်လိုရောက်။
Gulf: မနေ့က သွားရင်းနဲ့ ကိစ္စလေးတစ်ခုရှိလို့ ပေးခဲ့တာ။ ဒီတိုင်းပဲ။
Champ: မရင်းနှီးဘူးဆိုလည်း ပြီးတာပါပဲကွာ။ မင်းဒီကိုလာရဖို့အတွက် မင်းအဖေကို ပေးခဲ့တဲ့ ကတိတွေကိုမှတ်မိတယ် မဟုတ်လား Gulf။ အန်ကယ်တို့သိရင် မင်း ပြဿနာတက်လိမ့်မယ်။
Gulf: ငါ သိပါတယ်။ ငါ သတိထားပါ့မယ်။ ငါက ဒီတိုင်း သူ့ကို အားပေးချင်ရုံပါ။ အရမ်းရင်းနှီးတဲ့ထိ ဖြစ်လာမှာမဟုတ်ပါဘူး။ ဒီတိုင်း fan နဲ့ idol က စကားပြောသလိုပဲ ပြောဖြစ်တာ မနေ့ကလည်း။ ဖေဖေတို့ကို လျှို့ဝှက်ထားပေးပါကွာ နော်။ ငါ ရေဒီယိုကလပ်မှာ လုပ်နေတဲ့ကိစ္စရော၊ ဘန်ကောက်ကိစ္စရော။ Phi Mew fan ဖြစ်သွားတဲ့ ကိစ္စရော။
Champ: ငါတို့က လျှို့ဝှက်ထားပေးလို့ရတယ်။ ကိစ္စမရှိပါဘူး။
Mild: Gulf မင်းကိုဘာလို့ အန်ကယ်တို့က အဲ့လိုကတိတွေတောင်းပြီး တားနေလဲဆိုတာ မင်းမေးကြည့်ဖူးလား
Gulf: ဟင့်အင်း မမေးဖူးဘူး။ ဘာလို့လဲ။ အနောက်မှာ အကြောင်းတစ်ခုခုရှိတာလား။
Mild: မင်း မေးကြည့်သင့်တယ်ထင်တယ်။ အန်ကယ်တို့ကို ကိုယ်တိုင်မမေးချင်ရင်တောင် မြို့လယ်က အဘိုးကို သွားမေးကြည့်သင့်တယ်။
Gulf: မင်းတို့ တစ်ခုခုသိထားလား။
Champ: ငါတို့က ပါးစပ်ရာဇဝင်တွေကြားဖူးတာ Gulf။ မင်းကိုယ်တိုင် မေးကြည့်တာပဲ ကောင်းမယ်။
စကားဝိုင်းက ရုတ်တရက် တိတ်ဆိတ်မှုတို့ လွှမ်းမိုးသွားသည်။ တကယ်ပဲ ဖေဖေတို့ တားနေရတာ အကြောင်းတစ်ခုခု ရှိနေလို့များလား။ ဒီတစ်ခေါက် အိမ်ပြန်လျှင်တော့ ကျနော် မေးကြည့်ပါဦးမည်။
YOU ARE READING
နေကြာပန်းလေးရဲ့ပုံပြင် 🌻☀️ (Unicode/ZawGyi)
Fanfictionဒဏ္ဍာရီတွေထဲမှာတော့ နေမင်းကြီးက နေကြာပန်းလေးကို သတိမထားမိခဲ့ဘူးတဲ့။ နေမင်းကြီးလို တောက်ပနေတဲ့ Phi Mewကရော နေကြာပန်းလေးနဲ့တူတယ်လို့ပြောကြတဲ့ Gulf ဆိုတဲ့ ကျနော့်ကို သတိထားမိမှာလား။ ဘယ်လိုဖြစ်ဖြစ် ကျနော်ကတော့ နေကြာပန်းတို့ရဲ့ထုံးစံအတိုင်း Phi ဆိုတဲ့နေမ...