အခန်းထဲကို ဖြန့်ကြက်ဝင်လာတဲ့ နေရောင်ခြည်ကို ရှောင်ဖို့ ခိုနေကျ ရင်ခွင်တစ်ခုကိုလိုက်ရှာတော့ ဘေးက ဗလာဖြစ်နေတဲ့ အိပ်ရာနေရာလေးကပဲ စောင့်ကြိုတယ်။ အဝေးမှာ ရုပ်ရှင်သွားရိုက်နေတဲ့ သူက ညတွင်းချင်းကြီးတော့ ပြန်ရောက်မလာနိုင်ဘူးဆိုတာ နားလည်ထားပေမယ့် မသိစိတ်ကတော့ တကယ်မျှော်နေမိခဲ့တာ။ ပြောရမယ်ဆိုရင် ဒီနေ့ကို သူမရှိဘဲ တကယ်မဖြတ်ကျော်ချင်ဘူး။ ဒါကို ကျနော် သိပ်ချစ်ရတဲ့ ကိုကိုကလည်း သိချင်မှ သိမယ်။ ဘယ်လိုဖြစ်ဖြစ် ကျနော့်မွေးနေ့မှာတော့ ကျနော် သူနဲ့ တူတူ ရှိချင်တယ်။
ရုတ်တရက် တိုက်လာတဲ့ လေကြောင့် လန့်သွားခဲ့လို့ ဝရန်တာဘက်လှည့်ကြည့်တော့ ဝရန်တာတံခါးကို ပွင့်လျက်နဲ့ တွေ့ရတယ်။ ဟုတ်သားပဲ။ ကျနော် ညက ကိုကို ဖုန်းဆက်လာမလားလို့ စောင့်နေရင်းနဲ့ပဲ အိပ်ပျော်သွားခဲ့တာ။ ဒါကြောင့် တံခါးတွေတောင် မပိတ်ထားလိုက်ရဘူး။ တစ်ညလုံး လေတိုက်ခံပြီး အိပ်ထားတာကို သတိထားမိတော့မှ တစ်ကိုယ်လုံး ကိုက်ခဲနေပြီဆိုတာကိုပါ တွဲသတိထားမိလိုက်ရတယ်။ ခင်ဗျားမရှိတဲ့ရက်တွေကတော့ တကယ်ကို အဆင်မပြေမှုတွေနဲ့ စတာပါပဲ ကိုကိုရေ။
တွဲလာတာ လေးနှစ်ပြည့်ပြီးနောက်မှာ ပထမဆုံးအကြိမ်အဖြစ် မွေးနေ့မှာ တူတူမရှိတာက ကျနော့်အတွက်တော့ တကယ် ခံရခက်တယ်။ ပုံမှန်ဆို ကျနော့်မွေးနေ့တိုင်းဟာ ကျနော်အပျော်ဆုံးနေ့ပဲ။ ကိုကိုနဲ့ရှိနေသမျှ နေ့ရက်တိုင်းက ပျော်နေရတယ်ဆိုပေမယ့် မွေးနေ့ဆိုရင် ကိုကိုနဲ့ရှိနေရတဲ့ ကျနော်ဟာ ထူးထူးခြားခြား ပိုပျော်တယ်။ ဘာလို့လဲလို့ မေးရင်တော့ ချစ်သူနဲ့ရှိနေရလို့ပေါ့ လို့ ကျနော်ဖြေမိမယ်။ ဒါကို ချစ်သူရှိတဲ့လူတွေက နားလည်လိမ့်မယ်။ ကျန်တဲ့သူကတော့ သိချင်မှ သိမှာပေါ့။
(အိုင့်ကို မဖဲ့ပါနဲ့)
စိတ်က မှိုင်းပြနေလို့ အိပ်ရာက ထဖို့ မလုပ်တော့ဘဲ ခေါင်းအုံးပေါ်ကိုပဲ မျက်နှာအပ်လိုက်မိတယ်။ ဒီနေ့တော့ ကျနော် အိမ်ထဲက အိမ်ပြင်မထွက်တော့ဘူးလို့ တွေးနေတုန်းမှာပဲ…
Ringgg
[Happy Birthday Yayyyyy]
“အင်း Sky ကျေးဇူးတင်ပါတယ်”
[ဟင် နင့်အသံကြီးကလည်းဟာ။ ဘာဖြစ်နေတာလဲ။ နေမကောင်းဘူးလား]
“အင်း ကိုယ်လက်နည်းနည်းကိုက်နေလို့”
[ဖြစ်ရမယ်။ နင်က P’Mew မရှိတာနဲ့ ကိုယ့်ကိုယ်ကိုပါ ဂရုမစိုက်တော့ဘူး]
“ထားပါ။ နင် ဘာပြောဖို့ရှိသေးလဲ။ မရှိရင် ဖုန်းချလိုက်တော့မယ်”
[ဖြည်းဖြည်းပေါ့ဟဲ့။ ဒီည ငါတို့တွေ့ဖို့ပြောထားတယ်နော်]
“ငါ မလာ”
[မလာနိုင်ဘူးဘာညာ လုပ်မနေနဲ့။ နင်လာမယ်ပြောပြီးသားလေ။ နင့်သူငယ်ချင်းလေး ထိုင်းမှာ အမြဲနေခွင့်ရသွားတဲ့အထိမ်းအမှတ်ရယ်၊ မင်္ဂလာနှစ်ပတ်လည်ရယ် လုပ်မှာလေဟာ]
“အင်းပါ လာခဲ့မယ်”
[အဲ့ဒါတွေ ချစ်တာ။ ခြောက်နာရီ ဘားမှာနော်]
“အင်း”
[တက်တက်ကြွကြွ နေစမ်းပါဟယ်]
“နင်ပြောချင်တာ ဒါပဲ မဟုတ်လား။ ညမှ တွေ့ကြမယ်။ ငါ ပြန်အိပ်လိုက်ဦးမယ်။ တာ့တာ”
YOU ARE READING
နေကြာပန်းလေးရဲ့ပုံပြင် 🌻☀️ (Unicode/ZawGyi)
Fanfictionဒဏ္ဍာရီတွေထဲမှာတော့ နေမင်းကြီးက နေကြာပန်းလေးကို သတိမထားမိခဲ့ဘူးတဲ့။ နေမင်းကြီးလို တောက်ပနေတဲ့ Phi Mewကရော နေကြာပန်းလေးနဲ့တူတယ်လို့ပြောကြတဲ့ Gulf ဆိုတဲ့ ကျနော့်ကို သတိထားမိမှာလား။ ဘယ်လိုဖြစ်ဖြစ် ကျနော်ကတော့ နေကြာပန်းတို့ရဲ့ထုံးစံအတိုင်း Phi ဆိုတဲ့နေမ...