“မင်္ဂလာပါ။ ကျနော်ကတော့ Gulf ပါ။ ကိုကိုက မုန့်သွားယူနေလို့ ကျနော် ခဏကိုင်ထားပေးတာ။ ဒါနဲ့ ဒီနေ့ ကျနော် ခင်ဗျားတို့ရဲ့ Phi Mew ကြီးရဲ့ ဆိုးမှုတွေအကြောင်း ပြောပြမယ်။ ကျနော့်မှာ တိုင်စရာတွေအများကြီးရှိတယ်။ Phi Mew က တကယ်ကို အဆိုးကြီးဗျ။”“ဟာ ကလေးကလည်း ကိုယ်က ကလေးရှေ့မှာမှ ဆိုးတာ။ ကလေးကိုမို့လို့ ဆိုးတာ။ ကလေးကြောင့်ဆိုးတာ။”
“ကြည့်။ လိုက်လည်းမလိုက်ဘဲ ချွဲနေပြန်ပြီ။ ဟိုမှာကြည့် comment တွေ တက်လာနေပြီ။ ကျမတို့က လေ တွေပါတဲ့။ သူတို့နဲ့ စကားပြောလိုက်ဦး။ ကျနော် ကော်ဖီသွားဖျော်လိုက်မယ်။ (screen ကိုကြည့်¬) ကျနော်ပြန်လာမှ ဆက်တိုင်မယ်နော်။”
ကိုကိုနဲ့ ဖုန်းနဲ့ကို ထားခဲ့ပြီး ကျနော် နောက်ဖေးခန်းထဲဝင်လာခဲ့လိုက်သည်။ မီးဖိုချောင်ထဲမှာ ပန်းကန်ခွက်ယောက်တွေကို ကြည့်မည်ဆိုလျှင် အကုန်က စုံတွဲပစ္စည်းတွေချည်း။ အိမ်ကို တစ်ခေါက်မျှသာရောက်ဖူးသော FA လေး Mild ကတော့ ဘယ်တော့မှ ထပ်မလာတော့ဘူးဟုပြောသွားသည်။ RS တွေကို စိတ်နာသည်တဲ့။ ကျနော်တို့ကလည်း ကဲကဲသဲသဲစုံတွဲဟူသောနာမည်ကို ရလောက်အောင်ပင် သဲသည် ကဲသည်။ ဘယ်တတ်နိုင်မလဲ။ နှစ်ယောက်လုံးက တအားချစ်နေကြတော့လည်း… အဟိ။
ဒါနဲ့ ကျနော် Phi Mew လို့ မခေါ်တော့တာကို သတိထားမိကြတယ်ဟုတ်။ ကျနော်တို့ ပတ်သက်မှုက ကိုကိုဆိုတဲ့ နာမ်စားကို အဆင့်တက်သွားလောက်အောင်ထိ တိုးတက်နေခဲ့ပြီဖြစ်သည်။ ကျနော့်ကို အထင်လွဲတာတွေလည်း အကုန်ဖြေရှင်းပြီးပြီဖြစ်သလို ကျနော် ကိုကိုနဲ့ တစ်အိမ်တည်းတူတူနေပြီး ကိုကို့အလုပ်တွေ ကူလုပ်ရင်း ကိုကို့ကလေးလေးလုပ်လာတာ ခုဆို တစ်နှစ်ကျော်တောင်ရှိနေလေပြီ။ တစ်နှစ်ကျော်အတွင်း ကြုံခဲ့သမျှတွေကတော့ အများကြီး။
ဒီနေ့ကတော့ ကျနော်တို့ couple live ပထမဆုံးအကြိမ်လွှင့်ခြင်းဖြစ်သည်။ ကိုကိုနှင့် ပြန်တွေ့ပြီး လေးလအကြာတွင် ကျနော်တို့နှစ်ယောက်အကြောင်း fan တွေကို ပြောပြခဲ့သည်။ လက်ခံပေးကြမည်ဟု ထင်ထားပြီးသားဖြစ်သော်လည်း တုံ့ပြန်မှုများမှာ တအား လှိုက်လှဲလွန်းသောကြောင့် ပီတိဖြစ်ရသည်။ ကျနော်တို့နှစ်ယောက်နာမည် hashtag က trend နေခဲ့သည်မှာ တစ်ပတ်မျှကြာသည်။ ထို့ပြင် ကျနော် MC လောကထဲ ပြန်ရောက်လာသည်ကိုလည်း နွေးနွေးထွေးထွေးကြိုဆိုကြပြန်သည်။ MC လောကထဲ ပြန်ဝင်သည်ဆိုပေမယ့် ကျနော်လုပ်နေသည်မှာ Mew Suppasit Studio အောက်တွင်ဖြစ်၍ ကိုကို့အတွက် သီးသန့် MC ဖြစ်သည်။
YOU ARE READING
နေကြာပန်းလေးရဲ့ပုံပြင် 🌻☀️ (Unicode/ZawGyi)
Fanfictionဒဏ္ဍာရီတွေထဲမှာတော့ နေမင်းကြီးက နေကြာပန်းလေးကို သတိမထားမိခဲ့ဘူးတဲ့။ နေမင်းကြီးလို တောက်ပနေတဲ့ Phi Mewကရော နေကြာပန်းလေးနဲ့တူတယ်လို့ပြောကြတဲ့ Gulf ဆိုတဲ့ ကျနော့်ကို သတိထားမိမှာလား။ ဘယ်လိုဖြစ်ဖြစ် ကျနော်ကတော့ နေကြာပန်းတို့ရဲ့ထုံးစံအတိုင်း Phi ဆိုတဲ့နေမ...