အခန်း ၁၆ 🌻Ending

1K 67 3
                                    


အပိုင်း က (Gulf)
“ဟဲလို Gulf မြေးလေး အဆင်ပြေရဲ့လား”
“ဘိုးဘိုး… Phi Mew…”
ကူကယ်ရာမဲ့သလို စိတ် ဖြစ်နေချိန်တွင် ဖုန်းဆက်လာသူရှိသည်နှင့် မျက်ရည်က ကျစမြဲ။ မျက်စိရှေ့မှာတင် ဖြစ်ပျက်သွားသော ကိစ္စများမှာ ကျနော့်အတွက်တော့ လက်ခံရန် ခက်ခဲလွန်းသည်။
“မြေးလေး၊ ခု Mew က ဘာမှဖြစ်မှာ မဟုတ်ပါဘူးကွယ်။ ဘိုးဘိုးသိတယ်။ သူ အဆင်ပြေမှာပါ။ နေကြတ်မယ့်အချိန် မရောက်သေးပါဘူး။ နီးတော့နီးနေပြီ ဆိုပေမယ့်ပေါ့”
“ခု တကယ် ဘာမှ မဖြစ်လောက်ပါဘူးနော်”
“စိတ်မချရင်တော့ စောင့်ကြည့်ပေးနေဦးပေါ့၊ သူ သတိရလာရင် မြို့ကိုပြန်လာခဲ့ဦး။ ဘိုးဘိုး မှာစရာရှိတယ်။ အချိန်က နီးနေပြီ မြေးလေး။ မြေးလေး ဆုံးဖြတ်စရာ ကိစ္စတွေရှိနေတယ်။”
“ဟုတ်ကဲ့ ဘိုးဘိုး”

အပိုင်း ခ (Mew)
အမှောင်ထုကြီး က ပတ်လည်မှာ။ သူ ဘယ်ရောက်နေသည်ဆိုသည်ကိုပင် သူ သေချာမမြင်ရ။ ဒါပေမဲ့ မသိစိတ်က သူ့ကို ဒီအမှောင်ထုထဲမှာ ရှေ့ဆက်တိုးလျှောက်ဖို့ရန် တွန်းအားပေးနေသည်။ စိတ်ဆောင်နေမှုကြောင့် လျှောက်ကြည့်တော့ ရှေ့မှာ ဘေးမှာ ဘာမှကို မခံစားရ။ အရာအားလုံး ဗလာဖြစ်နေသည်။ “Phi Mew ၊ ပြန်လာပါတော့… ဒီမှာ အစ်ကို့ကို မျှော်နေတဲ့သူတွေ အများကြီးပဲ။” အမှောင်ထုထဲမှ ကြားရသော အသံ။ သူ ဒီအသံကို ဘယ်လိုလို့ မမှတ်မိဘဲနေပါ့မလဲ။ မသိချင်ယောင်ဆောင်၊ စိတ်နာပြီး မုန်းချင်ယောင်ဆောင်ပြီး နေခဲ့သောတစ်လျှောက်လုံး ဒီအသံကို သူ တအားလွမ်းနေခဲ့ရသည်။ သူ ဘာဖြစ်သွားမှန်းသေချာမသိပေမယ့် သူ့နားမှာ ကလေးရှိနေကြောင်းကိုတော့ သူခံစားမိနေသည်။ သူ မထိတွေ့ရသည်မှာ ကြာပြီဖြစ်သော ကလေး၏ လက်များကို လှမ်းကိုင်ရန် သူ့လက်ကို လှုပ်လိုက်မိတော့ ငိုသံစွက်နေသော အသံစူးစူးလေးကို ကြားလိုက်ရသည်။ ခဏနေတော့ အသံတွေအများကြီး ထပ်ကြားရပြီး သူ အမှောင်ထုထဲ ထပ်ရောက်သွားပြန်သည်။

အပိုင်း ဂ (Mew)
“Phi Mew ဘယ်လိုလဲ သက်သာရဲ့လား
တံခါးကို ဖွင့်ကာ ဝင်လာသော Mild ၏ မေးခွန်းကို ခပ်ပါးပါးပြုံးကာ ခေါင်းငြိမ့်ပြရင်း အနောက်က ပါလာမည့်သူများရှိဦးမလားဟု မျှော်နေမိသည်။
“Gulf ကို မျှော်နေတာလား”
“အင်း”
“Gulf က အလုပ်ထုတ်ခံလိုက်ရလို့ အိမ်ပြန်သွားတယ်”
“သူက ဘာလို့ အလုပ်ထုတ်ခံရတာလဲ။ Phi ပြုတ်ကျသွားလို့လား။”
“အင်း အဲ့ဒါလည်း ပါတာပေါ့”
“ဒါ သူလုပ်တာမှ မဟုတ်တာ”
“ဒါပေမဲ့ ပြောပြမယ့်သူ မရှိဘူးလေ Phi ရဲ့။ ပြီးတော့ fan တွေကလည်း ထွက်စေချင်ကြတယ်။ သူတို့ idol ထိသွားတာဆိုတော့လေ။”
စကားမပြောဘဲ နေသည့်အပြင် ခုတော့ ကလေးကို အလုပ်ပါ ထုတ်ခံရသည်အထိ သူ ဒုက္ခပေးခဲ့မိသလိုဖြစ်ကြောင်း တွေးမိတော့ စိတ်မကောင်းဖြစ်ရသည်။
“သူ အဆင်ပြေနေရဲ့လား”
“အင်း ပြေနေတယ် ထင်ပါတယ်။ ဒီနေ့လာတာ Phi Mew အခြေအနေလည်း လာကြည့်ရင်းနဲ့ သိချင်တာများ ရှိမလားလို့ ဖြေပေးဖို့လာခဲ့တာပါ။ Gulf ကို စကားမပြောတော့တာ fanboy နဲ့ Gulf နဲ့က တစ်ယောက်တည်းဆိုတာ သိသွားလို့ဆိုပြီး Gulf က ပြောတယ် ဟုတ်လား Phi”
“… အင်း ဟုတ်တယ်။”
“Phi Mew နေကြာပန်းလေးအကြောင်း ပုံပြင်ကြားဖူးလား”
“အင်း Gulf ပြောပြဖူးတယ်”
“အဲ့ ပုံပြင်က အပြင်မှာ တကယ်ဖြစ်လာတဲ့ပုံစံမျိုး ရှိတယ်ဆိုရင်ရော Phi ယုံမလား (Gulf အမေ အိပ်မက်အကြောင်း၊ အဖိုးပြောပြတဲ့အကြောင်းတွေ၊ Gulf အဖေနဲ့အမေကို ပေးထားရတဲ့ ကတိတွေ၊ မမျှော်လင့်ဘဲ Mew နဲ့ တွေ့ခဲ့ရင်း သဘောကျလို့ fanboy ဖြစ်ခဲ့ပေမယ့် အဖေနဲ့အမေကို ပေးထားတဲ့ကတိကြောင့် ကိုယ့်ကိုယ်ကို လျှို့ဝှက်ထားခဲ့တာတွေ၊ Gulf အနေနဲ့ ချင်းမိုင်မှာ ပြန်တွေ့ရတော့ လျှို့ဝှက်ထားဖို့ပဲ လုပ်ဖြစ်လိုက်တဲ့အကြောင်းတွေ ပြောပြ)
Mew တစ်ယောက် တအား တုန်လှုပ်သွားရသည်။ ကလေးက သူ့ကို ကာကွယ်ဖို့ရန် အမြဲ ပင်ပန်းနေခဲ့ရသည်ပဲ။ ဒါကို သူက မသိသည့်အပြင် ဖုံးကွယ်ထားရကောင်းလားဟု စိတ်နာရန်ပင် လုပ်ခဲ့သေးသည်။ ကလေးကို မေးကြည့်ဖို့တော့ ဘယ်တော့မှ မတွေးမိခဲ့။ အခုမှပင် အပြစ်ရှိသလို ခံစားလာရသည်။
“သူက Phi ကို ပြောပြဖို့ ဘာလို့ မလုပ်ခဲ့တာလဲ။”
“အဲ့ Program ရိုက်တဲ့နေ့မှာ ပြောပြဖို့ လုပ်နေခဲ့တာ။ ငါးနှစ်ပြည့်တဲ့နေ့မို့လို့လေ။ Phi Mew ကိုလည်း စာတွေ ပို့ထားမယ်ထင်တယ်။”
ဟုတ်သား… သူ စိတ်ဆိုးမည်ဟုပြင်ကာ ကလေး၏ ရှိသမျှ acc အကုန်လုံးကို block ထားမိသည်။ ခုမှ ဝင်ဖတ်ကြည့်တော့
[Phi Mew ကို နောက်အပတ်ကျ ပြောပြစရာရှိတယ် Surprise]
{Phi ကျနော့်ကို စကားပြန်မပြောတော့ဘူးလား]
[ကျနော်တို့ သိလာတာ ငါးနှစ်ပြည့်တော့မယ် သိလား]
[နေမကောင်းဘူးလားဟင်]
[ကျနော့်ကို စိတ်ဆိုးနေတာလား]
“Mild၊ Phi ကို Gulf ဆီ ခေါ်သွားပေးလို့ရမလား
“နောက်မှပေါ့ Phi၊ သူ တွေ့ဖို့ အဆင်သင့်ဖြစ်ရင် လှမ်းပြောပါမယ်တဲ့။ ခုတော့ ကျနော်ပြန်လိုက်ဦးမယ်နော်”
ဒီတစ်ခါ ပြန်တွေ့လျှင်တော့ ကလေးကို သူ သေချာတောင်းပန်မည်။ ပြီးတော့ ဘယ်တော့မှ ကလေးစိတ်ညစ်အောင်၊ စိတ်ပူရအောင် ထပ်မလုပ်တော့။ သူ့ကို စိတ်ပူနေတတ်သော နေကြာပန်းလေးကို သူ သတိတရနှင့် အမြဲ သူ့ဘေးမှာ ထားထားလိုက်ပါတော့မည်။
အပိုင်း ဃ (Gulf)
ဘေးဘီဝဲယာကိုကြည့်လိုက်တိုင်း နေကြာပန်းများကို မြင်နေရတတ်သည့် ဒီနေရာတွင် ကျနော် လာလာထိုင်နေတတ်သည်မှာ တစ်ပတ်ကျော်ပြီဖြစ်သည်။ တိတိကျကျပြောရလျှင် ကိုးရက်။ Program လုပ်နေစဉ်ဖြစ်သွားသည့် မတော်တဆမှုကြောင့် Phi Mew က ဆေးရုံတင်လိုက်ရသည့်အပြင် ရှိသမျှအပြစ်အားလုံးက လူသစ်ကလေး ကျနော့်ဆီ ရောက်လာခဲ့သည်။ “ဒီလောကထဲဝင်တာမကြာသေးတဲ့သူမို့ အဆုံးအရှုံးမကြီးပါဘူး… ဟိုကမင်းသားလေ၊ သူ့ကိုဘယ်လိုအပြစ်တင်လို့ရမလဲ… Gulf တောင်းပန်ပါတယ် ငါ ဒီဒါရိုက်တာအလုပ်ပြုတ်လို့မဖြစ်လို့ပါ...” စသည့် စကားများအောက်တွင် ကျနော်ပဲ ခေါင်းခံခဲ့ရကာ အလုပ်ထုတ်ခြင်းခံခဲ့ရသည်။ Phi Mew ကတော့ ဆေးရုံတွင် တစ်ပတ်ခန့်သတိမေ့နေခဲ့သည်။ သတိရတော့မည့်ပုံစံမြင်ရပြီး နည်းနည်းစိတ်ချရပြီဆိိုသည်နှင့် ကျနော် ဘန်ကောက်မှထွက်ကာ အိမ်ကို ပြန်လာခဲ့သည်။ ကျနော့်အတွက်တော့ သူ သတိမေ့နေစဉ်တစ်လျှောက်လုံး သူ့ဘေးမှာ နေ၍ စကားတွေပြောပေးခဲ့နိုင်ရုံနှင့်ပင် လုံလောက်ပါပြီ။
Ting (Message ဝင်သံ)
[မင်းအကြောင်း Phi Mew ကို ပြောပြခဲ့ပြီးပြီ သူငယ်ချင်း]
[တကယ်ကျေးဇူးတင်ပါတယ်။ ပြီးတော့ ငါ အကူအညီတောင်းထားတဲ့ကိစ္စလေး မမေ့ပါနဲ့နော်။]
[မင်း တကယ် အဲ့လိုလုပ်ဖို့ စဉ်းစားထားတာလား Gulf ။]
[အင်း… ငါ အဲ့လိုလုပ်မှ ဒီကိစ္စတွေ အကုန်ရပ်သွားမှာ Mild။ အန္တရာယ်များတဲ့ ကိစ္စတွေ Phi Mew ဆီမှာ ထပ်မဖြစ်လာစေချင်တော့ဘူး။ ငါလည်း ပင်ပန်းနေပြီ။]
[ချစ်ရတာ အဲ့လောက် ပင်ပန်းတယ်ဆိုရင် ဆက်မချစ်ပါနဲ့တော့လား ဟေ့ကောင်ရေ]
[ချစ်တယ်ဆိုတာ အဲ့လို လွယ်လွယ်နဲ့ ရပ်လိုက်လို့ ရတာမျိုးမဟုတ်လို့ပေါ့။ အစစအရာရာ ငါစိတ်ချပါရစေ။ ဟိုဘက်က စာရတာနဲ့ ငါမင်းကို ဆက်သွယ်လိုက်ပါ့မယ်။]
ဘာလိုလိုနဲ့ နေဝင်ချိန်ရောက်လာပြန်ပြီ။ နေမင်းကြီးကို ကြည့်နေတဲ့ နေကြာပန်းလေးတွေလည်း နေဝင်သွားတဲ့နောက် မျက်နှာလေးတွေ ညှိုးကျန်ရစ်ခဲ့ပြီ။ ကျနော်တော့ ကျနော့်နေမင်းကြီး မပျောက်ကွယ်သွားစေဖို့ အစွမ်းကုန် ကြိုးစားရပါဦးမည်။
Ting (Message ဝင်သံ)
[သောကြာနေ့ လုပ်ငန်းစမယ်တဲ့]
[ကျေးဇူးပဲ Tar။ နဂိုတိုင်ပင်ထားတဲ့ အစီအစဉ်အတိုင်းပဲ လုပ်ကြမယ်]
[ဟုတ်ကဲ့ Phi Gulf]
[ကျေးဇူးအများကြီးတင်ပါတယ်။ အစစအရာရာ ကူညီပေးတဲ့အတွက်]
Message ကိုဖတ်ပြီး ပြုံးလိုက်မိသည်။ နောက်သုံးရက်ပဲ ကျန်တော့သည်။ ဒီရက်တွေပြီးလျှင် ကျနော် ဘာဆက်ဖြစ်မည် မသေချာ။ အဖေတို့အတွက် အားနာမိသော်လည်း ကျနော် ဒီအရာကို လုပ်ကိုလုပ်မှဖြစ်ပါမည်။
အပိုင်း င (Mild)
“Phi Mew… Gulf နဲ့တွေ့ဖို့ သွားကြရအောင်။”
“အခုလား”
“အင်း အခု”
“ဒါဆို ဆရာဝန်ခေါ်ပေးပါဦး ဆေးရုံဆင်းပေးဖို့ ပြောရအောင်”
“Phi Mew က ဆေးရုံဆင်းလို့ မရသေးဘူးတဲ့ ဆရာဝန်ကပြောထားတယ်။ အဲ့တော့ ဆေးရုံမှာ အရှိပြပြီး ခိုးသွားရမှာ”
(Mew တွေဝေသွား)
“Phi သွားချင်မှပါ။ ဒါပေမဲ့ Gulf က
“သွားမယ် သွားမယ်… အခုသွားရအောင်”
တစ်လမ်းလုံး တက်ကြွနေသော Phi Mew ကို မြင်ရတော့ Mild တစ်ယောက် ဝမ်းနည်းမိသည်။ တကယ်ချစ်သော အချစ်တိုင်းသည် ဒီလိုခက်ခဲပင်ပန်းရသည်လား။ ဒီလိုဆိုလျှင်တော့ သူ မချစ်ချင်ပါ။ တစ်ဖက်က သူငယ်ချင်းကိုလည်း တားမရသောကြောင့် သူ ပြောသမျှ လုပ်ပေးနေရသော်လည်း လုံးဝ စိတ်မချနိုင်ပါ။ အခန့်မသင့်လျှင် ထိုသူငယ်ချင်းကို ဘယ်တော့မှ ပြန်မတွေ့ရနိုင်သောအဖြစ်ထိ ဖြစ်သွားနိုင်သည်။ တစ်ဖက်ကလည်း ထိုသူငယ်ချင်းက သိပ်ချစ်ရသော ယောက်ျားသားတစ်ယောက်။ ဆက်ဖြစ်လာမည့်အဖြစ်အပျက်များသည် ထိုယောက်ျားသားအပေါ် ဘယ်လောက်ထိ ဖြစ်သွားစေနိုင်မည်မှန်း သူမသိ။ သူငယ်ချင်းကို ဆုံးရှုံးလိုက်ရမည်ဆိုလျှင်တောင် ကျန်တစ်ယောက်ကိုတော့ မဖြစ်ဖြစ်သောနည်းဖြင့် အသက်ဆက်ရှင်ခိုင်းရပါမည်။ ဒါမှလည်း ထိုသူငယ်ချင်းလုပ်ခဲ့သမျှအကုန် လုပ်ရကျိုးနပ်မည်မဟုတ်ပါလား။
“ရောက်တော့မှာလား Mild”
“ဟုတ် ရောက်တော့မယ် Phi”
“တွေ့ရင်တော့ ပြေးဖက်လိုက်ဦးမယ်။ ဒါနဲ့ ပြေးဖက်ရင် သူ့ အဖေနဲ့ အမေက ဆူလောက်လား။”
“ဗျာ အဲ့ဒါတော့ ကျနော်လည်း မသိဘူးဗျ။”
တကယ်လို့သာ အထင်နဲ့ လက်တွေ့က လွဲနေခဲ့တာကို သိလိုက်ရလျှင် ယခု ပြုံးပျော်နေသော Phi Mew ဖြစ်သွားမည့်ပုံစံကို သူ တွေးပူမိပါသည်။
“အော် သားတို့ရောက်လာပြီပဲ။ Gulf က ဘန်ကောက်ကနေ ညနေလောက်ပြန်ရောက်မယ်ပြောတယ်။ သူ့အခန်း ထဲမှာ စောင့်နေနှင့်ပေါ့။ Mild သား ခေါ်သွားလိုက်နော်”
“ဟုတ်ကဲ့ခင်ဗျ”
Gulf အမေရဲ့ ပြောစကားအဆုံးမှာ ရှုပ်ထွေးသွားဟန်ဖြင့် လှမ်းကြည့်လာသော Phi Mew မျက်လုံးများကို သူ မသိချင်ယောင်ဆောင်လိုက်ရသည်။ သူကိုယ်တိုင် ပြောပြဖို့ရာ အဲ့လောက်သတ္တိတော့ မရှိပါ။ အခန်းထဲရောက်သည်နှင့် Gulf မှာထားသည့်အတိုင်း Gulf ရဲ့ ဖုန်းကို အရင်ရှာရသည်။
“Mild, Gulf အမေ ပြောသွားတာ ဘာအဓိပ္ပာယ်လဲ။ Gulf က တွေ့ချင်လို့ ခေါ်တာမဟုတ်ဘူးလား”
(ဖုန်းထိုးပေး) “ကျနော့်ကို Gulf က အကူအညီတောင်းလို့ပါ။”
အပိုင်း စ
ထိုးပေးလာသော ဖုန်းကို ယူကာကြည့်လိုက်တော့ note တစ်ခုကို တွေ့ရသည်။
ဒီစာကို ဖတ်နေတဲ့သူက Phi Mew လို့ ထင်ပါတယ်။ အရင်ဆုံး Phi Mew ကို လျှို့ဂှက်ထားခဲ့တာတွေအတွက် တောင်းပန်ချင်ပါတယ်။ ဒီအချိန်လောက်ဆို နေကြတ်မှာကို ကျနော်တားနိုင်ခဲ့ပြီ။ တားနေတဲ့ကြားက တဇွတ်ထိုးလုပ်ခဲ့မိလို့ တောင်းပန်ပါတယ်လို့ အဖေနဲ့အမေကို ပြောပေးပါ။ အစ်ကို ကျနော့်ကို နေကြာပန်းလေးတွေမြင်တိုင်း သတိရနေပေးပါနော်။ ကျနော် အစ်ကို့ကို သိခွင့်ရခဲ့လို့ တကယ်ပျော်ပါတယ်။ နောင်တလည်း မရခဲ့ပါဘူး။ အစ်ကို ဒီလိုပဲ အချိန်အကြာကြီး တောက်ပသွားပေးပါဦးနော်။ တစ်ခါမှ သေချာမပြောဖူးပေမယ့် ကျနော် အစ်ကို့ကို ချစ်တယ်။
“Mild တစ်ခုခု ပြောပြပါဦး။ ဘာတွေဖြစ်သွားတာလဲ။ Gulf က ဘယ်ရောက်သွားတာလဲ”
“ဒီနေ့ Han တို့ဘက်က Phi Mew ကို ဆေးရုံမှာ ဆေးထိုးပြီး တစ်ခုခုဖြစ်အောင်လုပ်ဖို့ လုပ်ထားတယ်။ အဲ့ဒါကြောင့် Phi Mew ကို ဒီကို ခေါ်ထုတ်လာခဲ့တာ။
“ဒါဆို Gulf ကရော။ မဟုတ်မှလွဲရော သူက…”
“ဟုတ်တယ် Phi ။ ကျနော်တို့ တားဖို့ လုပ်ပါသေးတယ်။ ဒါပေမဲ့ သူ မလုပ်ရင် မဖြစ်ဘူးဆိုပြီး…”
Mild ပြောပြသည်ကို Gulf အမေကပါ ကြားသွားသည်မို့ ငိုသံများ ထွက်လာသည်။ ဘာလို့ သူ လိုက်လာချိန်မှ သူ့ကလေးက ခွဲခွာသွားရသလဲ။ ဘာတွေဖြစ်သွားမှန်းပင် သူ သေချာမသိတော့။
“Mild ဘန်ကောက်ပြန်ရအောင်။ ဆေးရုံပြန်ကြမယ်။ Gulf ကို သွားတွေ့ရအောင်”
ခုချိန်မှာတော့ ပြန်ချင်စိတ်ကသာ တာဆူနေသည်။ ဘုရားမလို့ ဘာမှ မဖြစ်သေးပါစေနှင့်။ ထိုကလေးကို ဘာမှမဖြစ်စေလိုပါ။ သူ့ကြောင့် တစ်ခုခုဖြစ်ရသည်ဆိုလျှင် တကယ်ကို နာကျင်ရပေမည်။
“Aunty ဘာမှ စိတ်မပူပါနဲ့။ ဒဏ္ဍာရီတွေထဲက အဆုံးသတ်ကတော့ တစ်မျိုးပေမယ့် ကျနော်ကတော့ သူ့ကို ထွေးပွေ့ထားချင်ပါတယ်။ ဟင့်အင်း မဖြစ်ဖြစ်တဲ့နည်းနဲ့ ရအောင် ထွေးပွေ့ထားမှာပါ။ အချိန်ဘယ်လောက်ကြာကြာ ကျနော် သူ့ကို စောင့်နေပြီး ဒီနေရာကိုလည်း ပြန်ခေါ်လာခဲ့မှာပါ။”
ကတိအထပ်ထပ်ပေးကာ ပြန်လာခဲ့ရသော ဘန်ကောက်အပြန်ခရီးက တအားကို ရှည်ကြာလွန်းသည်ဟု ထင်ရသည်။ ဆေးရုံရောက်သည်နှင့် ဒဏ်ရာရထားသော ခြေထောက်ကိုလည်း ဂရုမစိုက်နိုင်။ ကလေးရှိနေမည်ဖြစ်သော သူ့ဆေးရုံခန်းဆီသို့ အပြေးအလွှားသာ သွားနေမိသည်။
ကလေး ကိုယ်လာပြီ…
တံခါးကို ဖွင့်လိုက်တော့ လူသူကင်းမဲ့နေသော ကုတင်တစ်ခုကသာ သူ့ကို ဆီးကြိုသည်။

နေကြာပန်းလေးရဲ့ပုံပြင် 🌻☀️ (Unicode/ZawGyi)Donde viven las historias. Descúbrelo ahora