အခန်း ၉ 🌻

650 54 0
                                    


အပိုင်း က (Gulf)
ဒီနေ့ အနုပညာရှင်ဘက်က အကြောင်းပြန်လာမည့်နေ့ဖြစ်၍ ကျနော်တို့ ရေဒီယိုကလပ်နှင့် ဓာတ်ပုံကလပ်မှ လူတော်တော်များများ စတူဒီယိုထဲတွင် စုနေကြသည်။ ကျနော်လည်း ငြိမ်ငြိမ်မနေနိုင်။ တအား စိတ်လှုပ်ရှားလွန်းနေသဖြင့် အခန်းထဲတွင် ပတ်လျှောက်နေမိသည်။ ဖုန်းသံတစ်ခုကြားလျှင်ပင် ရင်ထဲက တုန်ကာ အသက်ရှူရပ်မတတ် ဖြစ်နေသည်။ နဂိုက ပေါက်ပေါက်ဖောက်နေတတ်သော Sky ပင်လျှင် လုံးဝ ငြိမ်ကုပ်နေသည်ကို မြင်ရသည်။ ထိုစဉ် Phi Jimmy ၏ ဖုန်းသံ ထွက်လာသည်။ အခန်းထဲတွင် ရှိနေသူအကုန်လုံး ခန္ဓာကိုယ်များမတ်ကာ နားစွင့်နေသည်။ Phi Jimmy ကလည်း စပီကာ ဖွင့်မပြောသည့်အပြင် အခန်းပြင်တောင် ထွက်ပြီး သွားပြောလိုက်သေးသည်။
Gulf: ဒီကလူတွေက သိချင်နေပါတယ်ဆို လူကို စိတ်ထဲ ကလိကလိဖြစ်အောင် ထွက်သွားရတယ်လို့ဗျာ။
ကျနော် မကျေမနပ်နဲ့ ရေရွတ်မိတော့ အခန်းထဲက စီနီယာများက ပြုံးသည်။ ကျနော်ကတော့ မပြုံးနိုင်။
Jimmy: ဟူး ပြောရရင်တော့…
ဟိုဘက်က သဘောတူလိုက်ပြီကွ
All: Yayyyy
Jimmy: ဗီဒီယိုကို တအား သဘောကျကြတယ်။ Gulf စကားပြောတဲ့ပုံစံရော၊ ပြောတဲ့စကားတွေရော သဘောကျလို့ ပါဝင်ပါမယ်တဲ့ခင်ဗျာ။
တကယ်ကို အလုံးကြီးကျသွားသလိုပင်။ ကျနော် လုပ်နိုင်ခဲ့သည်။
Sky: ဒါနဲ့ အနုပညာရှင်က ဘယ်သူလဲ Phi
Jimmy: ဒါက မပြောပြဘူး။ ရောက်လာတဲ့နေ့မှ ကြည့်ကြတော့။ တော်ကြာ ရှိန်ပြီး အလုပ်သေချာ မလုပ်နိုင်မှာစိုးလို့။
ကျနော်လည်း သိချင်နေပေမယ့် Phi က မပြောပြသေးဘူးဆိုတော့ မတတ်နိုင်။ Sky ကတော့ မကျေမနပ်ဖြစ်နေပုံ ပေါ်သည်။
Sky: အရိပ်အမြွက်လောက်ပြောပြရင် ဘာဖြစ်မှာမို့လို့လဲ နော် Gulf
စ ချင်သောကြောင့် ပုခုံးပဲတွန့်ပြလိုက်တော့ စူပုတ်ကာ ဟိုဘက်လှည့်သွားသည်။
Jimmy: နှစ်ပတ်လည် အခမ်းအနားအတွက် အစီအစဉ်အသေးစိတ်ကို မပြောပြရသေးဘူးမို့ ခုပြောပြမယ်။ ကျနော်တို့က အခမ်းအနားအတွက် ဗီဒီယိုရိုက်ရုံတစ်ခုတည်းပါရမှာမဟုတ်ဘဲ သုံးခေါက်ပါရမှာပါ။ ပထမတစ်ရက်က ကျနော်တို့ ရေဒီယိုကလပ်နဲ့ ဓာတ်ပုံကလပ် က ရှာထားတဲ့ ရန်ပုံငွေတွေရယ်၊ ပါမောက္ခကပေးမယ့် ငွေရယ်နဲ့ ပေါင်းပြီး ပစ္စည်းတွေဝယ်ပြီး မိဘမဲ့ဂေဟာကို သွားလှူမှာဖြစ်ပါတယ်။ ဒုတိယရက်မှာတော့ ကျောင်းအကြောင်းနဲ့ပတ်သက်ပြီး ဗီဒီယို ရိုက်ပါမယ်။ တတိယ တစ်ခေါက်ကတော့ နောက်သုံးလေးရက်အကြာမှာ ကျောင်းရဲ့ ကွင်းပြင်မှာ ကျနော်တို့ရိုက်ထားတဲ့ ဗီဒီယိုကို ပြသွားမယ့်ရက်မှာ ပါဝင်ရမှာပါ။ ကျနော်တို့ ဖိတ်ထားတဲ့ အနုပညာရှင်က ပထမရက်နဲ့ ဒုတိယရက်တွေမှာ ပါဝင်သွားမှာပါ။ ဒီထိ အဆင်ပြေကြရဲ့လား ခင်ဗျ။
All: ဟုတ်ကဲ့ ပြေပါတယ်။
Jimmy: ဒါဆို တာဝန်လေးတွေ ခွဲယူကြရအောင်။ Gulf၊ ညီလေးက ဗီဒီယိုအတွက် စာသားရယ်၊ အလှူသွားလုပ်တဲ့အခါမှာ ကလေးတွေနဲ့ တွေ့ရင် ပြောပြဖို့ ပုံပြင်ရယ် ပြင်ထားပေးပါ။ အဲ့နေ့ကျ ညီပဲ ပြောရမှာဆိုတော့။
Gulf: ဟုတ်ကဲ့ Phi
Jimmy: Sky ကကျ အဲ့ရက်အကုန်လုံးမှာ behind the scene ပုံတွေ ရိုက်ပေးပါ။ ကူပေးဖို့ လူသုံးယောက်လောက် ထပ်ခေါ်လိုက်နော်။
Sky: ဟုတ်ကဲ့ Phi
Jimmy: ထပ်ပြီး….. ။ သုံးလေးရက်ပဲ ကျန်တော့တာမို့ အကုန်လုံး အားစိုက် လုပ်ကြရအောင်။
အလှူလည်း လုပ်ရမည့်အပြင် ကျောင်းအတွက်လည်း တစ်ဖက်တစ်လမ်းမှ ပါဝင်ပေးနိုင်မည်ဖြစ်သောကြောင့် ကျနော် အလွန် ပျော်နေမိသည်။
Sky: နင် ဘာပုံပြင်ပြောမှာလဲ။ သရုပ်ဖော်ဘာညာလိုရင် ကြိုပြင်လို့ရအောင်လေ။
Gulf: hmmmm……… နေကြာပန်းလေး ပုံပြင် ပြောမယ်။ ငါတို့ အဲ့နေ့ ကလေးတွေအတွက် နေကြာပန်းဝယ်သွားကြရအောင်။ တစ်ယောက်တစ်ပွင့်ပေးရင်းနဲ့ ပုံပြင်လည်း ပြောလို့ရတာပေါ့။
Sky: Gulf တစ်ယောက် နေကြာပန်းအကြောင်း မပြောမယ့်နေ့ကို စောင့်နေတယ်။ စောင့်နေတုန်းပဲ
Gulf: စောင့်မနေနဲ့။ ရောက်လာမှာ မဟုတ်ဘူးတဲ့။ ဟား ဟား
Sky: ဟဲ့ Phi Mew က ခရီးသွားရမယ့် အစီအစဉ်တစ်ခု ပါလာတယ်တဲ့။ ဘန်ကောက်က Fansite Admin ခုပဲ စာပို့တယ်။
Gulf: ဟုတ်လား ဘယ်ရက်တဲ့လဲ။ ငါတို့လည်း အဆင်ပြေရင် လိုက်ရအောင်လေ။ ခရီးထွက်ရတာပေါ့။
Sky: စိတ်မကောင်းစရာပဲ။ ငါတို့ပွဲလုပ်မယ့်နေ့ ကွက်တိပဲ။
Gulf: ဒါဆိုရင်တော့ ဘယ်တတ်နိုင်မလဲ။ ငါသွားပြီ Sky ရေ။ စာကြည့်တိုက်သွားပြီး စာသွားရှာလိုက်ဦးမယ်။
စာသားလည်း ကောင်းကောင်းပြင်ကာ အကောင်းဆုံးလုပ်နိုင်ကြောင်း ပြရမည်။ Mild ကိုလည်း အလှူအကြောင်းပြောကာ ခေါ်သွားရမည်။ စဉ်းစားရင်းနှင့်ပင် အလွန် ပျော်နေမိသည်။

နေကြာပန်းလေးရဲ့ပုံပြင် 🌻☀️ (Unicode/ZawGyi)Where stories live. Discover now