အခန်း ၈ 🌻

657 59 0
                                    


အပိုင်း က (Mew)
စီးရီးကတော့ အောင်မြင်စွာ ရိုက်ကူးပြီးစီးသွားခဲ့လေပြီ။ မကြာခင် ထုတ်လွှင့်ပြသတော့မည်ဖြစ်၍ ကြည့်ရှုသူများစေရန် အစီအစဉ် တစ်ခုပြီးတစ်ခုကို ပါဝင်၍ မျက်နှာပြကာ စီးရီးအကြောင်းကို မိတ်ဆက်နေရလေသည်။ နေ့တိုင်း မနက် ၈ နာရီလောက်မှ ည ၁၁ နာရီလောက်ထိ တစ်နေရာမှ တစ်နေရာကူးကာ အလုပ်ပိနေသော်လည်း သူ မပျက်မကွက်လုပ်ဖြစ်နေသော အရာတစ်ခုရှိ၏။ ပေါက်စအား စာပို့ခြင်းပင်။ မနက်ဆိုလျှင် နိုးပြီဆိုသော် စာလောက်ဖြစ်ဖြစ် ပို့လိုက်ပြီး ပေါက်စဆီက ပြန်စာတစ်စောင်ရမှသာ သူ တစ်နေ့တာအလုပ်ကို စနိုင်သည်။ နေ့လယ်ဆိုလည်း စာပို့ပြီးမှသာ စားဝင်သည်။ ညဘက်လည်း စာပို့ပြီးမှသာ အိပ်ပျော်သည်။ ပေါက်စသည် သူလိုအပ်နေခဲ့သော သူ့ကိုအနားလည်ပေးဆုံးသူဖြစ်သည်။ အခုချိန်မှ တွေ့ခွင့်ရခြင်းကို စိတ်မကောင်းဖြစ်မိသော်လည်း ဤအချိန်မှစ၍ အဆုံးထိ ပေါက်စနှင့် စကားတွေပြောရင်း နေသွားချင်သည်။ အတွေးနယ်ချဲ့နေမိပြီဆိုလျှင် ထုံးစံမပြတ် Phi Boss က ဝင်လာစမြဲဖြစ်သည်။ ခုလည်း Tablet ကို ယူ၍ အခန်းထဲ ဝင်လာသည်။
“ဒီနေ့ ညနေတော့ ဘာရှိုးမှ မရှိဘူးဆိုတော့ Mew အိမ်ပြန်နားလို့ရပြီ။”
“ဟုတ်ကဲ့ Phi”
“အိမ်မှာ နားရင်းနဲ့ ဒါလေးကြည့်။ အစီအစဉ်တစ်ခုက မင်းကို ဖိတ်ထားတာ။ သူတို့က ခုထိ ရေဒီယိုပုံစံလုပ်လာတာ။ ခုမှ ဗီဒီယိုပုံစံ စလုပ်မယ်ပြောတယ်။ မင်းကိုက အင်တာဗျူးဖို့မဟုတ်ဘဲ တူတူတင်ဆက်ဖို့အတွက် ဖိတ်တာ။ သူတို့ဟာကို နားထောင်ကြည့်လို့ သဘောကျတယ်ဆိုရင် လက်ခံလိုက်မယ်လေ။”
“ဘယ်လိုရေဒီယိုမျိုးလဲ Phi”
“တက္ကသိုလ်က လို့ ပြောတာပဲ။ Phi ကို ချိတ်လာတာက ကျောင်းသားတွေပဲ။ သူတို့ ဦးဆောင်လုပ်နေတာနဲ့ တူတယ်။ အသေးစိတ်တော့ မမေးရသေးဘူး။ ဒီညကျရင် အဲ့နေ့မှာ တူတူတင်ဆက်ရမယ့် DJ ရဲ့ ဗီဒီယိုကိုလည်း ပို့ပေးမယ်ပြောတယ်။ အဲ့ခါကျ ထပ်ပို့လိုက်မယ်။ လောလောဆယ်တော့ အရင်က ရေဒီယိုလွှင့်ထားတာတွေကိုပဲ နားထောင်ထားကြည့်လိုက်ဦး။ ခုတော့ ပြန်ကြစို့။”
“ဟုတ်ကဲ့ Phi”
သူ တက္ကသိုလ်ကနေ ဘွဲ့ရတာ နှစ်နှစ်လောက်တော့ရှိပြီမို့ တက္ကသိုလ်နယ်မြေထဲ ပြန်ဝင်ရမည့်အလုပ်မျိုးတော့ လုပ်ချင်မိသည်။ အရင်ဆုံးတော့ တွဲလုပ်ဖို့ ပြေမပြေ စစ်ဆေးရဦးမည်။

နေကြာပန်းလေးရဲ့ပုံပြင် 🌻☀️ (Unicode/ZawGyi)Where stories live. Discover now