အပိုင်း က (Gulf)
Ring Ring Ring
[ဟဲလို Sky ပြော။]
[ဒီနေ့တွေ့ဖို့ ပြောထားတာ မမေ့နဲ့နော်။ အရင်တွေ့နေကျ Cloudy Sky မှာပဲ တွေ့ကြမယ်]
[အင်း အင်း အလုပ်ဆင်းပြီးရင် လာခဲ့မယ်။ Bye]
[Bye]
Director: ရိုက်ကူးရေး ပြန်စကြစို့ Gulf ရေ။ အဆင်သင့်ပဲလား
Gulf: ဟုတ်ကဲ့ခင်ဗျ။ လာပါပြီ။
ဒီနေ့ ကျနော် စိတ်ထဲ လေးလံနေသည်။ ဒီနေ့တစ်နေ့တည်းတင် မနက်တည်းက ရိုက်လိုက်ရသည့် အခန်းပေါင်း မနည်း။ ကျနော်နှင့် တွဲဖက် host လုပ်မည့်သူသည် ပထမဆုံးအစီအစဉ်ဖြစ်၍ တော်တော်တုန်လှုပ်နေ၍ ခဏခဏ ပြန်ပြင်ရိုက်နေရသည်။ ဒါတင်မကသေး။ ဒီနေ့ကျမှပင် Phi Mew အတွက် သီးသန့်သုံးသော Sky ပေးထားသော ဖုန်းကို အားထုတ်သွင်းထားရသည့်အချက်ကလည်း ရှိနေသေးသည်။ ပုံမှန်ဆို အားသွင်းမည်မဟုတ်သော်လည်း ဒီညနေ twitter တွင် video တင်ပေးရမည်ဖြစ်၍ အားမသွင်းလို့မဖြစ်။ အမှန်တော့ ကျနော် fanboy ဖြစ်ကြောင်း၊ Phi Mew နှင့်လည်း ရင်းနှီးကြောင်း အသံလွှင့်ရုံမှ လုပ်ဖော်ကိုင်ဖက်များကို မသိစေချင်သေး။ ရိုက်ကူးရေးသာ လုပ်နေရသည်။ လူမမြင်စေရန် ဂိုထောင်ထဲတွင် အားသွားသွင်းခဲ့ခြင်းဖြစ်သော်လည်း စိတ်ကမဖြောင့်။ ဒီနေ့ကျမှ အချိန်ကလည်း ကုန်တာ ကြာလိုက်တာ။
Director: ရိုက်ကူးရေးပြီးပါပြီ။ အကုန် နားလို့ရပါပြီ။
ဒီနေ့အတွက် အလုပ်အကုန်ပြီးပြီဖြစ်၍ တော်တော်ကို စိတ်ပေါ့ပါးသွားသည်။ အချိန်ကိုကြည့်တော့ ညနေ ငါးနာရီ။ ခြောက်နာရီတွင် သူငယ်ချင်းတွေနဲ့ တွေ့ဖို့လည်း ချိန်းထားပြီးဖြစ်၍ စိတ်အခြေအနေက ပြန်ကောင်းလာမည်မှာ အသေအချာ။ ဒီအချိန်တစ်နာရီလောက်အတွင်းတော့ တခြားဘာကိစ္စမှ မကြုံရလောက်ဘူး ထင်ပါသည်။
တွေးရင်းနှင့် ပစ္စည်းတွေသိမ်းဖို့ရာ အားသွင်းထားသောဖုန်းကို သွားယူရန်ပြင်လိုက်စဉ် ဖုန်းကို နေရာမှာမတွေ့တော့။ ကျနော် ဒီနေရာမှာပဲ ထားခဲ့တာသေချာသည်။ ဒီဂိုထောင်ထဲသို့ ဘယ်သူမှလည်း မလာတတ်ပါ။ ဒါဆို ဖုန်းက ဘယ်ကိုရောက်သွားရသလဲ။
“ဒီဖုန်းကို ရှာနေတာလား”
“အော် Phi Han ။ ဒီကို ဘာလာလုပ်တာလဲဗျ။”
Han ဟု ခေါ်သော ထိုလူသည် Phi Mew နှင့် တစ်နှစ်တည်း အနုပညာလောကထဲ ဝင်လာသောသူဖြစ်သည်။ သို့သော် Phi Mew က ပထမဆုံး ရုပ်ရှင်ဖြင့်ပင် ပေါက်သွားပြီး သူကတော့ နောက်ကျန်ခဲ့သည်။ ထို့ကြောင့် မကျေနပ်မှုများနေသူဟု ဆိုနိုင်သည်။
Han: ဖုန်းလာပေးတာလေ Nong ။ Nong ဖုန်းမဟုတ်ဘူးလို့တော့ ငြင်းဦးမှာ မဟုတ်ပါဘူးနော်။ Phone ကိုဖွင့်ကြည့်တော့ Gulf ပုံတွေလည်း တွေ့တာမို့လို့လေ။
သေချာမဖွက်မိသော ကိုယ့်ကိုယ်ကိုပင် အပြစ်တင်ရပေမည်။ ခုမှတော့ ငြင်းမရတော့။
Gulf: ဟုတ်ပါတယ် Phi ။ ကျနော့်ဖုန်းပါ။ ပြန်ပေးလို့ရမလားခင်ဗျ
Han: ပေးမှာပေါ့။ Nong Gulf က Mew Suppasit ကို တော်တော်သဘောကျပုံပဲနော်။ Nong လိုလူက အဲ့လို ကပ်ပါးနဲ့ တက်လာတဲ့ကောင်ကို သဘောကျတာမျိုးက မမိုက်ဘူးကွ။ Phi ရဲ့ fan လုပ်ပါလား။ ဒါမှမဟုတ် faen (boyfriend) လုပ်မလား။
Gulf: Phi ပြောတာ လွန်နေပါပြီခင်ဗျာ။ Phi Mew က ကပ်ပါး မဟုတ်ပါဘူးဗျ။ သူ့အရည်အချင်းနဲ့သူ တက်လာတာပါ။ ပြီးတော့ Phi ရဲ့ ကမ်းလှမ်းချက်ကို ကျနော် စိတ်မဝင်စားပါဘူး။ (ဖုန်းကိုလုယူ)။ ဒါဆို သွားလိုက်ပါဦးမယ်ခင်ဗျ။
YOU ARE READING
နေကြာပန်းလေးရဲ့ပုံပြင် 🌻☀️ (Unicode/ZawGyi)
Fanfictionဒဏ္ဍာရီတွေထဲမှာတော့ နေမင်းကြီးက နေကြာပန်းလေးကို သတိမထားမိခဲ့ဘူးတဲ့။ နေမင်းကြီးလို တောက်ပနေတဲ့ Phi Mewကရော နေကြာပန်းလေးနဲ့တူတယ်လို့ပြောကြတဲ့ Gulf ဆိုတဲ့ ကျနော့်ကို သတိထားမိမှာလား။ ဘယ်လိုဖြစ်ဖြစ် ကျနော်ကတော့ နေကြာပန်းတို့ရဲ့ထုံးစံအတိုင်း Phi ဆိုတဲ့နေမ...