အပိုင်း က
၁၉၉၇ ခုနှစ်၊ မေလ။ ထိုင်းနိုင်ငံက ကမ်းခြေမြို့လေးတစ်ခု။ မြို့လေးက သေးသေးလေးနှင့် အေးချမ်းသည်။ ကမ်းခြေ၏ အလှအပမှာ တစ်မျိုးဆန်းသစ်နေသဖြင့် ပြည်တွင်းပြည်ပဧည့်သည်လာရောက်မှုများပြားသည်။ ထိုမြို့ကလေးတွင် နာမည်အကြီးဆုံး ဟိုတယ်မှာ Khun Sea ပိုင်ဆိုင်သော Wave ဟိုတယ်ဖြစ်သည်။ ကမ်းခြေဘက်ကို မျက်နှာမူထားသည့်အပြင် နေဝင်နေထွက်ကို ရှုစားနိုင်စေရန် နေရာ၊ ပါတီပွဲကျင်းပရန်နေရာ၊ မီးပုံပွဲကျင်းပရန်နေရာ စသဖြင့် ဝန်ဆောင်မှုများ ပေးထားသဖြင့် ဧည့်သည်များ၏ စိတ်ကျေနပ်မှုကို ရရှိထားသော ဟိုတယ်ဖြစ်သည်။ ထိုဟိုတယ်ကြီး၏ ဘေးရှိ နှစ်ထပ်အိမ်လေး၏ လသာဆောင်တွင် လူတစ်ယောက် အပြင်ကို ငေးရင်း အတွေးတွေ ဝေ့နေသည်။ ထိုသူမှာ Khun Sea ဖြစ်သည်။
Khun Sea ဆိုသူသည် နာမည်ကဲ့သို့ပင် ပင်လယ်ကို အလွန်ချစ်သူဖြစ်သည်။ သူ့မိန်းမနာမည်မှာလည်း Khun Coral ဟုခေါ်သည်။ ပင်လယ်ထဲက သန္တာကျောက်တန်းလေး။ တစ်ယောက်ကိုတစ်ယောက် မှီတည်နေသော ဖြစ်တည်မှုမျိုးပင်ဖြစ်သည်။ သူကလည်း သူ့မိန်းမကို အလွန်ချစ်မြတ်နိုးသည်။ ယခုမူ သူ့မိန်းမလေးမှာ ကိုယ်ဝန်လွယ်ထားရသည်မှာ သုံးလရှိပြီဖြစ်သည်။ သူနှစ်သက်သော ပင်လယ်မှာ စီးပွားရေးတစ်ခုကိုလည်း ပိုင်ဆိုင်ထားပြီးပြီ။ မြတ်နိုးရသော မိန်းမလည်း ရှိနေသည်။ မကြာမီ သူချစ်ရသော ကလေးတစ်ယောက်လည်း လူ့လောကသို့ ရောက်လာတော့မည်။ သူ့ဘဝလေးမှာ အတော်ကို သာယာသည်ဟု ဆိုနိုင်ပေမည်။
လသာဆောင်မှာ ရပ်ပြီးတွေးနေရင်းနှင့် ဘေးက အရိပ်တစ်ခုကို မြင်လိုက်ရသည်။ လှည့်ကြည့်လိုက်တော့ သူချစ်ရသော Coral။ အဝါနုရောင် ဗိုက်ဖုံးအင်္ကျီလေးနှင့်ပင် တအားလှနေသည်။
"Coral မအိပ်သေးဘူးလား"
"Phi ကျမ အိပ်ရမှာကို ကြောက်နေတယ်။ တနင်္ဂနွေနေ့ ပြန်ရောက်လာပြန်ပြီ။ ဟို အိပ်မက် ပြန်မက်နေမှာစိုးတယ်"
"မမက်လောက်ပါဘူး Coral ရယ်။ တကယ်လို့ ထပ်မက်ခဲ့ရင်တောင် ဘာမှမဖြစ်ပါဘူး။ ကိုယ်တို့ ဘိုးဘိုးကိုသွားမေးဖို့ တွေးထားပြီးသားပဲဟာ။ ဘိုးဘိုးဆီက သိရမှ ကိုယ်တို့ ဆက်တွေးကြရအောင်နော်။ ခုတော့ အိပ်ပျော်အောင် အိပ်ကြရအောင်။ တော်ကြာ အထဲကသားလေးက အားမရှိဘဲ နေဦးမယ်။"
"ဒါဆို ကျမကို ချော့သိပ်ပေး။ အထဲက သားလေးလား သမီးလေးလား မသိတဲ့ပေါက်စလေးက ရှင့်အသံကို လွမ်းနေပြီတဲ့။"
"သိပ်ရမှာပေါ့။ လာ ဖြည်းဖြည်းလျှောက် သွားအိပ်ကြမယ်။"
YOU ARE READING
နေကြာပန်းလေးရဲ့ပုံပြင် 🌻☀️ (Unicode/ZawGyi)
Fanfictionဒဏ္ဍာရီတွေထဲမှာတော့ နေမင်းကြီးက နေကြာပန်းလေးကို သတိမထားမိခဲ့ဘူးတဲ့။ နေမင်းကြီးလို တောက်ပနေတဲ့ Phi Mewကရော နေကြာပန်းလေးနဲ့တူတယ်လို့ပြောကြတဲ့ Gulf ဆိုတဲ့ ကျနော့်ကို သတိထားမိမှာလား။ ဘယ်လိုဖြစ်ဖြစ် ကျနော်ကတော့ နေကြာပန်းတို့ရဲ့ထုံးစံအတိုင်း Phi ဆိုတဲ့နေမ...