အခန်း ၁၃ 🌻

642 61 0
                                    


အပိုင်း က
ပြန်သတိရလာတော့ ကျနော် မမြင်ဖူးသော မျက်နှာကျက်ဖြူဖြူ။ ဘေးမှာတော့ Mild ရှိနေသည်။
Mild: သတိရလာပြီလား လူစွမ်းကောင်းကြီး။ ကိုယ်ခံပညာတတ်တယ်ဆို?? ဘာလဲ ကိုယ်က ခံရတဲ့ပညာမို့ ကိုယ်ခံပညာလား (အရိုက်ခံရတာ၊ အထိုးခံရတာကို ပြောတာပါနော်)
Gulf: တယ် ငါပိတ်ရိုက်လိုက်ရ
ပြောသာပြောရသည်။ လူက မလှုပ်နိုင်။ တစ်ကိုယ်လုံး နာကျင်နေသည်။ ဖြစ်ခဲ့သမျှကို ပြန်တွေးကြည့်တော့ ဖုန်းကို သတိရသည်။
Gulf: Mild ဖုန်းရော။ Sky ကို ပေးလိုက်လား
Mild: ငါ ပြန်ထွက်လာတော့ မတွေ့တော့ဘူး သူတို့ကို။ အဲ့ဒါနဲ့ Security ခေါ်ပြီး မင်းဆီပဲ ပြေးလာလိုက်တာ
Gulf: ဖုန်းပေးပါဦး။ Sky ဆီ ဗီဒီယိုပို့ပြီး အဲ့အမျိုးသမီးက ဘယ်သူလဲ မေးရမယ်။
Mild: ဟင် သူက ဘယ်လိုလို့ သိနိုင်မှာလဲ။
Gulf: သူသိလိမ့်မယ်။ မယုံရင် ခဏစောင့်ကြည့်။
ပြောရင်းနှင့်ပင် Sky ဆီကို ဗီဒီယိုထဲက အမျိုးသမီးပုံကို screenshot ပို့ရင်း ထိုအမျိုးသမီးအကြောင်း သိချင်ကြောင်း ပြောလိုက်သည်။ သုံးမိနစ်ကြာတော့ Sky ဆီက ဖုန်း ဝင်လာသည်။
Sky: အဲ့အမျိုးသမီးက Phi Mew ရဲ့ Ex ပဲ။ ဟိုတလောလေးကမှ ပြတ်သွားတာ။ သူ့အကြောင်း အသေးစိတ်ကို ငါ နင့်ကို မေးလ်ပို့လိုက်ပြီ။
Sky ရဲ့ စကားကိုကြားတော့ Mild က ပါးစပ်အဟောင်းသား။ Fangirl တွေရဲ့ ရှာဖွေနိုင်စွမ်းကို ဒီကောင် အခုမှ ကြုံဖူးခြင်းဖြစ်သည်။
Gulf: အေး ကျေးဇူးပဲ Sky။ ငါ စစ်ကြည့်လိုက်မယ်။
Sky: အင်း လိုတာရှိရင် ပြောဦးနော်။
Gulf: အေး အေး။ ငါ နင့်ကို အကူအညီတောင်းစရာထပ်ရှိမယ်ထင်တယ်။ မနက်ဖြန်ထပ်တွေ့မှ ပြောကြတာပေါ့။
Sky: အိုခေ။ ဂွတ်နိုက်
မေးလ်ထဲက ထိုအမျိုးသမီးအကြောင်းကို ဖတ်ကြည့်လိုက်တော့ ထိုအမျိုးသမီးရဲ့ နောက်ခံအင်အားက မသေးလှကြောင်း တွေ့ရတော့ Phi Mew ရဲ့ ပွဲမှာ သူတို့လုပ်လာနိုင်တာတွေအတွက် စိတ်မောမိသည်။ တော်ပါသေးရဲ့။ ပွဲမှာ Host လုပ်ဖို့ကို ကျနော်သဘောတူလိုက်လို့။ အနည်းဆုံးတော့ Phi Mew နားမှာ ကျနော်ရှိနေနိုင်မည်ဖြစ်သည်။
Line ထဲခဏဝင်လိုက်တော့ Phi Mew စာပို့ထားတာတွေ့သည်။ ကျနော် Host လာလုပ်မယ်လို့ ပြောလို့ ပျော်တယ်ဆိုတဲ့အကြောင်း။ စာကို Seen ပြလိုက်မိရုံလေးရှိသေးသည်။ ထပ်ပြီး စာဝင်လာသည်။
[ဘန်ကောက်ရောက်နေတယ်ဆို]
[ဘယ်လိုသိတာလဲ]
[ဒီလိုပဲ။ ကလေးဆီကိုပဲ စိတ်ကရောက်နေတော့ အလိုလိုသိနေတာ]
အမလေး အဲ့လူကြီးမို့လို့ အဲ့လိုစကားတွေကို မတုံ့မဆိုင်း ချက်ချင်းရိုက်ပြီး ပြန်ပြောနိုင်တယ်။ ဒီမှာတော့ သူ့အတွက်နဲ့ အထိုးခံထားရတာ။ Fanboy Mood ပျောက်ပြီး Gulf Mood ပြန်ရောက်လာသည်။
[စကားကို အတည်မပြောတတ်ဘူးလား။]
[မနက်ဖြန် တွေ့လို့ရမလား]
[မရဘူး။ ကျနော်မအားဘူး။ အစည်းအဝေးရက်မှ လာခဲ့တော့မယ်။ မေးလ် ပို့လိုက်။]
[အာ့ဆို ဖုန်းကိုင်။ video call ပြောမယ်]
[မကိုင်ဘူး]
[မကိုင်ရင် လိုက်လာမှာနော်။ ဘယ်မှာလဲသိတယ်။]
[မကိုင်ဘူးဗျာ]
[ဒါဆို လိုက်လာစေချင်တယ်ပေါ့]
ထိုလူကြီးက ပြောရင် ပြောတဲ့အတိုင်း လုပ်တတ်သည်မို့ ဖုန်းကိုင်လိုက်ရသည်။ ကိုင်ပြီးမှ ဒဏ်ရာတွေရှိနေတာ သတိရသည်။ မြင်သွားတော့မှာပဲ။
ထင်သည့်အတိုင်းပင်။ မြင်သွားပြီး မျက်လုံးက ဆယ်ဆလောက်ပြူးလာကာ အသံကလည်း မြင့်လာသည်။
Mew: မျက်နှာက ဘာတွေဖြစ်ထားတာလဲ။
Gulf: ပြုတ်ကျထားတာ
Mew: ဘယ်လိုပြုတ်ကျထားလို့ မျက်နှာက အဲ့လောက်တောင် ဖူးရောင်သွားရတာလဲ။ ချစ်စရာမျက်နှာလှလှလေးတော့ ကုန်ပါပြီကွာ။ ဘယ်တုန်းက ပြုတ်ကျတာလဲ။ ဘယ်မှာ ပြုတ်ကျတာလဲ။ ပြုတ်ကျတုန်းက ဘယ်သူဘေးမှာရှိလဲ။
Gulf: ဖြည်းဖြည်းမေးပါဗျာ။
Mew: မ ဖြည်းဖြည်း နိုင်ဘူး။ ခဏလေးနော် ပြန်လာခဲ့မယ်။
ဘာတုန်း ဒီလူကြီးက။ သူပဲ ဖုန်းအတင်းကိုင်ခိုင်းပြီး ခုကျ သူပဲ အရင်ချသွား။ နားလည်ရခက်လိုက်တာ။ တွေးနေရင်း တစ်နေကုန် ဘာမှမစားရသေးတာကို အတွေးရောက်တော့ ဗိုက်က အသံပေးသည်။ Mild ကို လှမ်းကြည့်တော့ ဖုန်းကို တတွတ်တွတ်နဲ့ ပြောနေတာတွေ့ရပြန်၍ မုန့်ယူခိုင်းဖို့ကလည်း မပြေ။ ဒါပေမဲ့ ဗိုက်က မခံနိုင်တော့။
Gulf: ဗိုက်ဆာတယ် ဟေ့ကောင်ရေ။ ဖုန်း မြန်မြန်ပြောပါဟ။
Mild: ဟေ အေး လာပြီ လာပြီ။ ထမင်းစားမလား
Gulf: မင်းအဘက ဒီလိုထိုးခံထားရတာ ထမင်းဘယ်လိုဝါးနိုင်မလဲ
Mild: ဆန်ပြုတ်မှာထားတယ် ခဏစောင့်
Gulf: မင်း ဘယ်တုန်းက မှာလိုက်တာလဲ။
Mild: ခုနကလေ
တင်း တောင်
Mild: ဟော ဆန်ပြုတ်လာပြီထင်တယ်။ ငါသွားတော့မယ်နော်။
Gulf: ငါ့ကို ထည့်ကျွေးသွားဦးလေ။ ငါက ဒီဒဏ်ရာတွေနဲ့ ကိုယ့်ဘာသာ ထ ထည့်သောက်ရမှာလား
“ကိုယ်ထည့်ပေးမှာပေါ့။”
ဒီအသံကြီး ရင်းနှီးနေပါတယ်ဆိုပြီး တံခါးဘက်ကို လှမ်းကြည့်တော့ Phi Mew။ ဒီလူကြီးက ဘယ်လိုရောက်လာတာလဲ။ Mild ကို လှမ်းကြည့်တော့ ပြုံးစိစိနဲ့။ ဒီ လဒလေးကတော့ သူငယ်ချင်းကို ရောင်းစားပြန်ပြီထင်တယ်။
Gulf: မလိုပါဘူး ရတယ်။
Mew: မရပါဘူး။ မျက်နှာတင်မဟုတ်ဘူး။ တစ်ကိုယ်လုံး ထိထားတာပဲ။ ဘယ်လိုဖြစ်ရတာလဲ ကလေးရယ်။
အဲ့ ကလေးဆိုတဲ့ နာမ်စားလေးတစ်ခုက ကျနော့်နားရွက်အစုံကို နီရဲနေစေသည့်အပြင် အထဲက နှလုံးသားကိုပါ အငြိမ်မနေလောက်အောင်ထိ ပြုလုပ်နိုင်သည်။
Mew: Mild ဘာလုပ်နေတာလဲ။ ပြန်တော့လေ။
Mild: ကျနော့်သူငယ်ချင်းကို စိတ်ချမယ်နော်။ သူ တစ်ကိုယ်လုံး နာနေတာနော်။ တစ်ခုခုဆိုလည်း ဖြည်းဖြည်းသက်သာလုပ်။
Gulf: S**t Mild
Mild: အိမ်သာသွားချင်ရင်တွဲပေးတာဘာညာ ပြောတာပါဟ။ သွားပြီနော်။
Mew: အေး အေး။ ကလေးက ဒီမှာ စောင့်နေဦးနော်။ ကိုယ် ဆန်ပြုတ်သွားထည့်လိုက်မယ်။
Gulf: ရပါတယ်။ ကျနော့်ဘာသာ လုပ်လိုက်မယ်။
Mew: အဲ့လောက်ထိထားတာကို ငြိမ်ငြိမ်နေစမ်းပါ။ တစ်ခွန်းမကျန်ပြန်ခံပြောနေရင် အဲ့နှုတ်ခမ်းက ပိုရောင်လာလိမ့်မယ်။ မသက်သာမချင်း လာနေမှာနော်။ ခဏခဏတွေ့ချင်လို့လား
ချက်ချင်း ပါးစပ်ကို ပိတ်လိုက်ရသည်။ ခဏခဏတော့ တွေ့ချင်ပေမယ့် ဒီလူကြီးကိုတွေ့တိုင်း အကြိမ်ကြိမ်ခုန်နေသောရင်ကို ကျနော် မထိန်းနိုင်တော့မှာ စိုးသည်။ fan တစ်ယောက်ထက်ပိုသော ခံစားချက်များ သူ့တွင် ရှိနေပြီဟု တွေးလိုက်တိုင်း အဖိုးပြောသောစကားများက ခေါင်းထဲရောက်လာသည်။
Mew: ဒီမှာ ဆန်ပြုတ်ရပြီ။ လက်တွေလည်း ထိထားတာပဲ။ ကိုယ် ခွံ့တိုက်မယ်။
Gulf: ရပါတယ်။ ကျနော့်ဘာသာ
Mew: မလုပ်ရပါဘူးဆိုနေ။ လက်က ပိုနာလာမှာနော်။ နေ့တိုင်းလာနေရမလားပြော။
ဘာမှ ပြန်မပြောနိုင်တော့၍ အသာတကြည် ပါးစပ်ကို ဟ ပေးတော့ ကလေးတစ်ယောက်ကို ခွံ့သလို စိတ်ရှည်လက်ရှည်ခွံ့ပေးသည်။ စားပြီးသွားတော့ ကျနော်အိပ်ရာပေါ်လှဲမည်ပြင်တော့ သက်တောင့်သက်သာလှဲရအောင် နေရာချပေးသည်။ ပြီးတော့ ကျနော့်ဘေးတွင်ထိုင်ကာ မျက်နှာကို ကြည့်နေပြန်သည်။
Gulf: မပြန်ဘူးလား
Mew: ပြန်မှာပေါ့။ Mild ကို ပြန်လာဖို့ ပြောထားတယ်။ ရောက်တာနဲ့ ပြန်မှာပါ။
တိတ်ဆိတ်မှုက လွှမ်းမိုးနေသော အခန်းထဲတွင် ကျနော်တို့ နှစ်ယောက်တည်း။
Mew: တစ်ခုခုလုပ်မှာစိုးနေလို့လား။ အိပ်ပါကွာ ဘာမှ မလုပ်ဘူး။ ထိုင်ကြည့်ရုံပဲကြည့်နေမှာ။
ကျနော့်ဆီကနေ ရိုးရာမပျက် အဆဲစကားလေးထွက်လာတော့ သူက ပြုံးသည်။ ထိုအပြုံးများသည် တောက်ပမြဲတောက်ပဆဲ။ ထိုအပြုံးများကို ကျနော် အမြဲကာကွယ်ပေးချင်ပါသည်။

နေကြာပန်းလေးရဲ့ပုံပြင် 🌻☀️ (Unicode/ZawGyi)Where stories live. Discover now