ရှထန်ပြည်ကြီးရဲ့ နေဝင်တရော်အခါမှာ
အနောက်တောင်စွယ်စူးစူးဆီမှ..အနီရောင်နေဝန်းကြီးပျောက်ကွယ်သွားတာကို ကြည့်ရှု့နေတဲ့ ပိုင်ဂိုဏ်းချုပ်ကြီး လုပိုင်ချီ။နံ့ဘေးမှ သားဖြစ်သူကို သဘာဝရဲ့အလှတရားတချို့ကို ပြသနေပြီး.."ဖုန်းချင့်ချီ သား ဟိုတချိန်တုန်းက ဒီနယ်မြေမှာ နတ်ဘုရားတွေရဲ့ ဒဏ္ဏာရီတွေရှိခဲ့တယ်ဆိုတာ
မသိတဲ့သူ ခပ်ရှားရှားရယ်။
ဘဝတစ်ခု အစပြုပြီဆိုရင် ကောင်းခြင်းဆိုးခြင်းတွေနဲ့ ရင်ဆိုင်ဖြတ်သန်းရမှာပဲ။
အဖေရဲ့ နေဝင်ချိန်ကလည်း အခုဝင်သွားတဲ့နေဝန်းကြီးလိုပဲ သား။
လူသားတွေဟာ လောဘအတောမသတ်နိုင်သရွေ့တော့ တစ်ဦးနဲ့တစ်ဦးအပေါ်မှာ
သတ်ဖြတ်လိုစိတ်တွေ ရှိနေမှာပဲ ဒီတော့
သားဂိုဏ်းချုပ်အရိုက်အရာကို ဆက်ခံခဲ့ရင်
မေတ္တာတရားကို လက်ကိုင်ထားပြီးဂိုဏ်းသားတွေအပေါ် အုပ်ချုပ်ပါ။
မတရားမှုတွေရှိခဲ့ရင် ပြတ်သားစွာ လုပ်ဆောင်ပါ ညှာတာမှုနဲ့ထိုက်တန်သူဆိုတာရှားတယ်။""ဟုတ်ကဲ့..အဖေ.ဖုန်းချင့်မှတ်သားထားပါ့မယ်။"
"အိန်..ကောင်းပြီ အဖေတို့ပြန်ကြရအောင်
နေဝန်းကြီးလည်း ပျောက်ကွယ်သွားပြီသားငယ်။"ရွက်ခြောက်တောလေးကို ဖြတ်လို့ပြန်လာတဲ့ ခရီးလမ်းမှာ အနက်ရောင်ဝတ် လူတစ်စု ရုတ်ချည်ထွက်ပေါ်လာပြီး ပိုင်ဂိုဏ်းချုပ်ကြီးကို လုပ်ကြံသတ်ဖြတ်ကြတယ်။
"သတ်..ခေါင်းကို အရယူနိုင်တဲ့သူ သခင်ကြီးက ရာထူးအဆင့်တိုးပေးမယ်တဲ့..သတ်ကြ"
ပိုင်ဂိုဏ်းချုပ်ကြီးလည်း ခေသူမဟုတ်ပါ
သူ့ရဲ့မှော်ဓားနဲ့ ပြန်လည်ခုခံတိုက်ခိုက်ခဲ့ပြီး လုပ်ကြံသူတွေကို အထိနာသည်အထိ
တိုက်ခိုက်နေတုန်း နောက်ကွယ်ကပြစ်လွှတ်လိုက်တဲ့ အဆိပ်မြှားကြောင့် တုန့်ပြန်မှုတွေ နှေးကွေးလာတဲ့ ပိုင်ဂိုဏ်းချုပ် လုပိုင်ချီ။"အဖေ"
...ဝါးရုံတောထဲကနေ ပုန်းပြီးကြည့်နေတဲ့ ဖုန်းချင့်ချီလေး မျက်ဝန်းထဲမှ မျက်ရည်တွေ တွဲခိုစပြုလာတော့သည်။ဘာကြောင့်ဆို အဖေလုပ်သူ ဓားချက်များစွာနဲ့ အသက်ဇီဝိန်ချုပ်ရမဲ့အရေး..ခံစားနေရတဲ့ ဝေဒနါကိုကြည့်ပြီး ထိန့်လန့်နေခဲ့ပုံ။
YOU ARE READING
3life 3world love
Historical Fictionမှော်ဆန်ဆန်အချစ်ဇာတ်လမ်းပုံစံရေးပေးသွားမှာပါ။ဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးသာဖြစ်သည်။ တစ်စုံတစ်ဦးကို ထိခိုက်နစ်နာစေလိုချင်းမရှိပါ..မရည်ရွယ်ပါ။