ep1💜

7.6K 282 9
                                    

ကျွန်တော့်နာမည်ကရှောင်ရှောင်းကျန့်
ကျွန်တော့်ရဲ့သူငယ်ချင်းမလေးကတော့ချစ်စနိုးနဲ့ကျန့်ကျန့်လို့ခေါ်တယ်
ကျွန်တော်ကစာရေးသူတစ်ယောက် စာရေးသူတစ်ယောက်ဆိုပေမဲ့ကျွန်တော့်ရဲ့အချစ်တွေကိုပုံအောပြီးပေးအပ်ထားတဲ့'ကိုကို'ဆိုတဲ့နာမ်စားလေးအတွက်ပဲစိတ်နှစ်ပြီးရေးတက်သူတစ်ယောက်

ကျွန်တော့်ကို'Gay'တစ်ယောက်လို့ပြောတဲ့သူတွေသူတို့ထင်တာမှန်ချင်မှန်လိမ့်မယ်မှားချင်လည်းမှားလိမ့်မယ် ဒါမဲ့ကျွန်တော်ကသူတို့ပြောနေတွေးနေကြတဲ့'Gay'မှမဟုတ်တာ 'Gay'လို့ပြောရအောင်လည်းကျွန်တော်ကယောင်္ကျားလေး‌တွေကိုကြိုက်နေတဲ့သူမှမဟုတ်တာ ကျွန်တော်ကြိုက်တာချစ်တာမြတ်နိုးတာဆိုလို့'ကိုကို'ဆိုတဲ့လူသားလေးတစ်ယောက်ပဲရှိတာပါ 'ကိုကို'ကိုချစ်ခဲ့မိလို့ကျွန်တော့်ကို'Gay'တစ်ယောက်လို့သတ်မှတ်လိုက်မယ်ဆိုရင်ကျွန်တော်ကျေကျေနပ်နပ်ကြီးခံယူလိုက်မယ် အဲ့လိုခံယူလိုက်လို့ယောင်္ကျားလေးတွေကြိုက်တာမဟုတ်ဘူးနော်'ကိုကို'တစ်ယောက်တည်းပဲချစ်တာ

ကျွန်တော်ကသာနှလုံးသားတစ်ခုလုံးရင်းပြီးချစ်လိုက်ရတာ'ကိုကို'ကတော့ကျွန်တော့်ကိုတစ်ကျောင်းတည်းတူတူရှိတယ်လို့သိလည်းမသိသလိုကျွန်တော့်ရဲ့အချစ်တွေကိုတမင်မမြင်အောင်ပဲမျက်ကွယ်ပြုထားတယ်ထင်ရလောက်‌အောင်ကိုကျွန်တော့်ရဲ့အချစ်‌တွေကိုနည်းနည်းလေးမှတောင်မမြင် မမြင်ရအောင်လည်း'ကိုကို'အမှားကြည့်မှမဟုတ်တာ ကျွန်တော်ကလည်း'ကိုကို'သိအောင်နည်းနည်းလေးမှချမပြခဲ့ဘူးလေ ကျွန်တော့်ရဲ့အချစ်တွေ'ကိုကို'ကိုချပြလိုက်မှဖြင့်မုန်းသွားရင်ဘယ်လိုလုပ်ပမလဲ

စစ်မတိုက်ခင်မြှားကုန်နေတယ်လို့ထင်ချင်လည်းထင်ကြပါစေ 'ကိုကို'ရဲ့အချစ်တွေအစားအမုန်းတွေတော့ပြန်မရပါစေနဲ့

ဒါမဲ့လည်းတနေ့နေ့တော့ကျွန်တော့်ရဲ့အချစ်တွေ 'ကိုကို'မြင်အောင်ကိုချပြမယ်လို့စိတ်ကူးထားတယ် ခုတော့ဒိုင်ယာရီလေးပေါ်မှာပဲကျွန်တော့်ရဲ့အချစ်တွေကိုချရေးပရစေ'ကိုကို' ဒါတော့ခွင့်ပြုပေးပါနော်

Ko Ko, Please love me 🍀Waiting For U🍀Where stories live. Discover now