ep15💜

2K 121 8
                                    

မကြာခင်မှာပဲအကုန်လုံးရောက်လာကြတယ် ရိပေါ်ရဲ့ပါးနဲ့မားရော ရှောင်းကျန့်ရဲ့ပါးနဲ့‌မားရောချူးလီရောရောက်လာကြတယ်

ရှောင်းကျန့်ရဲ့မားနဲ့ပါးကတော့ဘာမှတော့မပြောဘဲသူ့သားနားပဲအရင်သွားကြတယ်

ရှောင်းကျန့်ပါးနဲ့မားတစ်လမ်းလုံးတွေးပူခဲ့ရသမျှအဖြေကိုကုတင်ပေါ်မှာခုထိသတိမရသေးတဲ့ရှောင်းကျန့်ရဲ့ဆေးရုံအင်္ကျီကြားထဲကပေါ်နေတဲ့လည်ပင်းကအမှတ်တွေကြောင့်သူတို့တကယ်တွေးပူနေခဲ့တာတွေအမှန်ပဲဆိုတာသက်သေပြသွားခဲ့တယ်

တလမ်းလုံးစိတ်ပူလွန်းလို့ခြေမကိုင်မိလက်မကိုင်မိဖြစ်လာတဲ့ချူးလီတစ်ယောက်လည်းသူ့ရဲ့ချစ်ရသူသွေးပိုက်တန်းလန်းနဲ့ကုတင်ပေါ်မှာမေ့နေတာကိုကြည့်ပြီး၀မ်းနည်းမှုတွေကတဟုန်ထိုးရောက်ရှိလာတယ် ဆေးရုံရောက်မှသိလိုက်ရတာကသူ့ရဲ့ချစ်ရသူကိုအကိုရိပေါ်ရယူလိုက်ပြီဆိုတာပဲ အခုချိန်ဟာဆိုချူးလီအတွက်ရင်ထဲမှာကမ္ဘာတစ်ခုလုံးပျက်စီးသွားသလိုပဲဖြစ်ကာ၀မ်းနည်းမှုအပြင်ဒေါသတွေပါထွက်လာမိသည် ဒါကြောင့်ချူးလီရိပေါ်နားသွားပြီး

"အကိုရိပေါ်ဒါဘယ်လိုလုပ်လိုက်တာလဲဟင် ပြောတော့ကျန့်ကျန့်ကိုပြန်မချစ်နိုင်ပါဘူးဆို ပြန်မချစ်ဘူးဆိုဘူးဘာလို့အဲ့လိုလုပ်လိုက်တာလဲဟင် အဲ့တာညီမနားမလည်လို့တစ်ခုခုလောက်ပြန်ပြောပါအုံး"

"အကိုလည်းရှောင်းကျန့်ကိုသူသတိရလာရင်တောင်းပန်မှာပါ ခုဟာကလည်းအကိုဆေးခပ်ခံလိုက်ရလို့ဖြစ်သွားတာပါကွာ ညီမ‌လေးစိတ်ဆိုးမယ်ဆိုလည်းဆိုးနိုင်ပါတယ် အကို့အမှားလည်းမကင်းခဲ့ဘူးလေ အဲ့ကြောင့်အကိုရှောင်းကျန့်ကိုတာ၀န်ယူမယ်လို့ဆုံးဖြတ်ပြီးသားပါညီမလေးရယ်"

"အဲ့တော့အကိုကကျန့်ကျန့်ကိုမချစ်ဘဲတာ၀န်ယူစိတ်တစ်ခုတည်းနဲ့တာ၀န်ယူမယ်လို့ပြောချင်တာလား ရှောင်းကျန့်အကို့ကိုဘယ်လောက်ချစ်လဲဆိုတာအကိုနဲ့တစ်လောကလုံးမသိလည်းဒီကချူးလီဆိုတဲ့ကျွန်မအသိဆုံးပဲ သူ့မှာ‌တော့အကို့မှာချစ်ရတဲ့သူရှိတယ်ဆိုပြီးဖွင့်မပြောဖို့ထိလုပ်ခဲ့ရတာရောသိရဲ့လား ဒါမဲ့အကို့ရဲ့ချစ်ရသူဆိုတာဘယ်သူမှမမြင်ဖူးဘူးဆိုပြီးကျန့်ကျန့်ကသတ္တိမွေးပြီးဖွင့်ပြောခဲ့တယ် ဒါမဲ့အကိုကချစ်ရသူရှိလို့ပြန်မချစ်နိုင်ဘူးဆိုတဲ့စကားတစ်ခွန်းတည်းနဲ့တင်ငြင်းဆိုခဲ့တဲ့အချိန်သူဘယ်လောက်ထိကမ္ဘာပျက်ခဲ့လဲဆိုတာလည်းမသိဘူးမလား ခုလိုသူ့ကိုမချစ်ဘဲတာ၀န်ယူလို့ဆုံးဖြတ်တာကိုရောကျန့်ကျန့်ပျော်‌နေမယ်လို့အကိုထင်လား ဟင့်အင်ညီမတော့သူပျော်မယ်မထင်ဘူးပိုပြီးတော့တောင်၀မ်းနည်းသွားအုံးမှာအကိုရဲ့"

Ko Ko, Please love me 🍀Waiting For U🍀Donde viven las historias. Descúbrelo ahora