ep3💜

2.2K 157 2
                                    

အမှန်တော့ရိပေါ်သူစကိတ်‌စီးနေရင်းအကွယ်နားမှာသူ့ကိုအမြဲလာလာပြီးကြည့်တဲ့ကောင်လေးတစ်ယောက်နဲ့ကောင်မလေးတစ်ယောက် သူ့စကိတ်စီးတာကိုကောင်မလေးတွေအမြဲလာကြည့်တာလည်းမဆန်းပါဘူး ဒါမဲ့ကောင်လေးလာကြည့်တာကတော့ခပ်ရှားရှားရယ် သူများစကိတ်စီးချင်လို့များလားဆိုပြီးအမြဲတွေးမိတယ် သူ့ကိုလာကြည့်တဲ့အဲ့ကောင်လေးကိုမြင်လိုက်ရင်လွန်ခဲ့တဲ့တစ်နှစ်ကတွေ့ခဲ့တဲ့သူ့ရင်ထဲမှာအမြဲသတိရလွမ်းဆွတ်နေတဲ့bunnyကိုသွားသွားသတိရမိတယ် bunnyရဲ့မျက်နှာလေးကိုမျက်လုံးနဲ့နှာခေါင်းလေးပဲမြင်ခဲ့ရလို့လိုက်ရှာဖို့ဆိုတာမဖြစ်နိုင်ဘယ်မှာနေမှန်းလည်းမသိအဆိုးဆုံးကတော့နာမည်လေးတောင်မသိခဲ့ရတဲ့သူ့အတွက်ရှာဖို့ကကောက်ရိုးပုံထဲအပ်လိုက်ရှာနေသလ်ုပဲရှာဖို့အတွက်ဘယ်လိုမှမတက်နိုင်ခဲ့ ဒါကြောင့်သူ့ရဲ့weiboမှာချစ်ရတဲ့သူရှိတယ်ဆိုပြီးတမင်ရေးတင်ထားခဲ့တယ် သူ့ကိုဘယ်သူမှလာမရောရဲအောင်ပေါ့ ကိုယ်ကသာချစ်ရတဲ့သူရှိတယ်လို့ရေးခဲ့တာbunnyနဲ့ကဘယ်တော့မှပြန်ဆုံရမှာလဲbunnyရယ်

လွန်ခဲ့သော2019ဒီဇင်ဘာလ27ရက်နေ့

Bunnyကိုထပ်တွေ့ရမလားဆိုတဲ့အတွေးလေးနဲ့လစ်ကီလေးကိုခေါ်ကာbunnyနဲ့ဆုံတွေ့ခဲ့တဲ့နေရာလေးကိုလမ်းလျှောက်ထွက်ခဲ့တယ် ဒါမဲ့ဘယ်လိုပင်စောင့်နေစောင့်နေသူစောင့်နေခဲ့တဲ့bunnyကထွက်မလာ ထွက်မလာဘူးဆိုတာထက်ပေါ်မလာခဲ့တာဆိုမှန်လိမ့်မယ် bunny‌ပေါ်မလာဘူးဆိုတာကလည်းသူ့ကိုဒီနေ့ဒီနေရာကိုလာမယ်လို့ပြောသွားတာမှမဟုတ်တာ သူပြောသွားတာက'ကံမကုန်ရင်ပြန်ဆုံကြတာပေါ့တဲ့' သူလည်းအဲ့နေရာမှာမျှော်လင့်တကြီးစောင့်နေခဲ့တာည‌ေနတောင်တော်တော်စောင်းနေပြီမို့ဒီတနေ့တာအတွက်လက်လျှော့ပြီးလစ်ကီလေးနဲ့အိမ်ပြန်လာခဲ့တယ်

နောက်နေ့တွေမှာလည်းဆက်တိုက်အဲ့နေရာအဲ့အချိန်လေးပဲသွားသွားစောင့်နေခဲ့တယ် သူ့ရဲ့လစ်ကီလေးတောင်ညနေဆိုအဲ့နေရာဒီအချိန်ဆိုသွားလွန်းလို့သွားမဲ့အချိန်ဆိုသူကအမြဲဦးဆောင်သွားတက်နေပြီ ဒါမဲ့ဘယ်လိုပင်သူနဲ့လစ်ကီလေးအချိန်မှန်နေရာမှန်သွားစောင့်နေခဲ့ပေမဲ့ပေါ်မလာတဲ့သူကမပေါ်လာရိုးပါပဲ ဒါမဲ့သူလက်လျှော့ဖို့နည်းနည်းလေးမှတောင်စိတ်ကူးမရှိခဲ့ဘူး bunnyရယ်ဘယ်အရာအပေါ်မှစိတ်ရှည်ခြင်းမရှိခဲ့တဲ့အကိုကbunnyများတနေ့ပေါ်လာမလားဆိုတဲ့အသိနဲ့အကိုမင်းကိုစိတ်ရှည်ရှည်နဲ့စောင့်နေခဲ့တယ် bunnyအတွက်ဆိုကို့ရဲ့စိတ်မရှည်တက်တဲ့အကျင့်ကိုလည်းကိုမေ့လျှော့ပြီးစိတ်ရှည်ရှည်နဲ့စောင့်နေခဲ့မိတယ်

Ko Ko, Please love me 🍀Waiting For U🍀Hikayelerin yaşadığı yer. Şimdi keşfedin