ep8💜

1.5K 112 2
                                    

အိမ်ပြန်လာတည်းကအပြုံးမပျက်တဲ့သားလေးကိုကြည့်ပြီးရှောင်မားတွေးလိုက်တယ် ငါ့သားလေးဟိုကောင်လေးနဲ့သွားတွေ့တယ်ထင်ပါတယ် အဲ့လောက်စကိတ်ကြီးကိုင်ပြီးပြုံးပြုံးကြီးနဲ့အပေါ်တက်သွားပုံထောက်ရင်
တွေကိုအဲ့ကောင်လေးမြန်မြန်မြင်ရင်ကောင်းမှာပဲကွယ် သားလေးတို့ကိုမြန်မြန်ပျော်ရွှင်စေချင်ပြီကွယ် မိဘချင်းရင်းနှီးတော့ရောဘာထူးမှာလဲသူတို့နှစ်ယောက်ချစ်ဖို့ကအဓိကဆိုတော့မားဘယ်လိုတောင်ကူညီပေးရပါ့မလဲ

ရှောင်းကျန့်လည်းသူ့အခန်းလေးထဲမှာ'ကိုကို'၀ယ်ပေးတဲ့စကိတ်လေးကိုသေချာထားပြီးမှတစ်ခုသတိရသွားကာစကိတ်လေးကိုပြန်ယူပြီးကုတင်ပေါ်မှာထိုင်ကာ စကိတ်လေးရဲ့ထောင့်တနေရာမှာမှင်အနက်လေးနဲ့ယုန်ပုံလေးနဲ့သေးသေးလေးဆွဲလိုက်တယ် ဒါကသူ့ရဲ့အကျင့်ထဲကတစ်ခုအမြဲသူ့ပစ္စည်းလေးတွေကိုအဲ့လိုလေးယုန်ပုံလေးတွေဆွဲတက်တယ် တစ်ချိန်တုန်းက'ကိုကို'ဆီမှာပါသွားတဲ့စွန်လေးမှာလည်းသူဆွဲထားတယ် 'ကိုကို'သာအဲ့စွန်လေးကိုသိမ်းထားရင်ပဲဖြစ်ဖြစ်မသိမ်းထားရင်ပဲဖြစ်ဖြစ်စွန်လေးကိုသေချာကြည့်မိရင်သူ့ရဲ့ယုန်ပုံလေးဆွဲထညးတာပိုမြင်မယ်ထင်ပါရဲ့ ကျွန်တော်ကယုန်လေးဆိုရင်'ကိုကို'ကအဲ့ယုန်လေးကိုဖမ်းစားမဲ့ခြ‌င်္သေ့ကြီးဖြစ်လိုက်ပါတော့လား

ရှောင်းကျန့်လည်းသူရဲ့ယုန်အမှတ်အသားလေးလုပ်ပြီးတဲ့နောက်မှာနေရာတကျပြန်ထားပြီးညစာစာဖို့ဆင်းလာခဲ့တယ်

မားတို့နဲ့လူစုံတက်စုံညစာစားပြီးတဲ့နောက်မှာသူ့ရဲ့ကျောင်းစာတွေကိုသေချာပြန်လေ့လာပြီးသူ့ရဲ့နေ့စဉ်အလုပ်ဖြစ်တဲ့'ကိုကို'နဲ့တွေ့ခဲ့တဲ့နေ့တာအကြောင်းပြန်ချရေးချင်းကိုစတင်လိုက်တယ်

📔Sept 11,2020📔

ဒီနေ့'ကိုကို'စကိတ်စီးနေတာအနီးကပ်ကြည့်ရတယ်ပြီးတော့ညနေကျတော့လည်း'ကိုကို'ကစကိတ်လေးလိုက်၀ယ်ပေးတယ်ကျွန်တော့်ရဲ့အကြိုက်အရောင်လေးကိုမေးပြီးကျွန်တော့်စိတ်ကြိုက်ကိုလိုက်၀ယ်ပေးတဲ့'ကိုကို' 'ကိုကို'ကျေးဇူးနဲ့စကိတ်အနီရောင်လေးလည်းရခဲ့တယ်နောက်ပြီးဒီပိတ်ရက်ကျရင်လည်း'ကိုကို'ကစကိတ်စီးလည်းသင်ပေးအုံးမှာအဟိတွေးရင်းနဲ့တောင်ပျော်လာပြီ 'ကိုကို'ရာအမြဲကျွန်တော့်ရဲ့အတွေးတွေအိမ်မက်တွေကိုပြုစားနိုင်လွန်းတယ် နေ့တိုင်းလည်း'ကိုကို့'အကြောင်းမတွေးပဲမနေနိုင်အောင်လုပ်နိုင်တယ်အဲ့လောက်ထိကျွန်တော့်ကိုဆွဲဆောင်နိုင်လွန်းတဲ့'ကိုကို' ကျွန်တော်လေ'ကိုကို့'ရဲ့အချစ်တွေကိုတကယ်လို့များပိုင်ဆိုင်ခွင့်ရခဲ့ရင်ပျော်လွန်းလို့ရူးတောင်သွားမလားမသိဘူး အဲ့လောက်ထိ'ကိုကို့'ကိုချစ်တယ်ဆိုတာ'ကိုကို'သိရင်ဘယ်လောက်တောင်ကောင်းမလဲနော် 'ကိုကို'နဲ့အရမ်းရင်းနှီးသွားရင်'ကိုကို့'ရဲ့ချစ်ရသူဆိုတာမေးကြည့်ချင်တယ်အဲ့လောက်ကံကောင်းတဲ့သူဆိုတာဘယ်သူလဲဆိုတာကို

Ko Ko, Please love me 🍀Waiting For U🍀Where stories live. Discover now