ep11💜

1.5K 117 2
                                    

ရှောင်းကျန့်တစ်ယောက်က‌တော့ချူးလီကိုရင်ဖွင့်လိုက်ရလို့ရင်ထဲက၀မ်းနည်းမှုတွေပြေပျောက်သွားပေမဲ့လို့ရင်ဖွင့်ခံလိုက်ရတဲ့ချူးလီဆိုတဲ့ကောင်မလေးတစ်ယောက်ကတော့သူကိုယ်တိုင်တိတ််တိတ်တခိုးချစ်ရသူကိုသုတ်ပေးခဲ့တဲ့လက်လေးကိုကိုင်ပြီးသူမရဲ့အခန်းထဲမှာအသံတိတ်ငိုကြွေးနေခဲ့တယ်ဆိုတာသူ့ရဲ့မျက်ရည်တွေကိုဘယ်သူမှမသိစေဘဲကျဆင်းစေခဲ့တဲ့ခေါင်းအုံးလေးကိုယ်တိုင်ကပဲသိခဲ့လိမ့်မယ်

📔 September 13  ,2020📔

ကိုကိုဒီနေ့ကိုကိုနဲ့အနီးကပ်နေခွင့်ရလို့အရမ်းပျော်မိတယ် ကျွန်တော်ချယ်ရီပန်းလေးကိုပန်ထားတာကို'မင်းနဲ့လိုက်တယ်ဆိုတယ်'ဆိုတဲ့စကားလေးနဲ့တင်ရင်ထဲကြည်နူးရပါတယ်ကိုကို ကိုကိုပန်ပေးလိုက်တဲ့ပန်းလေးကိုလည်းအမြတ်တနိုးသိမ်းထားမှာပါ ဘာလို့ဆိုကျွန်တော်ကကိုကိုနဲ့ပတ်သတ်တဲ့အရာမှန်သမျှကိုတန်ဖိုးထားမြတ်နိုးလို့ပါ ကိုကိုနဲ့ပတ်သတ်တဲ့အရာမှန်သမျှကိုတန်ဖိုးထားမြတ်နိုးတဲ့ကျွန်တော်က'ကိုကို့'ကိုဆိုဘယ်လောက်ထိတန်ဖိုးထားမြတ်နိုးပြီးဘယ်လောက်ထိချစ်တယ်ဆိုတာ'ကိုကို'သိသွားရင်ကောင်းမယ်
ဒီနေ့တော့ဒီလောက်ပဲရေးတော့မယ် ဘာလို့ငိုထားရလို့မျက်လုံးတွေကပင်ပန်းနေလို့အရမ်းအိပ်ချင်လှပြီ အိမ်မက်လှလှမက်ပါစေနော်
ကျွန်တော်တန်ဖိုးထားမြတ်နိုးရတဲ့ကိုကို

🧚🧚🧚🧚🧚🧚🧚🧚🧚🧚🧚🧚🧚

ဒီလိုနဲ့ကိုကိုနဲ့ကျွန်တော်လည်းပိတ်ရက်တိုင်းစကိတ်စီးသင်ရင်းနဲ့ကျွန်တော်လည်းခုဆိုစကိတ်လည်းစီးတက်နေပြီ ဒါကြောင့်နေ့လည်အားကစားချိန်ဆို'ကိုကို'ရယ်အကိုယွီပင်းရယ်ကျွန်တော်ရယ်သုံးယောက်စကိတ်တူတူစီးနေပြီ ထုံးစံအတိုင်းချူးလီကတော့ထိုင်ကြည့်နေကြနေရာလေးကပဲထိုင်ကြည့်နေခဲ့တယ်

'ကိုကို'ခုဆိုသူ့ရဲ့ချစ်ရသူအကြောင်းကျွန်တော့်ရှေ့မှာဆိုမပြောတော့ဘူး ဘာလို့လဲဆိုတော့အဲ့လိုပြောတဲ့အချိန်တိုင်းကျွန်တော့်ဘက်ကပဲစပြီးစကားလမ်းကြောင်းလွှဲခဲ့တယ်  နောက်ပြီးတခါတလေကချူးလီရှိရင် ချူးလီကလည်းစကားလမ်းကြောင်းလွှဲပေးတက်တယ် အဲ့လိုစကားလမ်းကြောင်းလွှဲတယ်ဆိုတာကလည်းကျွန်တော်'ကိုကို့'ရှေ့မှာ၀မ်းနည်းပြီးငိုမိမှာဆိုးလို့ပါ ဒါကိုသိတဲ့ချူးလီကလည်းကူညီခဲ့တယ်

Ko Ko, Please love me 🍀Waiting For U🍀Donde viven las historias. Descúbrelo ahora