ep16💜

1.8K 123 5
                                    

ရှောင်းကျန့်လည်းဆေးရုံမှာဒီနေ့တစ်ရက်လေးပဲတက်လိုက်တယ် သူကသွေးအရမ်းဆုံးရှုံးသွားလို့အားနည်းသွားတာပဲလေ ခုတော့သွေးသွင်းလိုက်ပြီဆိုတော့အားမနည်းတော့ဘူး ဟင်းတစ်ခုပဲကိုကိုသောင်းကျန်းထားလို့နောက်အပေါက်လေးနာနေသေးရုံလေးပဲ ဒီလိုဖြစ်သွားလို့ကိုကို့ကိုမုန်းလားဆိုရင်ဟင့်အင်နည်းနည်းလေးမှတောင်မမုန်းမိပါဘူး မုန်းတယ်ဆိုတာကောင်းတာမှမဟုတ်တာအဲ့ကြောင့်မုန်းမဲ့အစားပိုချစ်ပေးလိုက်ရတာပဲ မုန်းလို့စိတ်ဆင်းရဲနေမဲ့အစားအရင်ကချစ်တာထက်ပိုချစ်ပေးလိုက်ရင်ပိုလို့တောင်စိတ်ချမ်းသာရသေးတယ်

ကိုကိုနဲ့လက်ထပ်ရမှာမလို့ပျော်တယ်သိလား တစ်ခုပဲကိုကို့ရဲ့အချစ်ကိုမရဘဲလက်ထပ်လိုက်ရလို့ ဒါမဲ့တချို့သူတွေလည်းမချစ်ဘဲလက်ထပ်လိုက်ရပြီးလက်ထပ်ပြီးကာမှချစ်သွားကြတာလဲရှိတာပဲလေ တစ်ချို့တွေသာသဘောထားချင်းမတိုက်ဆိုင်ကြလို့ပျက်ဆဲကြတာတော့ရှိတာပေါ့ ဒါမဲ့ကျွန်တော့်ဘက်ကချစ်နေသ၍တော့ကိုကိုမငြိုငြင်ရအောင်နေပြီးအိမ်ထောင်ရေးတည်တဲ့အောင်နေမယ်ကိုကို  ကိုကို့ဘက်ကသာပြန်ချစ်လာနိုင်ဖို့ပဲလုပ်ပ်ပေးပါ ကျွန်တော်ကိုကို့ရဲ့အချစ်ကိုပြန်ရဖို့ဘယ်လောက်စောင့်ရစောင့်နေရစောင့်ပါ့မယ်ကိုကို လောကကြီးမှာအလွယ်တကူရတာမှမရှိတာ

"သားလေးဘာတွေတွေးပြီးပျော်နေရပြန်တာလဲမားနည်းနည်းတော့ရိပ်မိသလိုပဲ"

ဟုတ်ပါတယ်သူဆေးရုံကဆင်းလာပြီးအိမ်မှာထမင်းစားနေရင်းကိုကိုနဲ့လက်ထပ်ရမဲ့အကြောင်းပြန်တွေးနေမိလိုက်တာ ထမင်းမစားဘဲဇွန်းကြီးကိုင်ထားနေမိတာကို

"ဟီးမားရိပ်မိသလိုပါပဲ ကိုကိုနဲ့လက်ထပ်ရမှာတွေးပြီးပျော်နေတာ"

"သားရိပေါ်နဲ့လက်ထပ်ရမှာအဲ့လောက်တောင်ပျော်တာလားသားလေးရဲ့"

"ပျော်တာပေါ့မားကလည်းသားချစ်တဲ့ကိုကိုနဲ့လက်ထပ်ရမှာပဲကို မားတို့လည်းမပျော်ဘူးလားကိုကိုလို့သမက်ချောချောလေးရမှာ"

"ပျော်ပါတယ်ရှင် ဒါနဲ့မားသားလေးကိုပြောစရာရှိတယ်"

"ဟုတ်ပြောလေမား"

Ko Ko, Please love me 🍀Waiting For U🍀Donde viven las historias. Descúbrelo ahora