ep9💜

1.5K 127 6
                                    

ဒီလိုနဲ့ရှောင်းကျန့်တစ်ယောက်သူ့'ကိုကို'နဲ့အနီးကပ်နေခွင့်ရမဲ့စကိတ်စီးသင်ရမဲ့ပိတ်ရက်လေးရောက်ရှိလို့လာခဲ့တယ်

ဒီနေ့ကတော့မနက်မိုးလင်းတည်းကကောင်းကင်ကြီးကလည်းသာသာယာယာရှိခဲ့ပြီးတိမ်လေးတွေကလည်းစုပြီးလှပလို့နေတယ်

ဒီလိုသာရာသီဥတုလေးသာယာပေးသလိုသူနဲ့'ကိုကို'ရဲ့အခြေအနေကိုလည်းကောင်းအောင်လုပ်ပေးနိုင်ရင်ဘယ်လောက်တောင်ကောင်းမလို့လဲ ဒီလိုဆုတောင်းခဲ့ရတာလည်းအကြိမ်ပေါင်းမနည်းတော့ပါဘူး'ကိုကို'ရယ်

ဒီလိုပဲကောင်းကင်ကြီးကိုအမြဲမော့ကြည့်ပြီးဆု‌တောင်းနေကြ

ခုတော့'ကိုကို'ကဖုန်းဆက်တယ်ဟိုတခါတွေ့တဲ့နေရာကိုပဲလာခဲ့ပါတဲ့ ဘာလို့'ကိုကို'ကအဲ့နေရာပဲလာခိုင်းရတာလဲ ဒီဇင်ဘာလမှာပထမဆုံးတွေ့ခဲ့တဲ့နေရာလေးကို'ကိုကို'များမှတ်မိနေလို့များလား အဲ့တုန်းက'ကိုကို'မှသူ့ကိုသေချာမမြင်လိုက်တာညနေဘက်ဆိုတော့အအေးဓာတ်ကများလို့ဆွယ်တာလေးကိုနှာခေါင်းထိဖုံးထားခဲ့လို့မျက်လုံးလေးနဲ့နှာခေါင်းထိပ်လေးတင်မြင်ခဲ့တာမလား ‌အဲ့တုန်းကမျက်ရည်သုတ်ပေးခဲ့တဲ့'ကိုကို့'ရဲ့နွေးထွေးတဲ့လက်လေးကိုအရမ်းလွမ်းတာပဲ ဒါမဲ့'ကိုကို'ကသူ့ကိုတောင်မမှတ်မိတာအဲ့နေ့ကအဖြစ်အပျက်တွေကိုမှတ်မိဖို့ဆိုဝေလာဝေး

ဟောသူ့အကြောင်းတွေးနေတာများသိသွားသလိုဖုန်းဆက်လာတယ် Contact nameလေးကအစိမ်းရောင်အသဲလေးနှစ်ခုကြားက'ကိုကို'တဲ့

"ဟယ်လိုရှောင်းကျန့်"

"ဟုတ်ကဲ့အကိုရိပေါ် "

"မင်းထွက်လာလိုက်တော့ငါလည်းထွက်လာ‌ပြီ"

"ဟုတ်ကဲ့ကျွန်တော်ခုချက်ချင်းထွက်လာပြီ"

"ဖြေးဖြေးလာအုံး စကိတ်လည်းမမေ့နဲ့အုံး"

"ဟုတ်ဟုတ်"

ရှောင်းကျန့်လည်း'ကိုကို'လိုက်၀ယ်ပေးထားတဲ့စကိတ်အနီလေးကိုယူပြီးမားကိုနှုတ်ဆက်ပြီး'ကိုကို'နဲ့တွေ့မဲ့ချယ်ရီပင်ကြီးနားကိုပဲထွက်လာလိုက်တယ်

ရှောင်းကျန့်လည်းသူ့အိမ်နဲ့ပိုနီးတာဆိုတော့အရင်ရောက်နေလို့ချယ်ရီပင်ကြီးအောက်ကချုံလေးနားကခုံလေးမှာထိုင်စောင့်နေလိုက်တယ်

Ko Ko, Please love me 🍀Waiting For U🍀Où les histoires vivent. Découvrez maintenant