ep23💜

1.4K 83 6
                                    

ရိပေါ်လည်းပြန်လာတဲ့ကားပေါ်မှာတင်သူရဲ့ပုခုံးလေးမှီပြီးအိပ်ပျော်သွားတဲ့ချစ်ရတဲ့အစားသရဲလေးကိုမနိုး‌အောင်အသာလေးပွေ့ချီပြီးဟိုတယ်ထဲ၀င်လာပြီးအခန်းထဲရောက်တော့ကုတင်ပေါ်မှာဖြည်းဖြည်းချင်းချသိပ်ပေးလိုက်တယ်

ရိပေါ်လည်းအိပ်နေတဲ့ယုန်ပေါက်လေးကဘေးနားမှာတစောင်းအနေအထားနဲ့၀င်လှဲပြီးချစ်ရတဲ့bunnyလေးအိပ်နေတာလေးကိုကြည့်နေလိုက်တယ်

အိပ်နေတဲ့အချိန်,သူကြိုက်တာလေးတွေစားနေတဲ့အချိန်,သူနဲ့အတူတူရှိနေချိန်သာကလေးတစ်ယောက်လိုဆိုးပြီးချွဲကာပြုမူနေပေမဲ့တကယ်ကျသူ့ထက်တောင်စိတ်ကမာပြီးရင့်ကျက်တဲ့အတွေးအခေါ်ရှိတဲ့bunnyလေး

ဒီလိုဖြူစင်လွန်းတဲ့‌ရှောင်းကျန့်ကိုမှသူ့ရဲ့အသုံးမကျမှုတွေနဲ့bunnyကိုရှာဖွေမှုတွေကြောင့်အနားမှာရှိနေတဲ့bunnyကိုတောင်သတိမထားမိဘဲမျက်စိစုံလုံးကန်းခဲ့မိပြီးbunnyဖွင့်ပြောတာကိုတောင်ပြန်ငြင်းခဲ့မိတယ် သူငြင်းလိုက်တဲ့အချိန် bunny ဘယ်လောက်ခံစားခဲ့ရမလဲအဲ့တုန်းကသူငြင်းလိုက်တာတုန်းဆိုသူ့ရှေ့မှာမျက်ရည်တစ်စက်တောင်မကျအောင်ဘယ်လောက်တောင်ထိန်းချုပ်ခဲ့ပြီးသူ့ကိုအပြုံးလေးနဲ့ပဲ'အကိုကျွန်တော်အရင်ပြန်နှင့်တော့မယ်'ဆိုပြီးထထွက်သွားခဲ့တယ် အဲ့အချိန်bunnyမင်းရဲ့နှလုံးသားလေးဘယ်လောက်တောင်ကြွေကွဲ၀မ်းနည်းခဲ့ရမလဲ အဲ့အချိန်ကိုပြန်တွေးမိလိုက်တိုင်းကိုယ့်ကိုကိုယ်အပြစ်တင်မိတယ်

ကိုကို့ရဲ့တစ်ယောက်သူတွေလာမနှောက်ယှက်အောင်ချစ်ရသူရှိတယ်ဆိုပြီးတမင်ရေးထားခဲ့တဲ့အမှားတစ်ခုအဲ့လိုရေးထားတာကbunnyမင်းရဲ့အချစ်ကိုဖွင့်ပြောဖို့အတွက်အနှောက်အယှက်ဖြစ်ခဲ့သလိုကိုကိုလည်းမင်းကိုရှာတွေ့ဖို့အတွက်အဟန့်အတားကြီးတစ်ခုဖြစ်စေခဲ့တယ် ကိုကိုကပဲအချစ်ကြီးတယ်ထင်ခဲ့တာမှားနေတယ် bunnyမင်းကအချစ်လည်းကြီးသလိုသူများအချစ်ရေးကိုယ့်ကြောင့်အနှောက်အယှက်ဖြစ်သွားမှာကိုစိုးရိမ်တဲ့ဖြူစင်တဲ့အချစ်တွေနဲ့ချစ်တက်တဲ့သူတစ်ယောက်ပဲ ကိုကိုမင်းကိုချစ်တဲ့အချစ်ကမင်းကိုကို့ကိုချစ်တဲ့အချစ်တွေလောက်မမှီပါဘူး ဒါမဲ့ကိုကိုလေမင်းရဲ့အချစ်တွေကိုမမှီရင်တောင်မလျှော့ပဲထပ်တိုးပြီးချစ်သွားပါ့မယ် ကိုကိုကတိပေးတယ်

Ko Ko, Please love me 🍀Waiting For U🍀Where stories live. Discover now