ep6💜

1.8K 127 3
                                    

တကယ်လည်းညရောက်တော့ဒီနေ့အကြောင်းပြန်ရေးခဲ့တဲ့ကောင်လေးရှောင်းကျန့်ဟာလည်းသူပြောမိတဲ့အတိုင်း'ကိုကို'ဆိုတဲ့ကောင်လေးရဲ့အပြုံးအကြောင်းရေးနေတဲ့အခါသူ့ရဲ့နှုတ်ခမ်းလေးဟာအလိုလိုပြုံးမိသွားတယ် အရင်နေ့တွေကလည်းသူ့'ကိုကို'အကြောင်းရေးနေရင်းလည်းမပြုံးဘဲနေလားဆိုတော့လည်းမဟုတ်ပါဘူးသူ'ကိုကို'အကြောင်းရေးနေရရင်ကိုအလိုလိုပြုံးမိပါတယ် ဒါမဲ့ဒီနေ့'ကိုကို'ရဲ့တောက်ပလွန်းတဲ့အပြုံးလေးကိုမြင်လိုက်ရတော့ပုံမှန်ထက်ပိုပြုံးနေမိတယ်ဆိုတာတော့သူကိုယ်တိုင်လည်းသိပါသည်

📔Sept10,2020📔

ဒီနေ့တနေ့ရက်တာကိုစာဖွဲ့ရမယ်ဆိုရင် ကျွန်တော့်ရဲ့အပျော်ရွှင်ဆုံးရက်တွေထဲကတစ်ရက်အပါအ၀င်ပဲ'ကိုကို' ဘာလို့အပျော်ရွှင်ဆုံးရက်တွေထဲကတစ်ခုလို့ပြောတာလဲဆိုရင် ကျွန်တော့်ရဲ့ပထမဆုံးဦးဆုံးအပျော်ရွှင်ရဆုံးရက်က'ကိုကို'နဲ့စတွေ့ခဲ့တဲ့ December 26မလို့ပဲ အဲ့နေ့ကသာကျွန်တော်စွန်လေးကိုလိုက်မကောက်ဘဲဒီတိုင်းသာနေခဲ့ရင်'ကိုကို'နဲ့တွေ့ဆုံဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်တဲ့ကိစ္စတစ်ခုပါပဲ ကျေးဇူးတင်ဖို့ကောင်းတဲ့တစ်ခုကိုထပ်ပြောပါဆို'ကိုကို့'ရဲ့ခွေးလေးလစ်ကီလေးပဲ လစ်ကီလေးသာကျွန်တော့်နားမလာခဲ့ရင်'ကိုကို'လည်းခွေးကြောက်လို့ငို‌ေနတဲ့ကျွန်တော့်ကိုကာကွယ်ပေးမှာလဲမဟုတ်သလိုကျွန်တော်ထဖို့အတွက်လက်လေးလည်းကမ်းပေးဖို့ဖြစ်လာမှာလည်းမဟုတ်ဘူး ဒါကြောင့်အဲ့လိုတွေ့ဆုံခွင့်ပေးခဲ့တဲ့ ကံကြမ္မာကြီးကိုကျေးဇူးလည်းတင်တယ်

ဒါမဲ့ဘာလို့အဲ့လိုတရက်တာတွေ့ဆုံခွင့်ပေးခဲ့ပြီးနောက်နေ့ကျဘာလို့ရက်စက်ရတာလဲ အဲ့လိုနောက်နေ့ကျရက်စက်လိုက်လို့နိုင်ငံခြားသွားရတဲ့အချိန်အတွင်း'ကိုကို'မှာချစ်ရတဲ့သူရှိလာဖို့ထပ်ပြီးရက်စက်ရက်ပြန်တယ်ကံကြမ္မာရယ် ဒါမဲ့ဒီနေ့ကို'ကိုကို'နဲ့‌စတွေ့ခဲ့တဲ့နေရာလေးမှာပြန်တွေ့စေပြီးစကားတွေပြောပြီးပြန်ပျော်ရွှင်စေခဲ့လို့ကျေးဇူးတင်ပါတယ်
အနည်းဆုံတော့ကျွန်တော်'ကိုကို့'ကိုအဝေးကငေးကြည့်စရာမလိုတော့ဘူးပေါ့ မနက်ဖြန်ကျရင်လည်း'ကိုကို'စကိတ်စီးတာကိုအနီးကပ်ကြည့်ရဖို့'ကိုကို'ကကွင်းထဲ၀င်ကြည့်ပါတဲ့ နောက်ပြီး'ကိုကို'နဲ့စကိတ်စီးသင်ရတော့မယ် ပြီးတော့'ကိုကို'နဲ့စကိတ်လည်းတူတူသွား၀ယ်ရအုံးမယ် ပြီးတော့ပြီး‌တော့ 'ကိုကို့'ရဲ့ဖုန်းနံပါတ်လေးရအုံးမယ် ဒီလိုနေ့မှကျွန်တော်ပျော်မနေရင်ကျွန်တော်ရူးနေလို့ပဲဟုတ်တယ်မလား'ကိုကို'

Ko Ko, Please love me 🍀Waiting For U🍀Where stories live. Discover now