ep17💜

1.8K 121 6
                                    

ချူးလီလည်းမနက်ရောက်တဲ့အခါတွေ့ချင်တဲ့စိတ်‌စောနေခဲ့လို့အဲ့သူနဲ့တွေ့ဖို့ချိန်းထားတဲ့နေရာကိုအရင်ရောက်လာခဲ့ပြီးစောင့်နေလိုက်တယ်

မကြာပါဘူးသူလုံး၀ထင်မထားခဲ့သူရောက်လာခဲ့တယ် တစ်ခါတုန်းကသူ့ကိုချစ်စကားဆိုခဲ့တာကိုသူငြင်းခဲ့တဲ့သူပေါ့ သူကတော့တစ်ခြားသူမဟုတ်

"ရောက်လာပြီလားအကိုယွီပင်း"

ချူးလီရဲ့ပြောလိုက်တဲ့အသံကဒေါသသံပါနေတယ်ဆိုတာယွီပင်းတစ်ယောက်သိလိုက်တယ်

"အကို့ကိုဘာလို့တွေ့ဖို့ခေါ်ရတာလဲ ဘာလဲအကို့ကိုပြန်စဉ်းစားပေးထားလို့လား"

ယွီပင်းတစ်ယောက်သူ့ကိုဘာလို့ခေါ်တယ်ဆိုတာသိသိရက်နဲ့တမင်မေးလိုက်ခြင်း

"အော်ဟုတ်တယ် ညီမလေအကို့ကိုပြန်စဉ်းစားပေးမလို့သိလား ဒါမဲ့လေအဲ့လိုပြန်မစဉ်းစားခင်အကို့ကိုတစ်ခုလောက်မေးချင်လို့"

"အွန်းမေးလေ ချူးလီလေးကြိုက်တာသာမေးအကိုကဖြေဖို့အသင့်ပဲ"

"မေးပြီနော် အကိုဘာလို့အကိုရိပေါ်ကိုဆေးခတ်ရတာလဲအဲ့အကြောင်းလေးမပြောပြချင်ဘူးလား ကိုယ့်သူငယ်ချင်းကိုမှဆေးခတ်ရတဲ့ကိစ္စကိုညီမလေဘယ်လိုစဉ်းစားစဉ်းစားနားမလည်နိုင်လို့"

"ဒါလားရှင်းပါတယ်ချူးလီလေးရယ်နှစ်ဦးနှစ်ဖက်အဆင်ပြေသွားအောင်လေ"

"ဘာဆိုင်လို့နှစ်ဦးနှစ်ဖက်အဆင်ပြေရမှာလဲ အကိုစကားကိုတခါတည်းတည့်ပြောစမ်းပါ ညီမကစိတ်ရှည်တဲ့မိန်းကလေးထဲမှာမပါဘူးနော်"

"အိုခေအိုခေအကိုပြောပြပါ့မယ်စိတ်လျှော့ပါကွာ "

"အိုခေလေပြောတော့"

"ချူးလီလေးကညီရှောင်းကျန့်ကိုကြိုက်နေလို့အကို့ကိုငြင်းခဲ့တာမလား"

"အဲ့ဒါအကိုဘယ်လိုသိလဲ"

"အကိုပြောတာဆုံးအောင်နားထောင်ပါအုံးကွာ"

"အွန်းအဲ့တော့"

"အကိုပထမတော့ရှောင်းကျန့်ကအကို့သူငယ်ချင်းကိုသဘောကျနေတယ်ဆိုတာမသိခဲ့ဘူးဒါမဲ့အောင်လို့ညစာလိုက်မကျွေးခင်တစ်ပတ်ကမှရိပေါ်ကအကို့ကိုပြောပြလို့သိခဲ့ရတယ် သူ့ကိုရှောင်းကျန့်ကဖွင့်ပြောပေမဲ့သူငြင်းလိုက်တယ်ဆိုပြီး အဲ့တော့မှအကို့ခေါင်းထဲအကြံတစ်ခု၀င်လာခဲ့တယ် အဲ့ကြောင့်အကိုရိပေါ်ကိုဆေးခတ်ဖို့လုပ်ခဲ့တာ အဲ့တာနှစ်ဦးနှစ်ဖက်အဆင်ပြေသွားတာပဲမဟုတ်လား အကိုအဲ့လိုလုပ်မိလိုက်တာမှားသွားလို့လားပြောပါအုံး"

Ko Ko, Please love me 🍀Waiting For U🍀Opowieści tętniące życiem. Odkryj je teraz