ep37💜

1K 45 2
                                    

ရိပေါ်bunnyဘေးနားလေးမှာအနားယူတယ်သာပြောတာသူနားနေတုန်းbunnyလေးနိုးလာမှာဆိုးတာမလို့သတိလေးနဲ့အနားယူမိတယ်

ဘာရယ်မဟုတ်ပါဘူးBunnyလေးကပူတူးလေးကိုအများကြီးအနာခံပြီးမွေးပေးထားတာ‌‌ကြောင့်ပင်ပန်းတာကbunnyလေးမလို့bunnyလေးသတိမရခင်အရင်နိုးနေချင်ရုံလေးပါ ပြီးတော့သူစဉ်းစားထားတဲ့နာမည်လေးကိုလည်းပြောပြချင်လှပြီ

ရိပေါ်လည်းသတိလေးကပ်ထားပြီးbunnyရဲ့နူးညံ့လှတဲ့လက်‌ကလေးကိုကိုင်ကာအိပ်စက်လိုက်တယ်

မနက်ကျတော့တကယ်လည်းသူသတိကပ်ပြီးအိပ်တာမလို့နိုးလာတယ် သူနိုးတဲ့bunnyလေးကသတိမရသေးတာမလို့သတိမရသေးတဲ့bunnyလေးရဲ့နှဖူးလေးကိုmorning kissလေးပေးလိုက်တယ်

"ကိုကိုရဲ့မနက်ခင်းအနမ်းလေးကြောင့်bunnyလေးနာကျင်မှုကင်းစွာနဲ့နိုးထနိုင်ပါစေ ကိုကိုအရင်မျက်နှာသွားသစ်လိုက်အုံးမယ်နော်"

ရိပေါ်လည်းbunnyအိပ်စက်နေတဲ့ကုတင်ဘေးနားကထလာပြီးဘေးနားမှာရှိတဲ့က လေးတွန်းလှည်းလေးထဲကပူတူးလေးကိုတချက်ကြည့်လိုက်ပြီးမနိုးသေးတဲ့မလို့ဆေးရုံခန်းထဲကဘေစင်မှာမျက်နှာလေးသစ်ပါးလုပ်လေးကျင်းလိုက်တယ်

ဒါမဲ့သူမျက်နှာသစ်ပြီးထွက်လာတဲ့အချိန်တွန်းလှည်းလေးထဲကပူတူးလေးဆီကအသံလေးထွက်လာတယ်

"အဲ့ အဲ့ "

ရိပေါ်လည်းတွန်းလှည်းလေးထဲသူ့ရဲ့ပူတူးလေးကိုထုတ်လိုက်ပြီးပွေ့ချီကာ

"ဒယ်ဒီရဲ့ပူတူးလေးနိုးလာပြီလား morning ပါဗျာ ပူတူးလေးရဲ့ပါပါးကတော့ပူတူးလေးကိုမွေးပေးထားရလို့မနိုးသေးဘူး အဲ့တော့ဒယ်ဒီရဲ့ပူတူးလေးကလိမ်လိမ်မာမာလေးနေပြီးအရမ်းမငိုနဲ့နော် ပါပါးနိုးသွားမယ်"

ရိပေါ်လည်းပူတူးလေးနားမလည်သေးမှာသိပေမဲ့လည်းမမောနိုင်ပဲပြောပြနေလိုက်တယ် ဒါမဲ့ပူတူးလေးကတကယ်လည်းမငိုပါဘူးလေ သူ့ရဲ့လက်ချောင်းလေးကိုပူတူးလေးလက်ထဲထည့်ပေးလိုက်တော့ကလေးပီပီသူ့လက်ထဲရောက်လာတာလေးကိုဘယ်ရယ်မသိလက်သေးသေးလေးတွေနဲ့ဆုပ်ကိုင်လာတယ် ဒါကလည်းကလေးအများစုရဲ့အပြုအမူလေးတွေပဲလေ

Ko Ko, Please love me 🍀Waiting For U🍀Où les histoires vivent. Découvrez maintenant