ep4💜

2K 148 5
                                    

📔Sept9,2020📔

'ကိုကို'ကလေဒီနေ့စကိတ်စီးနေတာလေးကအရမ်းကြည့်ကောင်းနေတာပဲ ဒီနေ့ကြည့်ကောင်းနေလို့ကျန်တဲ့နေ့တွေကကြည့်မကောင်းတာမဟုတ်ဘူးနော်'ကိုကို'ကနေ့တိုင်းကိုကြည့်ကောင်းနေတာ ဒါမဲ့‌ဒီနေ့က'ကိုကို'ကြိုက်တဲ့အစိမ်းရောင်အားကစား၀တ်စုံလေးနဲ့ဆိုတော့ပိုပြီးကြည့်ကောင်းနေတာတော့အမှန်ပဲ 'ကိုကို'နဲ့ကျွန်တော်ကအရောင်ကြိုက်တာကတစ်ခြားဆီပဲနော် 'ကိုကို'ကအစိမ်းကြိုက်တယ်ဆိုရင်ကျွန်တော်ကအနီကြိုက်တယ် ဒီလိုအကြိုက်မတူလည်းကျွန်တော်'ကိုကို့'ကိုချစ်တယ် အကြိုက်ဆိုတာညှိယူလို့ရတာပဲကိုဟုတ်တယ်မလားအဟိ ကျွန်တော်ရူးနေပြီထင်တယ်နော်'ကိုကို' ရူးတယ်ဆိုလည်း'ကိုကို'ကိုချစ်လို့ယဉ်ယဉ်လေးရူးနေတဲ့အချစ်ရူးလေးရှောင်းကျန့်ပါ ချူးလီကတော့ပြောတယ် 'ကိုကို'ကိုကျွန်တော့်ရဲ့အချစ်တွေကိုဖွင့်ပြောပြကြည့်ပါလားတဲ့ ဘယ်လိုလို့ဖွင့်ပြောရက်မှာလဲ'ကိုကို'ရယ်'ကိုကို့'မှာချစ်ရတဲ့သူရှိတယ်လို့ကြေညာထားပြီးသားကိုကျွန်တော်ကဘယ်လိုစိတ်မျိုးနဲ့‌ဖွင့်ပြောပြီးနှောက်ယှက်ရက်ပါ့မလဲ 'ကိုကို'ရဲ့ချစ်ရသူနဲ့ပျော်နေတယ်ဆိုရင်ကျွန်တော့်ဘက်ကဖွင့်မပြောဘဲတိတ်တိတ်လေးချစ်သွားရလည်းပျော်တယ်'ကိုကို'
'ကိုကို'မျက်နှာလေးတစ်ချက်ညှိုးမှာတောင်ကျွန်တော်ကြောက်တယ် 'ကိုကို'ကျွန်တော့်ကြောင့်ဘယ်တော့မှ၀မ်းမနည်းစေရဘူး ခုတော့ညဉ့်နက်နေပြီမို့ကျွန်တော်အိပ်တော့မယ်နော် ဒီနေ့ရဲ့'ကိုကို့'အတွက်စာရေးခြင်းကဒီလောက်ပါပဲ ကျွန်တော်မပိုင်တဲ့'ကိုကို'အိမ်မက်လှလှမက်ပါစေနော်

📔🍀📔🍀📔🍀📔🍀📔🍀📔🍀📔

ရှောင်းကျန့်လည်းသူ့ရဲ့တ‌ေန့တာဒိုင်ယာရီရေးခြင်းအလုပ်လေးပြီးတော့ဒိုင်ယာရီစာအုပ်အနီလေးကိုသေချာပိတ်ကာအံဆွဲလေးထဲသေချာထည့်သိမ်းကာသူလည်း'ကိုကို့'ကိုအိမ်မက်ထဲထည့်မက်ပြီးအိပ်စက်ခြင်းဆီသို့💤💤

မနက်ခင်းနေရောင်ခြည်လေးကရိပေါ်ရဲ့အခန်းတံခါးလေးကနေတဆင့်လေတိုက်လို့လွင့်နေတဲ့အစိမ်းရောင်လိုက်ကာစလေးကိုဖြတ်ကာရိပေါ်ရဲ့မျက်နှာလေးပေါ်သို့တစတစကျရောက်လာတယ် နည်းနည်းလေးစီကျရောက်လာတဲ့နေအလင်းရောင်ကြောင့်ပဲရိပေါ်လည်းနိုးထလာတယ် ဒီနေ့သူအိပ်ရာထတာလန်းဆန်းနေတယ် ဘာလို့လဲဆိုတော့ဒီနေ့ကမားနဲ့ပါးတို့ရဲ့အဲ့နေရာလေးမှသွားစောင့်ခွင့်ရတဲ့အဖိုးတန်တနေ့တာလေး ဒါကြောင့်မနက်နိုးတည်းကလန်းဆန်းနေတာမဆန်းတော့ပါဘူးလေ

Ko Ko, Please love me 🍀Waiting For U🍀Where stories live. Discover now