ep32💜

1.1K 56 10
                                    

အိမ်ပြန်ရောက်တဲ့အခါမှာတော့

"ကိုကို"

"ဗျာ‌ဗျ"

"Bunnyလေကိုကိုပြုတ်တဲ့ခေါက်ဆွဲပြုတ်စားချင်တယ်"

"ဟမ်bunnyပဲကိုကိုပြုတ်တာစားမကောင်းလို့နောက်တခါပြုတ်မကျွေးပါနဲ့တော့ဆို"

"အွန်းဒါမဲ့လေခုကိုကိုပြုတ်တာကိုပဲစားချင်နေတယ် ပြုတ်ကျွေးပါနော် နော်လို့ကိုကိုလို့"

ရှောင်းကျန့်လည်းစားရဖို့အရေးပါပီeyeလေးတွေနဲ့လုပ်ပြနေတယ်

အဲ့လိုတွေချွဲပြီးချစ်ဖို့ကောင်းတာတွေလုပ်ပြနေတော့ဒီတိုင်းနေရင်တောင်ကြွေနေတဲ့ဒီကကိုကိုကကြွေပြီးရင်းကြွေရပြန်ပြီပေါ့

"ဟုတ်ပါပြီbunnyလေးရယ်ကိုကိုပြုတ်ကျွေးပါ့မယ် ပြီးမှမကောင်းဘူးမပြောနဲ့နော်"

"ဟုတ်ကိုကို"

"ကိုကိုပြုတ်နေတုန်းထမင်းစားခန်းထဲမှာထိုင်စောင့်နေမလား ဧည့်ခန်းမှာတီဗီကြည့်ရင်းစောင့်နေမလား"

"ထမင်းစားခန်းထဲကစောင့်မယ် ကိုကိုခေါက်ဆွဲပြုတ်နေတဲ့အခါဘယ်လောက်စတိုင်ကျလဲကြည့်ချင်လို့"

"Bunnyရယ်ကိုယ့်ယောင်္ကျားကိုဘယ်လောက်စတိုင်ကျလဲကြည့်ချင်နေတယ် ကိုကိုကစတိုင်ကျတာbunnyသိပါတယ်"

"အဟိဟုတ်ပါပြီစတိုင်ကျတဲ့ကိုကိုရယ်ဟောဒီကbunnyလေးကအဲ့စတိုင်ကျနေတာလေးပဲထပ်ကြည့်ချင်လို့ပါ‌ဗျ"

"အဲ့ဆိုလည်းဒီစတိုင်ကျတဲ့ကိုကိုကဟောဒီကအချွဲဗိုက်ပူလေးကိုကြည့်ခွင့်ပေးရမှာပေါ့"

"အဟိကိုကိုကလေbunnyပြောတဲ့အတိုင်းလိုက်လိုက်ပြောတာချစ်စရာလေး"

"ဟိတ်ဘယ်နှယ့်ချစ်စရာကောင်းရတာတုန်း"

"သိဘူးကွာbunnyကချစ်စရာကောင်းတယ်ဆိုရင်ချစ်စရာကောင်းလိုက်ကွာ"

"ဟုတ်ပါပြီဟုတ်ပါပြီဒီကိုကိုကချစ်စရာကောင်းတယ်ရပြီလား"

"အွန်းရပြီခေါက်ဆွဲသွားပြုတ်တော့ bunnyရဲ့ဗိုက်ထဲကပူတူးလေးကဒယ်ဒီရေဗိုက်ဆာနေပြီတဲ့မြန်မြန်လုပ်ပေးပါတော့တဲ့"

Ko Ko, Please love me 🍀Waiting For U🍀Where stories live. Discover now