ep30💜

1.4K 60 2
                                    

သူကသာကိုယ်၀န်ရတည်းကအိမ်မှာစားလိုက်အိပ်လိုက်လုပ်နေရတာ ကိုကိုကတော့နောက်ဆုံးနှစ်တက်နေရင်း၀မ်ပါးရဲ့ကုမ္ပဏီမှာလည်းနေရာတစ်နေရာရပြီးအောင်မြင်နေပြီ

အောင်မြင်ဆိုကိုကိုကဒုတိယနှစ်တည်းကအလုပ်စ၀င်ခဲ့တာမလို့ခုဆိုတစ်နှစ်ကျော်ရှိနေပြီမလို့အလုပ်နဲ့အကျွမ်းတ၀င်ဖြစ်သွားပြီးဒါရိုက်တာချုပ်ရာထူးတောင်ရနေပြီ bunnyရဲ့ကိုကိုကအဲ့လိုတော်တာပါဆို ကိုကိုကိုယ်တိုင်ကလည်းတော်ပြီးကြိုးစားတာမလို့ခုလိုတစ်နှစ်ကျော်ကျော်အတွင်းဒါရိုက်တာချုပ်ရာထူးကိုရအောင်လုပ်နိုင်ခြင်း

အခုအဲ့လိုချီးမွန်းခန်းဖွင့်နေဖို့အချိန်မရှိဘူး ညကကိုကို‌ပေါ့အလုပ်ညစာစားပွဲတက်ရတယ်ဆိုပြီးနောက်ကျမှအိပ်ရာ၀င်တာမလို့ခုချိန်ထိရုံးသွားဖို့မထသေး ကျောင်းကဒီနေ့ assignmentပဲတင်ရမှာမလို့ခဏပဲ၀င်တင်ပြီးအလုပ်တန်းသွားမယ်ဆိုတဲ့ကိုကိုခုထိမထနိုင်သေး ညကပင်ပန်းထားတယ်ဆိုတာသိပေမဲ့assignmentတင်ရမှာမလို့မထခိုင်းလို့မဖြစ်တော့

"ကိုကိုရေထတော့ ကိုကိုထတော့ဆို"

"ဟင် အာမထချင်သေးဘူးကွာကိုကိုထပ်အိပ်ချင်သေးတယ် ညကနောက်ကျမှအိပ်ရတာမလို့အိပ်ရေးမ၀သေးတာမလို့ပါ"

"ကိုကိုအိပ်ရေးမ၀တာသိပါတယ် ဒါမဲ့ကျောင်းမှာassignmentတင်ရအုံးမယ်ပြီးရင်ကုမ္ပဏီလည်းသွားရအုံးမယ်လေ ထပါကိုကိုကလိမ္မာပါတယ်နော် "

"ဒီတခါမလိမ္မာချင်တော့ဘူးကွာ နည်းနည်းလေးဆယ်မိနစ်လောက်ထပ်အိပ်အုံးမယ်လေ ဆယ်မိနစ်ပဲ ဆယ်မိနစ်ပြည့်ရင်လာနှိုးလေ"

"အိုက်ယားကိုကိုကတော့ဆယ်မိနစ်လည်းမရဘူး ငါးမိနစ်လည်းမရဘူးခုထပါဆို bunnyလည်းဗိုက်ဆာနေပြီဆို"

"Bunnyဗိုက်ဆာတာရင်ရင်ကိုလုပ်ခိုင်းလေးဘာလို့ကိုကို့လာနှိုးနေတာလဲငါးမိနစ်မရရင်နှစ်မိနစ်ပဲထပ်အိပ်မယ်"

"ကိုကိုကမထဘူးပေါ့လေ"

"မထဘူးနှစ်မိနစ်ပြည့်မှထမယ်"

"ရတယ်လေ bunnyမှာကိုကိုထဖို့နည်းတွေမှအများကြီးးး မွ မွ ကိုကိုရေထတော့ bunnyအားဆေးပေးလိုက်ပြီ"

Ko Ko, Please love me 🍀Waiting For U🍀Donde viven las historias. Descúbrelo ahora