ep25💜

1.5K 85 15
                                    

ရိပေါ်တို့ကအိမ်ပြန်ရောက်တော့ရှောင်းကျန့်ကကျင်းကော်လေးကိုနောက်ခန်းကနေခေါ်ပြီးအိမ်ထဲခေါ်သွားတယ်

"ကိုကိုကျင်း‌ကော်လေးကိုဘယ်မှာသိပ်မှာလဲ"

"Bunnyကြိုက်တဲ့နေရာမှာသိပ်လေ ကိုကိုတို့အခန်းထဲမှာသိပ်လည်းရတယ် ဒါမှမဟုတ်ဒီနေ့တနေ့တော့ဧည့်ခန်းထဲမှာသိပ်လည်းရတာပဲ"

"အွန်းအဲ့ဆိုဧည့်ခန်းထဲမှာပဲဒီနေ့တစ်နေ့သိပ်လိုက်မယ် ကျင်းကော်လေးလိမ္မာတာသိပါတယ်  တကယ်လို့အခန်းထဲမှာသိပ်လိုက်ရင်ညကိုကိုအိပ်တော့အနှောက်အယှက်ဖြစ်မှာဆိုးလို့"

"ရပါတယ်ဗျာ ကိုကိုအတွက်တွေးပေးတဲ့bunnyလေးကိုချစ်ရပြန်ပြီ ဒီညတော့ကျင်းကော်လေးကိုဧည့်ခန်းထဲမှာသိပ်လိုက်မယ် မနက်ဖြန်မှကျောင်းအပ်ရင်းနဲ့ကျင်းကော်အတွက်လိုတာ‌တွေ၀င်၀ယ်ကြတာပေါ့"

"ဟုတ်ကိုကို အဲ့ဆိုကိုကိုဗိုက်ဆာပြီလားပြင်လိုက်ရတော့မလား"

"ဘာလဲbunnyလေးဗိုက်ဆာနေပြီလား"

"ဟဲဟဲနည်းနည်းတော့ဆာနေပြီ"

"အဲ့ဆိုလည်းပြင်လိုက်ပါဗျာကိုကိုရဲ့bunnyလေးဘယ်ဗိုက်အဆာခံလို့ဖြစ်မလဲ"

"အဟိအဲ့ကြောင့်ကိုကို့ကိုချစ်တာ အဲ့ဆိုbunnyပြင်လိုက်တော့မယ်ကိုကိုခဏပဲစောင့်"

"ဟုတ်ကဲ့ပါဗျ ကိုကိုကျင်းကော်နဲ့ဆော့ရင်းစောင့်နေမယ်"

"အွန်းအွန်း"

ရှောင်းကျန့်လည်းကိုကို့ကိုချက်ကျွေးဖို့အတွက်မားဆီကသင်ထားတာလေးတွေကိုလက်စွမ်းပြဖို့အချိန်ရောက်လာပြီ စောင့်မနေရအောင်တက်နိုင်သမျှမြန်မြန်ပြင်ဆင်နေတယ် အရမ်းကြီးလည်းမများပါဘူးရိုးရိုးရှင်းရှင်းလေးနဲ့အရသာရှိရှိလေးစားလို့ရအောင်ပြင်ဆင်နေတယ်

ရိပေါ်ကတော့ဧည့်ခန်းထဲမှာကျင်းကော်လေးနဲ့ဆော့နေရင်းမီးဖိုချောင်ထဲမှာအလုပ်ရှုပ်နေတဲ့သူ့ရဲ့အိမ်ရှင်ထီးလေးbunnyကိုချောင်းချောင်းပြီးကြည့်ရတာအမော

သူ့ကိုချက်ကျွေးတာချင်တာတော့ဟုတ်ပါပြီချက်နေရင်းသူ့ရဲ့bunnyလေးဓားထိသွားမလားဆီပူလောင်သွားမလားစိတ်ပူနေရတယ်
သူ့ကိုစားစေချင်လို့ချက်ကျွေးမယ်ဆိုတဲ့စိတ်လေးကိုတော့အရမ်းချစ်ရပေမဲ့bunny လေးထိခိုက်မှာတော့နည်းနည်းလေးမှမလိုလား

Ko Ko, Please love me 🍀Waiting For U🍀Where stories live. Discover now