ep2💜

2.8K 191 12
                                    

"မား သားဒီမှာ"

ရှောင်းကျန့်လေးလည်းမားကိုပြေးဖက်လိုက်တယ်

"သားလေးရယ်မားစိတ်ပူလိုက်ရတာဘာလို့ကြာနေတာလဲသားလေးရဲ့ မှန်းသားလေးဘာဖြစ်လာသေးလဲ"

မာမားလည်းရှောင်းကျန့်လေးကိုရင်ခွင်ထဲကထုတ်လိုက်ပြီးနေရာအနှံ့လိုက်ကြည့်လိုက်တယ် မျက်နှာလည်းရောက်ရောရှောင်းကျန့်လေးမှာစောစောကအသားကုန်ငိုထားတာကြောင့်မျက်လုံးလေးတွေမို့နေပြီးပါးလေးကလည်းရဲလို့နှာသီးထိပ်လေးကလည်းရဲရဲလေးကိုဖြစ်လို့ ရှောင်းကျန့်လေးရဲ့ငိုထားတာကိုမြင်လိုက်ရတဲ့မားကအလွန်စိတ်ပူသွားကာ

"သားလေးငိုထားတာလား သားလေးကိုဘယ်သူဘာလုပ်လိုက်တာလဲပြောစမ်းမားကို"

"သားကိုဘယ်သူမှမလုပ်ပါဘူးမားရဲ့စွန်လေးကောက်ရင်ခွေးတွေ့လို့ကြောက်ပြီးငိုတာပါ မပူပါနဲ့သားဘာမှမဖြစ်ပါဘူးလူစွမ်းကောင်းကိုကိုကကူညီပေးပါတယ် ဒီမှာကြည့်ပါလားသားဘာမှကိုဖြစ်မလာဘူး"

ရှောင်းကျန့်လေးလည်းသူဘာမှဖြစ်မလာကြောင်းကိုယ်လုံးလေးကိုပတ်ပတ်လှည့်ပြလိုက်တယ်

"ရပါပြီသားရယ် မလှည့်ပါနဲ့တော့သားလေးမူးနေအုံးမယ် သားလေးဘာမှမဖြစ်ရင်ပဲရပါပြီဒါနဲ့သားစွန်လေးရောတွေ့ခဲ့လား"

"အယ်ဟုတ်သားပဲမားတို့အသံကြားလို့ပြေးလာရင်းကကိုကို့ရှေ့မှာကျန်ခဲ့တယ်ထင်တယ် ရပါတယ်ကိုကိုနဲ့နောက်မှတွေ့မှပဲပြန်တောင်းတော့မယ် မတောင်းရင်လည်းရပါတယ်လေကိုကို့ကိုအပိုင်ပေးလိုက်တော့မယ်"

"ဟဲ့ကျန့်ကျန့်နင့်ပစ္စည်းကိုဘယ်တုန်းကသူများပေးဘူးလို့လဲအထူးအဆန်းပါလား မှန်းစမ်းနင်နေမကောင်းဘူးလား"

ချူးလီလည်းပြောပြောဆိုဆိုနဲ့ရှောင်းကျန့်ရဲ့နှဖူးကိုသူ့လက်ကလေးနဲ့စမ်းကြည့်လိုက်တယ်

"ချူးလီကလည်းငါနေကောင်းပါတယ် နောက်ပြီးကိုကိုကငါ့အတွက်တော့တခြားသူတွေနဲ့မတူဘူး‌နွေးထွေးတယ်
ငါ့ကိုအပြည့်အ၀ကာကွယ်ပေးမဲ့သူရဲကောင်းကိုကို တခြားသူတွေနဲ့မတူပါဘူးအဲ့ကြောင့်ငါမြတ်နိုးတဲ့စွန်လေးကို'ကိုကို'ကိုပေးလည်းဘာမှဖြစ်ဘူး"

Ko Ko, Please love me 🍀Waiting For U🍀Where stories live. Discover now