ep34💜

962 44 2
                                    

ရိပေါ်တို့နှစ်ယောက်လည်းတနေ့လုံးအိမ်ထဲမှာနေပြီးအချစ်စကားလေးတွေပြောလိုက် TVကရို့မန့်ကားလေးတွေကြည့်လိုက်နဲ့ဗိုက်ပူလေးစားချင်တဲ့အသီးလေးတွေမုန့်လေးတွေခွံ့ကျွေးလိုက်နဲ့အိမ်ထောင်သက်တမ်း2နှစ်ပြည့်လေးကိုပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းနေတယ်

သာယာလှတဲ့ညရောက်တော့ဆောင်း၀င်လာပြီမလို့လေလေးတွေကလည်းအနည်းငယ်မျှအေးနေတယ် ဒါကြောင့်သူ့ရဲ့ချစ်ရသူလေးအအေးမပတ်စေဖို့ရာနွေးထွေးနေဖို့အနွေးထည်ကိုမထူမပါးလေး၀တ်ပေးထားတယ်

"ကိုကို၀ရန်တာမှာခဏလောက်ထိုင်ရအောင်"

"Bunnyကလည်း၀ရန်တာကလေတိုးတယ်လေအအေးပတ်မှာပေါ့လို့ ဆောင်းလည်းဝင်နေပြီမလို့လေအေးတွေတိုက်နေတယ်မထွက်ပါနဲ့လားအခန်းထဲမှာပဲနွေးနွေးထွေးထွေးနေရအောင်လေ"

"ရဘူးကိုကိုရာအပြင်မှာထိုင်ချင်တယ်လို့ စောစောကပြတင်းပေါက်ကကြည့်‌လိုက်တော့ကြယ်လေးတွေထွက်နေတာလှမှလှ ကြယ်လေးတွေကြည့်ချင်လို့ပါလို့ "

"Bunnyလေးရာမဆိုးနဲ့ bunnyလေးအအေးပတ်မှာစိုးရိမ်လို့ကိုကိုပြောနေတာပါကွာအပြင်မထွက်ချင်ပါနဲ့ bunnyပြောသလိုပြတင်းပေါက်နေပဲကြည့်လေအဲ့လိုလဲမြင်ရတာပဲကို"

"ကိုကိုကလည်းပြတင်းပေါက်နေလှမ်းကြည့်တော့ဘယ်လိုလို့အကုန်မြင်ရမှာလဲလို့၀ရန်တာကနေကြည့်မှကောင်းကင်တစ်ခုလုံးကကြယ်တွေအကုန်မြင်ရမှာကိုလုပ်ပါကိုကိုရာကြည့်ချင်လို့ဆို နော် နော်လို့ ကိုကိုလို့"

"ဒီတစ်ခါတော့မရဘူးbunnyလေးရာ နေ့ခင်းကလည်းပန်းခြံမှာထိုင်ချင်တယ်ဆိုလို့ခဏထိုင်ပေးတယ်လေအဲ့တုန်းကလည်းလေတိုးပြီးပြီ ဒီတခါပါလေတိုက်တာခံလိုက်ရင်bunnyဖျားလိမ့်မယ်ကိုကိုဒီတစ်ခါ‌ောတ့မလိုက်လျောနိုင်ဘူး"

"တကယ်အပြင်မှာမထိုင်ခိုင်းဘူးပေါ့လေ"

"မထိုင်ခိုင်းဘူးbunny ဒီတခါလုံး၀မရဘူး"

"ဟင့်..ရတယ်လေကိုကိုမထိုင်ခိုင်းလည်း ဟင့်.. "

ယောက်ကုတင်ပေါ်မှာထိုင်ပြီးပြောနေရင်းကနေရေချိုးခန်းထဲကိုမပြေးရုံတမယ်လေ၀င်သွားတယ် ပြီးတော့ရေချိုးခန်းတံခါးဂျက်ကိုlockချထားလိုက်တယ်

Ko Ko, Please love me 🍀Waiting For U🍀Onde histórias criam vida. Descubra agora