ep26💜

1.3K 74 21
                                    

မနက်ခင်းနေရောင်ခြည်လေးဟာသူတို့နှစ်ယောက်ရဲ့အချစ်အိမ်ပြတင်ပေါက်လေးကနေတစ်ဆင့်တိုး၀င်ကာရိပေါ်မျက်နှာလေးကိုအလင်းလေးလာထိုးနေတယ်

ဒါကြောင့်ပဲနေအလင်းရောင်အကူအညီနဲ့သာယာတဲ့မနက်ခင်းလေးမှာအရင်နိုးထလာခဲ့တယ် သူ့ရင်ခွင်ထဲကbunnyလေးကတော့ခုထိနိုးမလာသေး သူ့ဘက်ကိုလှည့်အိပ်ကာသူ့ရင်ခွင်ထဲမျက်နှာအပ်ပြီးအိပ်နေမှတော့နေအလင်းရောင်ကလည်းဘယ်ထိုးနိုင်ပါ့မလဲ အဲ့တော့မိုးလင်းလို့နေမြင့်နေတာတောင်သိမဲ့ပုံမပေါ် အကြာကြီးအိပ်နေရင်ခေါင်းကိုက်မှာဆိုးတာကြောင့်ရိပေါ်လည်းသူ့ရင်ခွင်ထဲ‌မှာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ bunny လေးကိုနှိုးဖို့ပြင်လိုက်တယ်

"Bunnyလေးရေ ကိုကိုရဲ့အချစ်အိတ်ပုတ်လေးရေ ထတော့နေမြင့်နေပြီကွာ"

"ဟင်ကိုကိုကလည်းစောကြီးရှိသေးတယ်မိုးတောင်မလင်းသေးဘူးမထချင်သေးပါဘူး  နေတောင်မထွက်သေးဘူးမလား ကိုကိုလည်းပြန်အိပ်လိုက်"

သူ့ရင်ခွင်ထဲတိုး၀င်ပြီးမျက်နှာကြီးအပ်ပြီးအိပ်နေမှတော့မှောင်နေမှာပေါ့ဘယ်မိုးလင်းအုံးမလဲ မျက်လုံးမဖွင့်ဘဲပြောချင်ရာပြောနေတဲ့bunnyပေါက်စ သူ့တောင်ပြန်အိပ်ခိုင်းဖို့အဖော်ညှိနေသေးတယ် အပြင်မှာမိုးလင်းနေရုံတင်မကဘူးနေတောင်ဖင်ထိုးတော့မယ်လို့သာပြောလိုက်ချင်တယ်bunnyရေ

အဲ့လိုပြောလိုက်မယ်ထင်နေကြတယ်မလား ပြောစရာလားငါ့bunnyလေးကို နင်တို့ဆိုရင်တော့တမျိုးပေါ့ ဒါကငါရွှေလိုဥထားရတဲ့အချစ်ဆုံးbunnyလေးလေ စကားမာမာမပြောနဲ့ဒီလိုရွဲ့တဲ့စကားဆိုတောင်ပြန်မပြောဘူးသိလား နင်တို့faလေးတွေမှတ်ထားလိုက်အိုခေ

နေလုံးကြီးကတောင်ပြောနေတယ် 'နင့်ကိုကိုရင်ခွင်ထဲမျက်နှာအပ်နေပြီးမျက်လုံးမဖွင့်ဘဲပြောနေမှတော့ငါထွက်လာပြီးအဲ့လောက်အလင်းပေးနေတာကိုဘယ်သိမှာလဲတဲ့ ငါတောင်ပြန်၀င်ပေးပြီးမှောင်ပေးရမလိုဖြစ်နေပြီတဲ့'

(နေမင်းကြီးတောင်စိတ်တိုပြီးပြန်၀င်မယ်လုပ်နေပြီ နင်တို့လင်လင်နှစ်‌ယောက်တော်တော်ဆိုး🙄)

Ko Ko, Please love me 🍀Waiting For U🍀Où les histoires vivent. Découvrez maintenant